ထိုင်းအက်စ်အမ်အီးထောက်ပံ့ရေးကို ၂၀၁၅ ခုနှစ်မှာ အဆင့်ခြောက်ဆင့်ဖြင့်ဆောင်ရွက်မည်

Wed, 12/17/2014 - 10:54 -- admin_ygn

   လာမယ့်နှစ်သစ်မှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကိုကူညီဖို့  ဘဏ္ဍာရေးဝန်ကြီးဌာနက အစီအမံခြောက်ခုကို ဝန်ကြီးအဖွဲ့သို့ ဒီဇင်ဘာ ၉ ရက်မှာ တင်ပြ ခဲ့ပါတယ်။
   အစီအမံခြောက်ခုကို အတည်ပြုမယ်ဆိုရင် ဇန်နဝါရီ ၁ ရက်ကစပြီး အတည်ဖြစ်မှာဖြစ်ကြောင်း သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
   ပထမအစီအမံက  နှစ်စဉ် အသားတင်ဝင်ငွေ ဘတ် ၃ သန်းမကျော်တဲ့ SME တွေအတွက် ၁၅ ရာခိုင်နှုန်း၊ ဒီဝင်ငွေထက်ပိုပြီး အသားတင်ဝင်ငွေရှိတဲ့ SME တွေအတွက် ၂၀ ရာခိုင်နှုန်း ဝင်ငွေခွန်ကိုလျှော့ချပေးမှာဖြစ်ပါတယ်။ လောလောဆယ်မှာ နှစ်စဉ်ဝင်ငွေ ဘတ် ၁ သန်းနဲ့အထက်ဝင်ငွေရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဝင်ငွေခွန် ၂၀ ရာ ခိုင်နှုန်း ကောက်ခံပြီး နှစ်စဉ်ဝင်ငွေဘတ်သုံးသန်းမကျော်တဲ့ စီးပွားရေး လုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်။
   ဒုတိယအစီအမံအရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဘတ်ဘီလီယံ ၅၀ ရှိတဲ့ လုပ်ငန်းမတည်ရန်ပုံငွေကိုထူထောင်ပြီး SME တွေနဲ့  ဖက်စပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဆောင် ရွက်မှာဖြစ်ပါတယ်။
   တတိယအစီအမံအရ ဝန်ကြီးဌာနက စီးပွားရေးလုပ်ငန်းတွေကို အသေးစားချေးငွေလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပေးပါတယ်။ ဒီအစီအစဉ်အရ တစ်နှစ်အတိုးနှုန်း ၃၆ ရာ ခိုင်နှုန်းထက်မကျော်စေဘဲ လူပုဂ္ဂိုလ်တွေကို  ဘတ် ၁၂၀၀၀၀ ထက်မပိုတဲ့  ချေးငွေတွေထုတ်ချေးဖို့ဖြစ်ပါတယ်။ အတိုးနှုန်း တစ်လကို ၂၀ ရာခိုင်နှုန်းသို့မဟုတ်တစ်နှစ် ၆၀ ရာခိုင်နှုန်းယူနေတဲ့ အတိုးကြီးစားတွေရဲ့နေရာမှာ အစားထိုးဆောင်ရွက်ပေးမဲ့သဘောဖြစ်ပါတယ်။
   စတုတ္ထအစီအမံက အမျိုးသား ငွေစုဆောင်း မှုရန်ပုံငွေ (National Saving Fund) မှာအဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ဖြစ်ပါတယ်။
  ပဉ္စမအစီအမံအရ ပြည်သူ့ကြွေးမီစီမံခန့်ခွဲမှုရုံးက အသေးစားစီးပွားရေးလုပ်ဆောင်နေသူတွေအတွက် အတိုးနှုန်းမြင့်မားတဲ့ ဘတ်ဘီလီယံ ၁၀၀ ရှိ စုဆောင်းငွေဘွန်း စာချုပ်တွေထုတ်ပေး မှာဖြစ်ပါတယ်။ အထူးသဖြင့်အသက်အရွယ်ကြီးသူတွေကို ပထမဦးစားပေးပါတယ်။ နောက်ဆုံးအစီအမံက နိုင်ငံတော် ဘဏ်တွေကတင်သွင်းတဲ့အစီ အစဉ်တွေဖြစ်ပါတယ်။

ဉာဏ်တင်

 

International Trade News

Pages