ထိုင်းနိုင်ငံကိုအာဆီယံရဲ့ ကုန်သွယ်မှု အချက်အချာဌာနချုပ်အဖြစ်ထားရှိရန်ရည်ရွယ်

Wed, 12/17/2014 - 10:37 -- admin_ygn

   ထိုင်းနိုင်ငံကို ဒေသတွင်း  လုပ်ငန်းဆောင်ရွက်ရေးဌာနချုပ်  (ROH) တွေ ဖြစ်လာစေဖို့နဲ့ အပြည်ပြည်ဆိုင်ရာဝယ်ယူဖြည့်တင်းရေးစင်တာ (IPC) ဖြစ်လာစေဖို့အတွက် ၁၀ နှစ်ကျော်ခန့်  ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ROH  သို့မဟုတ် IPC တွေကို ဆောင်ရွက်တဲ့ ကုမ္ပဏီက  ၃၀၀ မရှိ တရှိလောက်သာရှိပါတယ်။
   မကြာသေးမီက   ထိုင်းနိုင်ငံကို အာဆီယံစီးပွားရေးအသိုက်အဝန်းရဲ့ ဝန်ဆောင်မှုမျှဝေရေးအချက်အချာအဖြစ် ဆောင်ရွက်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားရေးကိစ္စ ကို ဝန်ကြီးအဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ အေအီးစီကို ထူထောင်လိုက်မယ်ဆိုရင် အာဆီယံအဖွဲ့ဝင်များထံကနဲ့  ဒေသတွင်းပြင်ပထံကနေ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆောင်ရွက်လာလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဖြန့်ဖြူးရေးကွင်းဆက်စီမံခန့်ခွဲမှု (Supply-Chain Management)  ထူးထူးခြားခြားတိုးတက်လာမှာဖြစ်တဲ့အတွက် ကုန်ကျ စရိတ်သက်သာပြီး စီမံခန့်ခွဲမှုတွေကို ပိုမိုထိရောက်လာ ဖို့အတွက် အလားအလာတွေရှိနေပါတယ်။
   အစိုးရက ထိုင်းနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံးတွေ (IHQs) တွေနဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုစင်တာတွေ  (ITCs) တိုးမြှင့်ထူထောင်နိုင်ဖို့အတွက် အရည် အချင်းပြည့်မီတဲ့ လျှောက်လွှာရှင်တွေကို အခွန်ခံစားခွင့်ရော၊ အခွန်မဟုတ်တဲ့ ခံစားခွင့်ပါပေးပြီးတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
   ယခုအစီအမံအရ   ထိုင်းနိုင်ငံကို  အပြည်ပြည်ဆိုင်ရာကုမ္ပဏီတွေက ဗဟိုအချက်အချာဒေသအဖြစ်ဆောင်ရွက်လာဖို့အတွက်ဒေသတွင်းလုပ်ငန်း ဗဟိုဌာနချုပ်နဲ့ အပြည်ပြည် ဆိုင်ရာဝယ်ယူဖြည့်တင်းရေးစင်တာထူထောင်ခွင့်ပေးတာထက် အခွန်နဲ့ အခွန်မဟုတ်တဲ့ ဆွဲဆောင်မှုတွေပေးတာက ပိုမိုဆွဲဆောင်မှုရှိလိမ့်မယ်လို့ နားလည်လက်ခံထားကြပါ တယ်။
   ROH အစီအစဉ်အရ ကော်ပိုရေးရှင်းစီမံခန့်ခွဲမှုလုပ်ငန်းနဲ့ နည်းပညာထောက်ပံ့မှုပေးတဲ့အပြင် IHQ  အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကိုလည်းဆောင်ရွက် ခွင့်ရမှာဖြစ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages