တောင်ကိုရီးယားသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဝင်ရောက်မှုစံချိန်တင်မြင့်တက်

Mon, 10/29/2018 - 09:26 -- admin_ygn

      တောင်ကိုရီးယားနိုင်ငံ၏  အလားအလာရှိ သော ကဏ္ဍများဖြစ်သည့် အဆင့်မြင့် နည်းပညာ အသုံးပြု စက်မှုလုပ်ငန်းများနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင် စားမှု မြင့်တက်လာသောကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလထိ တောင်ကိုရီး ယားသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုအခြေအနေသည် စံချိန်တင်မြင့် တက်ခဲ့ကြောင်း သိရှိရပါသည်။တောင်ကိုရီးယားနိုင်ငံရှိ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တောင်ကိုရီးယားသ (FDI) ဝင်ရောက်မှု သည် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂၀ ဘီလီယံ ထိရှိခဲ့ကြောင်း၊ ယင်းတန်ဖိုး သည် ၂၀၁၇ ခုနှစ် အလားတူကာ လထက် ၄၁ ဒသမ ၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ခြင်းဖြစ်ပါကြောင်း သိရှိရပါ သည်။ထိုကာလအတွင်း နိုင်ငံခြား ကုမ္ပဏီများက အမှန်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၇၀ ဘီလီယံသို့ ရောက်ရှိခဲ့ သည့်အတွက် ယခင်နှစ်ထက် ၃၁ ဒသမ ၉ ရာခိုင် နှုန်းတိုးတက်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောကြား ခဲ့ပါသည်။
   ၂၀၁၈ ခုနှစ် ပထမ (၉) လအတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ (FDI) ဝင်ရောက် မှုသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၃ ဘီလီယံ အထိရှိကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၆၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်  တက်ခဲ့ေ ကြာင်း၊ အများစု မှာ ရှယ်ယာထည့်ဝင် ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းများ ပူးပေါင်းခြင်းနှင့် လုပ်ငန်းများကို ဝယ်ယူခြင်း စသည့်ပုံစံများဖြင့် ရင်းနှီးမြှုပ်နှံလာခြင်း ဖြစ် ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ကုမ္ပဏီများသည် အဆိုပါ ကာလအတွင်း အဆင့်မြင့်နည်းပညာ အသုံးပြု လုပ်ငန်းများနှင့် နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ခြင်း၊ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ် လျက်ရှိပြီး အမေရိကန် ဒေါ်လာ ၄ ဒသမ ၀၉ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်းနှင့် ယခင်နှစ် ထက် ၄၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံခဲ့ ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည်  တောင်ကိုရီးယား၏ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို အရှိန် အဟုန် ဖြင့် ဦးဆောင် ရင်းနှီးမြှုပ်နှံလာခဲ့ကြောင်း နှင့် သမိုင်းတစ်လျှောက် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်သည့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၉ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားကြောင်း၊ အဆိုပါ ပမာဏသည် ယခင်နှစ်အတွင်း ရင်းနှီး မြှုပ်နှံမှုပမာဏထက် ၂၉၂ ရာခိုင်နှုန်းထိ မြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။
ကဏ္ဍအလိုက် ၤှီု ဝင်ရောက်မှု အခြေ အနေမှာ ထုတ်လုပ်မှုကဏ္ဍသည် အမေရိကန် ဒေါ်လာ ၈ ဒသမ ၃၈ ဘီလီယံထိ ဆွဲဆောင်နိုင်ခဲ့ ကြောင်း၊ လုပ်ငန်းများသည် ၎င်းင်းတို့၏ထုတ်လုပ် မှုကုန်ကျစရိတ် လျော့နည်းသက်သာစေရေးအတွက် ကုန်စည်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးမှ လုပ်ငန်းစဉ်တချို့ကို စရိတ်လျော့နည်းသက်သာ သည့် အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများကြောင့် ဖြစ်ပါကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းကိရိယာများနှင့် ဇီဝဆိုင်ရာလုပ်ငန်း များတွင် ဖက်စပ်လုပ်ငန်း ဆောင်ရွက်လုပ်ကိုင် ကြခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
န-ဃသာာနမခန ၊ အချက်အလက် သိုလှောင်မှု ကွန်ရက်အသုံးပြုခြင်း၊ မိုဘိုင်းအသုံးပြုမူဘောင် စနစ်၊ နည်းပညာအသုံးပြုငွေရေးကြေးရေးလုပ် ငန်းကဏ္ဍ စသည့် အလားအလာရှိသည့် ဝန် ဆောင်မှုနယ်ပယ်များတွင် ရင်းနှီး မြှုပ်နှံလာကြ သည့်အတွက် တောင် ကိုရီးယား၏ ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍသည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၄ ဘီလီယံဆွဲဆောင်နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။             
      မြတ်သန္တာနွယ်(ယှဉ်ပြိုင်မှု)

International Trade News

Pages