ဆန်အပေါင်ခံအစီအစဉ်မှ ဆုံးရှုံးမှုကာမိစေဖို့ ထိုင်းအစိုးရက ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိငွေချေးစာချုပ်များထုတ်ရောင်း

Fri, 12/12/2014 - 15:13 -- admin_ygn

   ထိုင်းအစိုးရအဆက်ဆက်ဆောင်ရွက်ခဲ့တဲ့ ဆန်အပေါင်ခံအစီအစဉ်တွေကြောင့် စုပုံလာခဲ့တဲ့အကြွေးများပြန်လည်ပေးချေနိုင်ဖို့မှာ အထောက်အကူဖြစ်စေရေးအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများကို ထိုင်းဘတ် ၅၀  ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ) တန်ဖိုးရှိတဲ့ ငွေချေးစာချုပ်များထုတ်ပေးထားကြောင်း ပြည်တွင်းသတင်းဌာနများမှ သိရပါတယ်။ အစိုးရက နိုဝင်ဘာလ ၂၆ ရက်မှာ ငွေချေးစာချုပ်များကို စိုက်ပျိုးရေးနဲ့ စိုက်ပျိုး ရေးသမဝါယမဘဏ် (BAAC)မှတစ်ဆင့် ငွေများလဲလှယ်ပေးခဲ့တယ်လို့သိပါတယ်။   အစိုးရအနေနဲ့ ဆန်အကြွေးများရှင်းလင်းခြင်းကို စောနိုင်သမျှ စောစောရှင်းလင်းဖို့ ဆုံးဖြတ်ထားတယ်လို့လည်း   ဘဏ္ဍာရေး ဝန်ကြီးက ထုတ်ဖော်ပြောကြားပါတယ်။
   ယခုငွေချေးစာချုပ်ကိစ္စရပ်ကို  ဘဏ်မဟုတ်တဲ့အဖွဲ့ အစည်းအများစုက လက်ခံရရှိထားကြပြီဖြစ်ကြောင်းလည်း ၎င်းက ထပ်ဆင့်ပြောကြားတယ်လို့ သိရပါတယ်။ BAAC က ထုတ်ပေးတဲ့စာချုပ်များကို အစိုးရကအပြည့်အဝအာမခံထားကြောင်းနဲ့ ချေးငွေကို အစုရှယ်ယာနှစ်စုခွဲပြီး ထုတ်ပေးမယ်လို့သိရပါတယ်။ ပထမရှယ်ယာကို အဓိကကာလ သုံးနှစ်နှင့် ဆယ်လကို အတိုးနှုန်း တစ်နှစ် ၂ ဒသမ ၇၅ ရာခိုင်နှုန်းနဲ့ ဘတ် ၄၂ ဘီလီယံ(ကန်ဒေါ်လာ ၁ ဒဿ    မ  ၂၈ ဘီလီယံ) ဖိုး ထုတ်ပေးသွားမှာဖြစ်ပြီး ဒုတိယရှယ်ယာကို အဓိက ၇ နှစ် အတွက် တစ်နှစ်လျှင် အတိုးနှုန်း ၃ ဒဿ     မ ၀၁ ရာခိုင်နှုန်းနဲ့ ထိုင်းဘတ် ၈ ဘီလီယံ (ကန်ဒေါ်လာ ၂၄၄ သန်း) ဖိုး ထုတ်ပေးမှာဖြစ်ကြောင်းသိရပါတယ်။
  လက်ရှိငွေချေးစာချုပ်ကိစ္စဟာ အစိုးရပိုင်အဖွဲ့အစည်းတစ်ခုကနေ ထုတ်ပေးတဲ့ အကြီးဆုံးငွေချေးစာချုပ်ဖြစ်ကြောင်း ပြည်သူအကြွေးစီမံခန့်ခွဲမှုရုံး ညွှန်ကြားရေးမှူးချုပ် က ပြည်တွင်းသတင်းဌာနများကိုပြောကြားကြောင်းသိရပါတယ်။ ၂၀၀၄ ခုနှစ်ကနေ စပါးရိတ်သိမ်း ၁၅ ရာသီမှာဆောင်ရွက်ခဲ့တဲ့ စပါးအပေါင်ခံအစီအစဉ် ၁၁ ခုကနေ အစိုးရ အနေနဲ့ ထိုင်းဘတ် ၆၈၀ဘီလီယံဝန်းကျင် (ကန်ဒေါ်လာ ၂၁ ဘီလီယံ) ဆုံးရှုံးခဲ့ရကြောင်း ဘဏ္ဍာရေးအမြဲတမ်းအတွင်းဝန်မှ ယခုလအစပိုင်းမှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီဆုံးရှုံးမှုဟာ ယင်လပ်အစိုးရလက်ထက်မှာ စတင်ခဲ့တဲ့စပါးအပေါင်ခံ အစီအစဉ်ကနေဆုံးရှုံးမှုတန်ဖိုးက ဆန်စပါးထောက်ပံ့မှုအစီအစဉ်ကနေ ဆုံးရှုံးခဲ့တဲ့ စုစုပေါင်းရဲ့ ၈၂ ရာခိုင်နှုန်းအထိရှိတယ်လို့လည်းဆိုပါတယ်။
   အမျိုးသားအဂတိတိုက်ဖျက်ရေးကော်မရှင် (NACC) မှလည်း ဆန်အပေါင်ခံအစီအစဉ်မှာ အဂတိလိုက်စားမှုအဆင့်ကို စုံစမ်းနေတယ်လို့သိရပါတယ်။ အဲဒီကိစ္စဟာ အငြင်း ပွားခဲ့တဲ့ ဆန်အပေါင်ခံအစီအစဉ်မှာ တလွဲဆောင်ရွက်မှုကို သတိပေးဆန့်ကျင်ခဲ့ခြင်းအပေါ် အရင်ဝန်ကြီးချုပ်က လျစ်လျူရှုခဲ့တာကြောင့် အခုလိုကြီးထွားလာခြင်းဖြစ်တယ်လို့ လည်းသုံးသပ်ကြပါတယ်။

လမင်း

International Trade News

Pages