စင်ကာပူနိုင်ငံ၌ မြန်မာအိမ်ခြံမြေအရောင်းပြပွဲကျင်းပ

Wed, 11/04/2015 - 09:40 -- admin_ygn

မြန်မာနိုင်ငံရှိအိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းတစ်ခုဖြစ်သောiMy-anmarHouse.com ၏စီစဉ်မှုဖြငMyanmar's Biggest Property Expo အိမ်ခြံမြေအရောင်းပြပွဲကို စင်ကာပူ နိုင်င Grand Park City Hall Hotel  ၌၂၀၁၅ ခုနှစ် အောက်တို ဘာလ ၂၄ ရက်မှ ၂၅ ရက် နေ့အထိ ကျင်းပခဲ့ပါ သည်။အဆိုပါအိမ်ခြံမြေအရောင်းပြ ပွဲ၌ မြန်မာနိုင်ငံရှိရိုးမ၊ စွယ်တော်စီးတီး Global Green, Golden City, KHG  စသည့်ကုမ္ပဏီများအပါအဝင် အိမ်ရာ တည်ဆောက်ရေးလုပ်ငန်း ၁၀ ခုမှ ရန်ကုန်မြို့နှင့် အနီးပတ်ဝန်းကျင်၌ တည် ဆောက်မည့်စုပေါင်း ကွန်ဒို အိမ်ရာ များ၊ တိုက်ခန်းများ၊ လုံးချင်းနေအိမ်များအားအရစ်ကျငွေချေသည့် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချရာစင်ကာပူနိုင်ငံရောက် မြန်မာ နိုင်ငံသားအများအပြား လာရောက် ကြည့်ရှုဝယ်ယူခဲ့ကြပါသည်။ ကွန်ဒိုအိမ် ခန်းများအား တစ်နှစ်၊ သုံးနှစ်၊ ခြောက်နှစ်၊ ၁၀ နှစ် စသည်ဖြင့် ငွေပေးချေရမည့် ကာလများ သတ်မှတ်၍ ရောင်းချရာတွင် အိမ်ခန်း တည်နေရာ၊ အထပ်အမြင့်နှင့်အကျယ်အဝန်းပေါ်မူတည်၍ အိမ်ခန်း တစ်ခန်း၏တန်ဖိုးမှာ အမေရိကန် ဒေါ်လာကိုးသောင်းခန့်မှ လေးသိန်းခွဲခန့် အထိရှိ ကြောင်းသိရှိရပါသည်။ ဥပမာ အားဖြင့် ကမာရွတ်မြို့နယ်အတွင်း ၅၆၀ စတုရန်းပေရှိသည့် အိပ်ခန်းတစ်ခန်းပါ ကွန်ဒိုအိမ်ခန်းအား သုံးနှစ် အရစ်ကျ ငွေချေ စနစ်ဖြင့်ဝယ်ယူပါကအမေရိကန်  ဒေါ်လာ ၈၈၅၀၀ ခန့်ကျ သင့်ပြီး ငါးနှစ် ငွေချေစနစ်ဖြစ်လျှင် ဒေါ်လာ၉၆၀၀၀ ခန့်ကျသင့်မည်ဖြစ်ပါသည်။အလားတူ ၃၂၅၂ စတုရန်းပေရှိသောအိပ်ခန်းငါးခန်းပါ ကွန်ဒိုအိမ်ခန်း မှာ သုံးနှစ်ငွေချေ စနစ်တွင် အမေရိ ကန် ဒေါ်လာ၄၀၆၅၀၀ နှင့် ငါးနှစ်ငွေချေစနစ်၌ အမေရိကန် ဒေါ်လာ ၄၄၂၀၀၀ ကျော် အထိဈေးနှုန်း များရှိကြောင်းလေ့လာတွေ့ရှိရပါသည်။စင်ကာပူနိုင်ငံ  ၌   နှစ်ရက်တာ ကျင်းပ သည့် မြန်မာအိမ်ခြံမြေ အရောင်း ပြပွဲသို့   လာရောက်ရန်   အင်တာနက် အွန်လိုင်းမှ    စာရင်းပေးသွင်းထားသူ ၃၀၀၀ ဦးခန့်ရှိပြီး    ပြည်ပ   နိုင်ငံသား များကလည်း လာရောက်လေ့ လာ ခဲ့ကြ ပါသည်။ ရန်ကုန်မြို့ရှိကွန်ဒိုအိမ်ခန်း များကိုဝယ်ယူရန် နိုင်ငံခြား သားများ၏ စိတ်ပါဝင်စားမှုမြင့်တက်လျက်ရှိသော်လည်း လက်ရှိကာလတွင် ကွန်ဒိုအိမ်ရာ ဥပဒေမှာ မူကြမ်းအဆင့် ၌သာရှိသေး သဖြင့်ခြောက်ထပ်နှင့် အထက်တွင်ရှိ သောအိမ်ခန်းယူနစ်များ အား၎င်းင်း တို့ထံသို့ရောင်းချပေးနိုင်ရန် စီစဉ်ထား ရှိကြောင်းဖြင့် ပြပွဲတွင် ခင်းကျင်းပြသသည့် ကုမ္ပဏီတစ်ခုမှ ပြောဆိုပါသည်။ ကုမ္ပဏီအများစုမှ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချသည့် စုပေါင်း အိမ်ရာများမှာ ၂၀၁၈ ခုနှစ်ကုန်ပိုင်း တွင်ပြီးစီးရန် ခန့်မှန်းရပါသည်။ ယခု ပြပွဲ၌ အိမ်ရာ ဆောက် လုပ်ရေး ကုမ္ပဏီများအနေဖြင့် ကွန်ဒိုအိမ်ခန်းများအပြင် တည်ဆောက် ပြီးနှင့်တည်ဆောက်ဆဲ လူနေတိုက်ခန်း များအားလက်ငင်းငွေချေစနစ်ဖြင့် လည်းကောင်း၊ အရစ်ကျငွေချေ စနစ် ဖြင့် လည်းကောင်း ပြသရောင်းချခဲ့ ကြောင်းသိရှိရပါသည်။

နေအေးလွင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့