ကိုရီးယား ငွေကြေးလုပ်ငန်းကဏ္ဍရှိ စားသုံးသူအကာအကွယ်ပေးရေးအေဂျင်စီထူထောင်မည်

Tue, 12/23/2014 - 09:45 -- admin_ygn

   ကိုရီးယား ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍရှိ စားသုံးသူများအကာအကွယ်ပေးရေးအတွက် ကိုရီးယားအစိုးရအေဂျင်စီတစ်ခုကို နောင်နှစ်တွင် စတင်ထူထောင် သွားမည်ဖြစ်ကြောင်း ကိုရီးယားငွေရေးကြေးရေးလုပ်ငန်းများအာဏာပိုင်က ဒီဇင်ဘာလ ၁၁ ရက်နေ့ကထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းအစီအစဉ်အနေဖြင့် ကိုရီးယားအစိုးရ ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍကို ကြပ်မတ်ကွပ်ကဲမှုပိုမိုပီပြင်လာစေရန်နှင့် ယင်းကဏ္ဍရှိ စားသုံးသူများကို ပိုမိုအကာအကွယ်ပြုနိုင်ရန်ရည်ရွယ်သည်။
   ငွေကြေးလုပ်ငန်းတွင် စားသုံးသူအကာအကွယ်ပေးရေးအေဂျင်စီသည် financial products များကိုရောင်းချခြင်း၊ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်ခြင်းများအတွက် လို အပ်သော နည်းဥပဒေများကို ပြဋ္ဌာန်းသွားမည်ဟု ကိုရီးယားငွေကြေးအာဏာပိုင် FSC က ပြောဆိုသည်။ လက်ရှိဥပဒေအရ FSS သည် ငွေကြေးအဖွဲ့အစည်းများကို စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်နေသော်လည်း စားသုံးသူအကာအကွယ်ပေးမှုအပိုင်းကို အဓိကလုပ်ငန်းအဖြစ် လုပ်ဆောင်နေရသည်။ လက်ရှိကမ္ဘာ့နိုင်ငံအသီး သီးတွင် ငွေကြေးဈေးကွက်သည် ပိုမိုရှုပ်ထွေးလာသဖြင့် စားသုံးသူများကိုအကာအကွယ်ပိုပေးရန်လိုအပ်လာလျက်ရှိသည်။ ကိုရီးယားအစိုးရသည် ဘဏ္ဍာရေးနှင့်ငွေကြေးဈေး ကွက်တွင် စားသုံးသူများ၏ ယုံကြည်မှုရရန် စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်သည်။
   စားသုံးသူအကာအကွယ်ပေးရေး အေဂျင်စီသည် ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများကိုလည်း ကြပ်မတ်စစ်ဆေးသွားမည်ဖြစ်ပြီး၊ စားသုံးသူ များ၏ တိုင်ကြားချက်များအပေါ်မူတည်၍ ငွေကြေးအဖွဲ့အစည်းများအပေါ် သုံးသပ်ချက်များပြုလုပ်၍ ဥပဒေကြောင်းအရဆောင်ရွက်သွားမည်ဖြစ်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages