ကမ္ဘောဒီးယားနိုင်ငံမှ စပယ်မွှေးဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို သုံးနှစ်ဆက်တိုက်ဆွတ်ခူးနိုင်၍ ပြည်ပတင်ပို့ရန် အခွင့်အလမ်းပိုမိုမြင့်မား

Mon, 12/15/2014 - 12:57 -- admin_ygn

   World Rice Conference တွင် ကမ္ဘောဒီးယားနိုင်ငံမှစပယ်မွှေးဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် သုံးနှစ်ဆက်တိုက် ဆုချီးမြှင့်ခြင်းခံရသဖြင့် ဆန်တင်ပို့သူများ အနေဖြင့် ယုံကြည်မှုမြင့်မားလာပြီး ၂၀၁၅ ခုနှစ်တွင် ဆန်တန်ချိန် ၁သန်းကျော်တင်ပို့နိုင်မည်ဟုခန့်မှန်းကြသည်။ ကမ္ဘောဒီးယားနိုင်ငံမှ ဆန်ထွက်ရှိမှုသည် ကမ္ဘာ့ဆန်စိုက်ပျိုးထုတ် လုပ်မှု၏ တစ်ရာခိုင်နှုန်းခန့်သာဖြစ်သော် လည်း ၎င်းတို့၏ စပယ်ဆန်မွှေးသည် နိုင်ငံအတော်များများတွင် လူသိများကျော်ကြားလျက်ရှိသည်။
   ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ဆန်တန်ချိန် တစ်သန်းခန့်တင်ပို့ပြီး ၂၀၁၃ ခုနှစ်တွင် ဆန် တန်ချိန် ၁ ဒသမ ၀၇၅ သန်းတင်ပို့သဖြင့် ယခုနှစ်တွင် ၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း အမေရိကန်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနကခန့်မှန်းချက်ထုတ်ပြန်ခဲ့သည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဝါရှင်တန်မြို့

International Trade News

Pages