Re-export နဲ့ဘယ်လိုကုန်သွယ်ကြမလဲ

Thu, 08/18/2016 - 08:40 -- admin_ygn

       ပထမအကြိမ်တင်သွင်းတင်ပို့ပြီး ဒုတိယအကြိမ်တင်သွင်းရန် လျှောက်ထားပါက တင်ပို့ခဲ့တဲ့ ED/ID ကားစာရင်း၊ တစ်လအတွင်း ငွေ ပြန်လည်ဝင်ရောက်မယ်ဆိုတဲ့ ဝန်ခံကတိနဲ့အတူ ပင်လယ်ရေ ကြောင်းကနေ တင်သွင်း ပါက အများဆုံးတန် ၂၀၀၀၊ နယ်စပ်မှ တင် သွင်းပါက အများဆုံးတန် ၁၀၀၀ ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမယ့် သကြားကို Re-export စနစ်နဲ့တင်သွင်းရာမှာ ခွင့်ပြုထားတဲ့တန်ချိန်ထက် ပိုမိုတင်သွင်း လိုတယ်ဆိုရင်တော့ ဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီရဲ့ စိစစ်ခွင့်ပြုချက်နဲ့ ပင်လယ်ရေကြောင်းကနေ အများဆုံး တန်ချိန် ၅၀၀၀၊ နယ်စပ်မှ အများဆုံး တန်ချိန် ၂၀၀၀ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ အလားတူပဲ တတိယအကြိမ် တင်သွင်း၊ တင်ပို့ခြင်းပြုလုပ်ဖို့ ထပ်မံလျှောက်ထားမယ်ဆိုရင်လည်း ဒုတိယအကြိမ် တင်သွင်းစဉ်က ED/ID ကားစာရင်း၊ ပထမအကြိမ်တင်ပို့သည့်တန်ချိန်အတွက် နိုင်ငံခြားဘဏ်များမှ မြန်မာနိုင်ငံရှိ ဘဏ်များသို့ ငွေပြန်လည်ဝင် ရောက်ကြောင်း အထောက် အထား၊ ဒုတိယတင်ပို့ခဲ့တဲ့ တန်ချိန် အတွက် တစ်လအတွင်း ငွေပြန်လည်ဝင်ရောက်မယ်ဆိုတဲ့ဝန်ခံချက် တွေကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ တတိယ အကြိမ် တင်သွင်းတင်ပို့ခွင့်ပြုရာမှာတော့ ပင်လယ်ရေကြောင်းကနေ တင် သွင်းမယ်ဆိုရင် အများဆုံး တန်ချိန် ၂၀၀၀၊ နယ်စပ်မှတင်သွင်းမယ် ဆိုရင် အများဆုံးတန်ချိန် ၁၀၀၀ တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။ ပိုမိုလျှောက် ထားလို တယ်ဆိုရင်လည်းဒုတိယအကြိမ် လျှောက်ထားစဉ်က ခွင့်ပြုခဲ့တဲ့တန်ချိန် အတိုင်း တင်ပို့တင်သွင်းခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

Re-export လိုင်စင်သက်တမ်း
      Re-export စနစ်နဲ့ သတ်မှတ်ကုန်ပစ္စည်းများကို တင်ပို့တင်သွင်းခွင့်ပြုရာမှာ မူလလိုင်စင်သက်တမ်းကို သုံးလခွင့်ပြုထားပြီး ပထမအကြိမ် သက်တမ်းတိုးခြင်းကို တစ်လခွင့်ပြုထားသလို ဒုတိယ အကြိမ် သက်တမ်းတိုးခြင်း ကိုလည်း တစ်လခွင့်ပြုထားပါတယ်။ ဒါပေမယ့် အစားအသောက်နဲ့ ဆေးဝါးများ တင်သွင်းခွင့်အတွက် လျှောက်ထားလာတဲ့လိုင်စင်များကိုတော့ သက်တမ်းတိုးခွင့် မပြုပါဘူး။ Re-export စနစ်နဲ့ သတ်မှတ်ကုန်ပစ္စည်းများအား တင်ပို့တင်သွင်းခွင့်ပြုရာမှာ ခွင့်ပြုထားတဲ့သက်တမ်းအတွင်း လုပ်ငန်းဆောင် ရွက်နိုင်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကိုတော့ လိုင်စင်သက်တမ်း တိုးခွင့်မပြုဘဲ သက်တမ်းကုန်သွားတဲ့ လိုင်စင်ကို ပြန်လည်အပ်နှံရမှာဖြစ်ပါတယ်။

Re-export စနစ်နဲ့ စက်သုံးဆီ တင်သွင်းရာမှာ လိုက်နာရမယ့် စည်းကမ်းများ
     Re-export စနစ်နဲ့ ကုန်သွယ်မှုပြုရခြင်းရဲ့အဓိကရည်ရွယ်ချက်က ပို့ကုန် ပမာဏတိုးမြှင့်ရေးပဲဖြစ်ပါတယ်။ Re-export နဲ့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆက်လက်တင်ပို့ခြင်းမရှိဘဲ ပြည်တွင်းမှာရောင်းချမယ်ဆိုရငေ် တာ့ ပြည်တွင်းမှာရှိတယ့် လုပ်ငန်းတွေ ထိခိုက်နစ်နာမှုရှိနိုင်တဲ့အတွက် စည်းကမ်းချက်တွေ သတ်မှတ်ထားရှိပါတယ်။ စက်သုံးဆီများကို Re-export စနစ်နဲ့ တင်သွင်းတင်ပို့ခွင့်ပြုရာမှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတ်မှတ်ဈေးနှုန်း ၊ အ မှတ်တံဆိပ်များ (Brand) အတိုင်း ခွင့်ပြုပေးမှာဖြစ်ပါတယ်။ အမှတ်တံဆိပ်အသစ် ဆိုပါက စွမ်းအင် ဝန်ကြီးဌာနက တို ြင်ပပြးီ ကြိုတင် ခွင့်ပြုချက် တောင်းခံရမှာဖြစ်ပါ တယ်။ ဒါ့အပြင် တင်သွင်းသယ်ဆောင်ခြင်း၊ သိုလှောင်ြ ခင်း၊ ရောင်းချခြင်းလုပ်ငန်းရပ်များအတွက် စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။
      Re-export စနစ်နဲ့ စက်သုံးဆီ တင်သွင်းလာတဲ့ လုပ်ငန်းရှင်တစ်ဦးဟာ မိမိတင်သွင်းလာတဲ့စက်သုံးဆီတွေကို နိုင်ငံအတွင်းမှာ ဖြန့်ဖြူးရောင်းချခွင့်မရှိ သလို ဖြန့်ဖြူးရောင်းချခွင့်ကိုလည်း တင်းကျပ်စွာတားမြစ်ထားပါတယ်။ တင်သွင်းတင်ပို့သူအနေနဲ့ စက်သုံးဆီအသင်းဝင်ဖြစ်ဖို့ လိုအပ်သလို ယခင်က စက်သုံးဆီတင်သွင်းသယ်ဆောင်ခဲ့ဖူးတဲ့ အထောက်အထားတွေကို တင်ပြရမှာဖြစ်ပါတယ်။ တင်သွင်းလာတဲ့စက်သုံးဆီတွေရဲ့ အရည်အသွေးနဲ့ပတ် သက်ပြီး ဆိပ်ကမ်းသို့ စက်သုံးဆီတင်ဆောင်လာတဲ့သင်္ဘော ဆိုက်ရောက်ချိန်မှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ စက်သုံးဆီအရည်အသွေး စစ်ဆေး ချက် (Lab Test Result)ကို ရယူရမှာဖြစ်ပါတယ်။ Re-export စနစ်နဲ့တင်သွင်းလာ တဲ့ စက်သုံးဆီတွေကို ဆိပ်ကမ်းမှ တစ်ဆင့် ပြည်တွင်းမှာ အဆင့်ဆင့်သယ်ဆောင်ပြီး ပြည်ပသို့ပြန်လည် တင်ပို့ပြီးတဲ့အချိန်အထိ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ လိုက် နာဆောင်ရွက်ခြင်းမရှိတဲ့ ကုမ္ပဏီလုပ်ငန်းရှင်ကို တည်ဆဲဥပဒေအရအရေးယူမှာဖြစ်တဲ့အပြင် ကုန်သွယ် လုပ်ငန်းခွန် ပေးသွင်းထားမှုကိုလည်း ပြန်လည်အမ်းပေးမှာ မဟုတ်ပါဘူး။ လယ်ယာထွက်ကုန်စိုက်ပျိုးသီးနှံများကို Re-export စနစ်နဲ့ကုန်သွယ်ရာ မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသတ်မှတ်ထားတဲ့ Re-export လုပ်ထုံးလုပ်နည်းများနဲ့အညီဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လည်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ဒါ့ကြောင့် Re-export စနစ်နဲ့ ကုန်တင်သွင်းတင်ပို့သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ဖို့ အရေးကြီးလှပါတယ်။

Re-export စနစ်နဲ့ ကုန်သွယ်မှုပြုသူများလိုက်နာရမယ့်စည်းကမ်းများ
       Re-export စနစ်နဲ့ စတင်ကုန်သွယ်မှုပြုမယ့် ကုမ္ပဏီတွေ၊ကုမ္ပဏီအသစ် စတင်တည်ထောင်သူတွေဟာ လုပ်ငန်းများစတင်မဆောင်ရွက်မီ "စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Re-export စနစ်ဖြင့် ကုန် သွယ်မှုဆောင်ရွက်မည့် ကုမ္ပဏီများ စိစစ်ရေးအဖွဲ့"သို့ သတင်းပေးပို့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုတဲ့ Re-export သွင်းကုန်/ထုတ်ကုန်လိုင်စင်ခွင့်ပြုချက်များ ရရှိမှသာ တင် သွင်းတင်ပို့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ လိုင်စင်မရရှိမီ ကြိုတင်၍တင်သွင်းခြင်း၊ တင်ပို့ခြင်းများကို လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။ ပြည်ပမှတင်သွင်းခြင်း၊ ပြန်လည်တင်ပို့ခြင်းတို့ကို လိုင်စင်လျှောက်ထားစဉ်က တင်ပြထားတဲ့ လမ်းေ ကြာင်းအတိုင်းသာ သယ်ဆောင်ခွင့်ရှိပါတယ်။တင်သွင်းမယ့်အချိန်၊ ပြန်လည်တင်ပို့မယ့်အချိန်တို့ကို ရက်စွဲ၊ ဆိပ်ကမ်း ဒါမှမဟုတ် တင်ပို့/တင်သွင်းမယ့်စခန်းတို့ကို ဖော်ပြပြီး Monitoring လုပ်မယ့်အဖွဲ့အစည်းထံသို့ ဆက်သွယ် တင်းပေးပို့ရမှာ ဖြစ်ပါတယ်။ မိမိတင်ပို့လိုက်တယ့် ကုန်ပစ္စည်းတွေကို လက်ခံမယ့် နိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် အဲဒီကုန်စည်ကို လက်မခံခဲ့ဘူးဆိုရင်မိမိအစီအစဉ်နဲ့ ကုန်ပစ္စည်းတင်သွင်းခဲ့တဲ့နိုင်ငံ ကို ပြန်လည်တင်ပို့ ရမှာြ ဖစ်ပါတယ်။
        တင်သွင်းတင်ပို့မယ့်ပစ္စည်းများနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်း မျဉ်းစည်းကမ်းတွေကိုလိုက်နာခြင်းမရှိ ဘူးဆိုရင် Re-export မှတ်ပုံတင်ကတ် ခွင့်ပြုထားမှုကိုပယ်ဖျက်သွား မှာဖြစ်တဲ့အပြင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Re-export စနစ်နဲ့ကုန်သွယ်မှုပြုတဲ့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ် တဲ့ ပို့ကုန်သုံးဆ တိုးမြှင့်ရေးရည်မှန်းချက်ကို အောင်မြင်အောင် ထောက်ပံ့ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ Re-export စနစ်ဟာ နိုင်ငံတော်အတွက်ရော၊ ကုန်သည်အတွက်ပါ အကျိုးရှိစေတဲ့စနစ် တစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် လည်း Re-export စနစ်ဟာ လွဲမှားနေတယ်လို့ ယူဆထားတဲ့ ကုန်သည်တချို့လည်းရှိနေပါသေးတယ်။ Re-export စနစ် အစား Transit Trade ကိုကျင့်သုံးဖို့ ပြောကြားနေတာ သိရှိနေရပါတယ်။

 

မယ်သီတာ

Local Trade News

Pages