GGI နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်းအာမခံကုမ္ပဏီများ ပူးပေါင်း

Fri, 12/13/2019 - 08:52 -- admin_ygn

    နိုင်ငံတကာအဆင့်မီ အထွေထွေအာမခံ နှင့် အသက်အာမခံဝန်ဆောင်မှုပေးနိုင်ရန် အတွက် Grand Guardian Insurance (GGI) နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်းအာမခံကုမ္ပဏီများ ဖြစ်သော Tokio Marine, Nippon Life တို့ ပူးပေါင်း၍ ဖက်စပ်ကုမ္ပဏီပြုလုပ်၍ ဒေသ တွင်း ဈေးကွက်ထပ်မံချဲ့ထွင်ခြင်းကို ဒီဇင်ဘာ ၃ ရက်တွင် တရားဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် အထွေထွေ အာမခံလုပ်ငန်းအတွက် Tokio Marine & Nichido Fire Insurance Co.,Ltd.(Tokio Marine)  နှင့် ဖက်စပ်ဆောင်ရွက်သည့် Grand Guardian Tokio Marine General Insurance Co.,Ltd. မှ လုပ်ကိုင်ခွင့်လိုင်စင်ရရှိခဲ့ခြင်းဖြစ်ပြီး အသက်အာမခံလုပ်ငန်းအတွက် Nippon Life Insurance Company (Nippon Life) နှင့် ဖက်စပ်ဆောင် ရွက်မည့် Grand Guardian Nippon Life Insurance Co.,Ltd. လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “အရင်က   ပြည်တွင်းဈေးကွက်မှာ အာမခံနဲ့ပတ်သက်ပြီး လုပ်ငန်း ၁၁ ခုပဲ ရှိပေ မယ့် အခုကတော့ အစိုးရရဲ့ခွင့်ပြုချက်နဲ့ ၂၃ ခုရှိပါပြီ။ အခုပူးပေါင်းမှုရဲ့ အားသာချက်က နိုင်ငံတကာစံချိန်မီ အသက်အာမခံနဲ့ အထွေ ထွေအာမံတို့ကို One Stop Service ပေးနိုင် တော့မှာပါ။ နောက်ပြီး ပြည်တွင်းက လူတွေ အနေနဲ့ အာမခံထားရှိခြင်းနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးတဲ့အတွက် အာမခံအကာအကွယ် ရယူဖို့ကိုလည်း အသိပညာပေးသွားမှာပါ” GGI Tokio Marine အထွေထွေအာမခံမှ CEO  ဦးမျိုးနောင်က ပြောသည်။ လတ်တလောတွင် ပြည်တွင်းရှိ အာမခံ အနေအထားအရ အထွေထွေ အာမခံကို လူသိများ၊ အသုံးပြုမှုများသော်လည်း အသက်အာမခံလုပ်ငန်း တိုးတက်ရန်အတွက် အချိန် ကာလ ခုနစ်နှစ်ခန့် လိုအပ်မည်ဖြစ်သလို ပြည်တွင်း မှ ပြည်သူများ ၏ ဝင်ငွေတိုးတက်ရန်လည်း လိုအပ်ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းမှုကြောင့် နည်းပညာများတိုးတက်၍ ငွေကြေးပိုင်းတွင် လည်း ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း သိရသည်။                                     

 

ချောစု

Local Trade News

Pages