COVID-19 ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အခက်အခဲများ ညှိနှိုင်းဆောင်ရွက်

Wed, 06/10/2020 - 06:43 -- admin_ygn

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု ကဏ္ဍ လွယ်ကူချောမွေ့စေရေး တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန (MOFCOM)  ဖြင့် လည်းကောင်း၊ ယူနန်ပြည်နယ် အစိုးရနှင့် ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနတို့ဖြင့် လည်းကောင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ၁၂ဘီလီယံခန့်အထိ တိုးတက်လာခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် နိုင်ငံတော်ကောင်စီ၏ နိုင်ငံပိုင်အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ ၂၀၁၈ ခုနှစ် မေ ၁၈ ရက်တွင် အရည်အသွေး စမ်းသပ်စစ်ဆေးရေးနှင့် ရောဂါ ပိုးမွှား ထိန်းချုပ်စစ်ဆေးရေး အထွေထွေအုပ်ချုပ်ရေးဌာန (General Administration of Quality Supervision, Inspection and Quarantine of the People’s Republic of  China- AQSIA) အား အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့  (General Administration of Customs of the People’s Republic of China-GACC) ဟု ပြင် ဆင်ဖွဲ့စည်းကာ မူရင်းအကောက်ခွန်ကိစ္စရပ်များအပြင် AQSIQ မှ တာဝန်ယူဆောင်ရွက်ခဲ့သည့်  ကိစ္စရပ်များကိုပါ ဆောင်ရွက်လာခဲ့ပါ သည်။ တရုတ်နိုင်ငံဘက်က  ပြင်ဆင်ဖွဲ့စည်းခဲ့သည့်  GACC  ဟာ နယ်စပ်ဒေသများနဲ့ ကုန်သွယ်မှုဆောင်ရွက်ချက်တွေမှာ တရားမဝင် ဆောင်ရွက် နေမှုတွေ ရှိနေတဲ့အပေါ် တင်းကျပ်တဲ့မူဝါဒ၊ စည်းမျဉ်း  စည်းကမ်းတွေနဲ့ ချုပ်ကိုင်ဆောင်ရွက်လာခဲ့ခြင်းကြောင့် ယခင်က မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွယ်ကူစွာတင်ပို့ခဲ့သည့် မြန်မာ့ပို့ကုန် အများစုမှာ SPS ဆိုင်ရာ အခက်အခဲများ ပိုမိုတွေ့ကြုံလာခဲ့ရပါတယ်။

 

တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ တွေ့ကြုံနေရတဲ့ အခြေအနေတွေကို  အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ကုန်သွယ်ရေးဦးစီးဌာနမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် နှစ်စဉ်ကျင်းပပြုလုပ်သည့်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု  ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC)အစည်းအဝေးများတွင် တရားဝင်ဆွေးနွေးညှိနှိုင်းခဲ့သည့်အပြင် သံတမန်လမ်းကြောင်းမှလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသမှ အဓိကတင်ပို့နေတဲ့ ကုန် စည်များအပေါ် GACC ၏ သတ်မှတ်ကန့် သတ်ချက်များ ဖြေလျှော့ပေးရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ နယ်စပ်နေပြည်သူများ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသထွက် ကုန်စည်များအပေါ် အခွန်ကောက်ခံမှုများ လျှော့ချပေးရေး၊ မြန်မာ ပို့ကုန်ပစ္စည်းများအား ဦးစားပေးအမယ်အလိုက် SPS ဆိုင်ရာ ကိစ္စရပ်များ အမြန်ဆုံးဆောင်ရွက်ပေးရေး၊ ကုန်စည်များလွယ် ကူစွာစီး ဆင်းနိုင်ရန်အတွက် ဝင်/ထွက်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေး၊ တရုတ် နိုင်ငံဘက်မှ ဖြတ်သန်းခွင့် မပြုထားသည့်   လမ်းကြောင်းများအား ဖြတ်သန်းခွင့်ပြုရေး စသည့်ကိစ္စရပ်များကို အကြိမ်ကြိမ်ညှိနှိုင်းဆောင် ရွက်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာတော့ ကမ္ဘာ့ကပ်ရောဂါ ဆိုး COVID-19 ကို တစ်ကမ္ဘာလုံး ကြုံတွေ့ကြရ တဲ့အခါ နိုင်ငံတကာ မှာ ဝင်/ထွက်သွားလာမှုများကို ကန့်သတ်ထိန်းချုပ်လျက်ရှိရာ ကုန် သွယ်မှုကဏ္ဍမှာ များစွာထိခိုက်ဆုံးရှုံးမှုများ  တွေ့ကြုံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်တဲ့ တရုတ်နိုင်ငံ ဟာလည်း ၎င်းတို့ရဲ့နယ်စပ်ဝင်/ထွက်ပေါက်များရဲ့ လူဝင်/ထွက်မှု များကို ၂၆-၄-၂၀၂၀ ရက်မှစတင်ကာ ကန့်သတ်ပိတ်ပင်လိုက်ပါ တယ်။ COVID-19 ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တရုတ်နိုင်ငံ အနေဖြင့် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်များမှ မြန်မာယာဉ်မောင်း များအပါအဝင် လူများ ဝင်/ထွက်သွားလာမှုအား ပိတ်ပင်ခဲ့ခြင်း ကြောင့် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တွင် မြန်မာ့ပို့ကုန်ယာဉ်များ တစ် ရက်လျှင် ယာဉ်စီးရေ ၁၀ဝ ခန့်သာ တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်ပြီး ကျန်ကုန်တင်ယာဉ်များမှာ တန်းစီစောင့်ဆိုင်းနေခဲ့ရပါတယ်။ ထိုကဲ့သို့ တရုတ်နိုင်ငံသို့ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းရမှုမှာ ယာဉ်တစ်စီးလျှင် ပျမ်းမျှ ၁၀ ရက်ခန့်ကြာမြင့်နေပြီး ကုန်ကျစရိတ်များမှာ နှစ်ဆ၊ သုံးဆခန့် မြင့်တက်လာခဲ့ရပါတယ်။

 

ထို့ကြောင့်  မြန်မာ့ပို့ကုန်ယာဉ်မောင်းများအား ကုန်ပစ္စည်း တင်ချသည့်နေရာအထိ ယာဉ်နှင့်တစ်ပါတည်း  လိုက်ပါဝင်ရောက် ခွင့်ပြုရေးနှင့် အဆိုပါနေရာ၌ပင်  တရုတ်ဘက်က ကားများနှင့် ကုန် ပစ္စည်းလွှဲပြောင်း၍ မြန်မာနိုင်ငံ ဘက်သို့ ပြန် လည်ထွက်ခွာခွင့် ပြုနိုင် ရေးတို့ကို အရေးကြီးကိစ္စရပ်တစ်ခုအနေဖြင့် အမြန်ဆုံးညှိနှိုင်းဆောင် ရွက်ပေးပါရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စီးပွားရေးသံမှူးထံသို့ လည်းကောင်း၊ တရုတ်နိုင်ငံဘက်ရှိ သက်ဆိုင်ရာဌာနများနှင့် သံတမန် နည်းလမ်းဖြင့် အသေးစိတ်  ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပါရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့  လည်းကောင်း အကြောင်းကြား ညှိနှိုင်း ခဲ့ပါတယ်။ ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့ စေရေးနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအား အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံးမှလည်း  GACC နှင့် တရုတ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ အာရှရေးရာဌာနတို့ထံ ညှိနှိုင်း စာ ပေးပို့ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု အခက်အခဲများအား ယူနန်ပြည်နယ်ဘက်နှင့် ချိတ်ဆက်ဆောင်ရွက် ပေးနိုင်ရေးအတွက် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချိတ်ဆက်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်က ၂၀-၅-၂၀၂၀ ရက်တွင် ယူနန် ပြည်နယ် စီးပွားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပါတယ်။ ထိုသို့တွေ့ဆုံရာမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သက်ဆိုင် ရာဌာနများဖြင့် ဖွဲ့စည်းထားသည့် နယ်စပ်ဝင်/ထွက်မှုဆိုင်ရာ လေ့လာ စိစစ်ရေးအဖွဲ့မှ မူဆယ်-ရွှေလီနယ်စပ်ဂိတ်သို့ သွားရောက်လေ့လာရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်ဘက်က ဆွေးနွေးပြောကြားခဲ့၍ အဆိုပါလေ့လာ စိစစ်ရေး အဖွဲ့ အနေဖြင့် နယ်စပ်ဝင်/ထွက် မှုများကို သွားရောက်လေ့လာရာတွင် မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်တာဝန်ခံနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးနဲ့ ချိတ်ဆက်ညှိနှိုင်းပေးခဲ့ပါတယ်။

 

ထို့ပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့  စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ် နိုင်ငံဘက်မှ တာဝန်ရှိဌာနများက ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး နိုင်ရေး၂၀-၅-၂၀၂၀ ရက်တွင် ကူမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးမှ တစ်ဆင့် ညှိနှိုင်းအကြောင်းကြားခဲ့ရာ ၂၁-၅-၂၀၂၀ ရက်တွင် တရုတ် နိုင်ငံ ယူနန်ပြည်နယ်  စီးပွားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ဖြင့် လင်ချမ်းမြို့ ချင်းရွှေ ဟော်ဂိတ်တွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။  COVID-19 ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံဘက်က  ကန့်သတ်တားမြစ်ခဲ့မှုများကြောင့် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက် မည့် မြန်မာ့ပို့ကုန်ယာဉ်များ အချိန်မီ ဝင်ရောက်နိုင်မှု မရှိတော့၍ မြန်မာ့ကုန်သွယ်မှုကဏ္ဍတွင်ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရသည့် ကိစ္စနှင့် စပ်လျဉ်း၍၂၁-၅-၂၀၂၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာ နိုင်ငံဆိုင်ရာ  တရုတ်နိုင်ငံသံအမတ်ကြီးအား Online မှတွေ့ဆုံ၍ အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ရာ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနမှ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီး ကွင်းဆင်းလေ့လာဆောင်ရွက် ရန် စေလွှတ်ထားကြောင်း၊ အထူးသဖြင့် ရွှေလီဘက်ရှိ မြန်မာနိုင်ငံမှ ကုန်စည်များ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးက ဆွေးနွေးပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က ကန့်သတ်တားမြစ်ခဲ့မှုများကြောင့် လက်တွေ့မြေပြင်တွင် ကြုံတွေ့နေရတဲ့  ယာဉ်ကြောပိတ်ဆို့နေမှု  အခက်အခဲများကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးတာဝန်ခံမှလည်း ကျယ်ဂေါင်အုပ်ချုပ်ရေးမှူး နှင့် အလွတ်သဘောတွေ့ဆုံနိုင်ခဲ့ခြင်း၊ ရွှေလီခရိုင် ဒုတိယမြို့တော်ဝန် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပါတယ်။ COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်  အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်ခဲ့မှုများကြောင့် ချင်းရွှေဟော်-မိန့်တိန် နယ်စပ် ဂိတ်ကို ၃၀-၅-၂၀၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကုန်သွယ်မှု လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ COVID-19  ကာလ အလွန်တွင်လည်း ကုန်သွယ်မှုကဏ္ဍ  ပိုမိုလွယ်ကူချောမွေ့စေရေး အတွက် အစီအမံများရေးဆွဲခြင်း၊ တရုတ်နိုင်ငံဘက်နှင့် မပြီးပြတ် သေးသည့်ကိစ္စရပ်များအား အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်နိုင် ရေးတို့ အတွက်လည်း  ဆက်လက်ညှိနှိုင်း  ဆောင်ရွက်လျက်ရှိပါ ကြောင်း တင်ပြလိုက်ရပါတယ်။

 

သန်းသန်းနိုင် (နှစ်နိုင်ငံ)

Local Trade News

Pages