၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှုတိုးတက်မှုနှုန်း သိသိသာသာ မြင့်မားလာ

Tue, 10/31/2017 - 04:46 -- admin_ygn

        ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၏ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ကုန်သွယ်မှုခန့်မှန်းချက် သတင်းထုတ်ပြန်ခဲ့ရာတွင် ယခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှုတိုးတက်မှုနှုန်း မြင့်မားလာမှုမှာ ယခင် နှစ်များတွင် ဆောင်ရွက်ခဲ့သည့် ကိုယ်ကျိုးခိုင်မာစေရေးအတွက်သာ ရည်ရွယ်ခဲ့သော ကုန်သွယ်မှုထက် ဒေသအချင်းချင်း ဖြတ်သန်း၍ ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုခြင်း၊ နိုင်ငံများအနေဖြင့် မိမိတို့၏ ကုန်သွယ်ဖက်နိုင်ငံများနှင့် အတူတကွပူးပေါင်း ဆောင် ရွက်ခြင်းနှင့် ကိုယ်ကျိုးစီးပွားကို အကာ အကွယ်ပေးသည့်လုပ်ရပ်များကို ဆန့်ကျင်ခြင်းစသည်တို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပြု ရာတွင် ပိုမိုကျယ်ပြန့်ပြီး ကြီးမားသောကုန်သွယ်မှု အကျိုးကျေးဇူးများ  ရရှိခံစားရခြင်းြ ဖစ်ကြောင်း သိရပါတယ်။
        ဤကဲ့သို့ ကုန်စည်ကုန်သွယ်မှုပမာဏ တိုးတက်လာခြင်းမှာ ကမ္ဘာ့ GDP တိုးတက်မှုကြောင့် လည်း တစ်စိတ်တစ်ပိုင်းအပါအဝင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဈေးကွက်ပြောင်းလဲမှုနှုန်း (market exchange rates) မှာ ၂ ဒသမ ၃ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၂ ဒသမ ၈ရာခိုင်နှုန်းထိ တိုးတက်လာ ကြောင်းသိရပါတယ်။ GDP တိုးတက်မှု၏အဓိကအချက်မှာ ၂၀၁၇ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအရှိန်ရလာခြင်းပြီး  ပထမသုံး လပတ် တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ဒုတိယသုံးလပတ်တွင် ၁ ဒသမ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဖော်ပြထားပါတယ်။ ၎င်းအပြင် အမေရိကန်ပြည်ထောင်စု၏ GDP တိုးတက်မှုမှာလည်း ပထမသုံး လပတ်တွင် ၁ ဒ သမ၂ ရာခိုင်နှုန်းမှ တတိယသုံးလ ပတ်တွင် ၃ ဒသမ သုည ရာခိုင်နှုန်းအထိ မြင့်တက် လာကြောင်း သိရပါတယ်။
           ထိုသို့တရုတ်နှင့် အမေရိကန်ပြည်ထောင်စု၏ သွင်းကုန်ဝယ်လိုအား သိသိသာသာမြင့်တက်လာခြင်းမှာ  အာရှဒေသရှိနိုင်ငံများတွင် ဒေသဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်များ (regional supply chains)ကို ကျယ်ကျယ်ြ ပန့်ပြန့်ဆောင်ရွက်လာနိုင်ရေးအတွက် များစွာလှုံ့ဆော်ပေးနိုင် ကြောင်း၊ ၂၀၁၇ခုနှစ်၏ ပထမနှစ်ဝက်တွင် တရုတ် နိုင်ငံ၏ စက်မှုကဏ္ဍမှာ ခိုင်မာစွာ တိုးတက်လာသည့်အပြင် ကုန်သွယ်ရေးဝန်ဆောင်မှုသည်လည်း ပိုမိုအားေ ကာင်းလာကြောင်း၊ အာရှဒေသတွင်းရှိ နိုင်ငံများ၏ငွေကြေးဆိုင်ရာအခြေအနေအရပ်ရပ် သည် ၂၀၁၇ခုနှစ်အတွင်း သိသိသာသာ တိုးတက်လာခဲ့သောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများ၏ ယုံကြည်စိတ်ချမှုရှိခြင်း တို့အပေါ် များစွာသက်ရောက်မှုရှိကြောင်း ဖော်ပြထားသည်ကို သိရပါတယ်။ ၂၀၁၇ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၏ ဆီဈေးနှုန်းအသင့်အတင့် ပြန်လည်ကောင်းမွန် လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ် အထော က်အပံ့ဖြစ်စေပြီး  စွမ်းအင်ကဏ္ဍတွင်လည်း ၂၀၁၆ ခုနှစ်ထက် ပိုမိုတိုးတက် မြင့်မားလာခဲ့ ပါကြောင်း၊ ထို့ကြောင့် သွင်းကုန်ဝယ်လိုအား အပေါ် အကျိုးသက်ရောက်မှုဖြစ်ထွန်းစေပြီး ရင်းနှီးမြှုပ်နှံမှုတွင်  သွင်းကုန်ပါဝင်မှုပမာဏ သည် GDP တိုးတက်မှုအတွက် အခြားသောကဏ္ဍများ ထက် သာလွန်နေကြောင်းကိုလည်းသိရပါတယ်။
         ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စာရင်းအင်း များအရ ၂၀၁၇ ခုနှစ်၏ ပထမနှစ်ဝက်တွင် ပို့ကုန်အပါအဝင် သွင်းကုန်ပမာဏပါ တိုးတက်ခဲ့ပြီး ကုန်စည်ကုန်သွယ်မှုပမာဏသည် ပထဝီအနေ အထားအရ အဆင့်အလိုက် တိုးတ က်ပြောင်းလဲလျက်ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ၂၀၁၇ခုနှစ် နှစ်ဝက်တွင် ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၁၆ခုနှစ် နှစ်ဝက်ထက် ၄ ဒသမ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါကြောင်း၊ ယခုနှစ်၏  ပထမနှစ်ဝက်တွင် ဖွံ့ဖြိုးပြီးနိုင်ငံ များ၏ ပို့ကုန် ပမာဏ ၃ဒသမ ၁ ရာခိုင်နှုန်း ၊ သွင်းကုန် ၂ ဒသမ ၁  ရာခိုင်နှုန်း အထိ တိုးတက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သွင်းကုန် ၆ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး ပို့ကုန်ပမာဏသည်လည်း ၅  ဒသမ ၉ ရာခို င်နှုန်း တိုးတက်လျက်ရှိပါကြောင်း၊သို့သော်လည်း တောင် အမေရိကတိုက်ရှိ နိုင်ငံများမှာ  ကုန်သွယ်မှုတိုး တက်ခြင်းမရှိဘဲ ပို့ကုန် သုညဒသမ ၇ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီး သွင်းကုန် ၁ ဒသမ သုညရာခိုင်နှုန်း သာ မြင့်တက် ခဲ့ကြောင်း၊ မြောက်အမေရိကတိုက်ရှိ နိုင်ငံ များတွင် ပို့ကုန်/ သွင်းကုန်ပမာဏတိုးတက်မှု သည် ၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၃ဒသမ ၉ ရာခိုင်နှုန်းအသီးသီး တိုးတက်လာခဲ့ပါကြောင်း၊ ဥရောပတွင် ပို့ကုန်၂ ဒသမ ၆ ရာခိုင်နှုန်းနှင့်  သွင်းကုန် ၁ ဒသမ၂ ရာခိုင်နှုန်း  မြင့်တက်လာခဲ့ပြီး အာရှတွင် ပို့ကုန် ၇ဒသမ၃ရာခိုင်နှုန်း၊ သွင်းကုန် ၈ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ထိုကဲ့သို့ အာရှတိုက်၏ ကုန်စည် ကုန်သွယ်မှုပမာဏ တိုးတက်လာခြင်း တွင်  တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် များစွာပါဝင်ကြောင်း ဖော်ပြထားချက်အရ တွေ့ရပါတယ်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုကြိုတင်ခန့်မှန်းချက်အရ ၂၀၁၇ ခုနှစ်အတွင်း ပို့ကုန်/သွင်းကုန်ပမာဏ တိုးတက်လာခြင်းကြောင့် ကုန်သွယ်မှုမြင့်မားလာပြီး  စီးပွားရေးတိုးတက်မှုကို တွေ့မြင်ရပါ ကြောင်း၊ ယခုနှစ်၏ တိုးတက်မှုနှုန်းသည် ၂၀၁၃ ခုနှစ်မှစ၍ ဖွံ့ဖြိုးပြီးနိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သွင်း ကုန်သည် ပိုမိုများပြားလာပါကြောင်း၊ တရုတ်အနေဖြင့်  အာရှနိုင်ငံများရှိ ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများအကြား ကုန်သွယ်မှု မြှင့်တင်ခြင်းနှင့် ၎င်း၏သွင်းကုန်လိုအပ်ချက် မြင့်မားလာ ခြင်းကြောင့် ၂၀၁၈ ခုနှစ်နှင့် ထိုနှစ်အလွန်နှ စ်များတွင် စီးပွားရေးတိုးတက်မှုနှုန်းအတန်အသင့် ဆက်လက်တိုးတက်နိုင်ရန် မျှော်မှန်း ထားပါကြောင်း၊ အလားတူ ဘရာဇီးနိုင်ငံသည်လည်း ၂၀၁၇ ခုနှစ်အတွင်း GDPတိုးတက်လာသည့်အပြင် သွင်းကုန် မြင့်မားလာ နိုင်သည် ကို တွေ့ရှိရသော်လည်း တောင်အမေရိကတိုက်ရှိ နိုင်ငံများတွင် GDP တိုးတက်မှုနှုန်းနှင့် ကုန်သွယ်မှုတွင် အားနည်းနေသေး သည်ကို တွေ့ရှိရကြောင်း အဆိုပါထုတ်ပြန်ချက်၏  ဖော်ပြပါဇယားများအရ သိရှိရပါတယ်။ ထို့ကြော င့် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့ကုန် စည်ကုန်သွယ်မှု  တိုးတက်လာရခြင်း အကြောင်းအရင်းမှာ မြောက်အမေရိကတိုက်ရှိ နိုင်ငံများ၏ ပို့ကုန်/သွင်းကုန် ပမာဏတိုးတက်မှုများ၊ အထူးသဖြင့် အာရှနိုင်ငံများ၏ ကုန်သွယ်မှု (ပို့ကုန်/ သွင်းကုန်) မြင့်တက်လာမှုတို့ကြောင့်ဖြစ်ပြီး ထိုသို့သော အကြောင်းအရာများကို အခြေခံ၍ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုနှင့် GDP တိုး တက်မှုနှုန်းကို  အချိုးချမည်ဆိုပါက ၁ ဒသမ ၃ အချိုး ၁ ရှိလိမ့်မ ည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြထားချက်များအရ သိရပါတယ်။

 

ဟန်နီ WTO

Local Trade News

Pages