အရှေ့မြောက်တံခါးပေါက်တွင် ကျောက်စိမ်း၊ ကျောက်မျက်ကုန်ချောနှင့်ဒေသထွက်ကုန်ချော ဈေးကွက်ပေါ်ထွန်းလာရေး

Thu, 08/11/2016 - 08:17 -- admin_ygn

     ယနေ့ကမ္ဘာတွင် နိုင်ငံတိုင်း နိုင်ငံတိုင်း၌ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ကြိုးပမ်းလုပ်ဆောင်ရာတွင် ကုန်သွယ်မှုကဏ္ဍသည် အထူးအရေးပါသောကဏ္ဍဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ယနေ့အချိန်တွင် နိုင်ငံတိုင်းနှင့်  ကုန်သွယ်ခွင့် ရရှိလာပြီ ဖြစ်သည့်အတွက် အာရှတွင် ကုန်သွယ်မှု ပြုလုပ်ရန် အလားအလာ ကောင်းသော နိုင်ငံများထဲတွင် ပါဝင်လာပြီ ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိ နိုင်ငံမှ ထွက်ရှိသည့် သဘာ၀ သယံဇာတများကိုလည်း ကုန်ကြမ်း အတိုင်း ပို့ကုန်တင်ပို့ခြင်းအပြင် အရည်အသွေး ကောင်း ပို့ကုန်အမယ်စုံများဖြစ်အောင် ခေတ်မီနည်းပညာများဖြင့် တီထွင်ဆန်းသစ်မှုများပြုလုပ်ကာ အရည်အသွေးကောင်း၊ စွမ်းရည်များ ပေါင်းစပ်ပြီး တန်ဖိုးမြှင့် ထုတ်လုပ် ခြင်း များ (Value Added Production) ပြုလုပ်၍ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပြီး ကမ္ဘာတွင် မြန်မာ ထွက်ကုန်များ နေရာယူ နိုင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိက နှစ်ဦးနှစ်ဖက် ပေါင်းစပ် ညှိနှိုင်းပြီး မြန်မာ့ စီးပွားရေးတွင် အရေး ပါသည့် ကုန်သွယ်မှုကဏ္ဍကို ရေရှည်တိုးမြှင့်ဆောင် ရွက်ရန် လိုအပ်ပါသည်။
     မြန်မာ့ သဘာ၀ သယံဇာတထဲတွင် ကျောက်စိမ်း၊ ကျောက်မျက်အချောထည်များလည်း ပါဝင် ပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၀၅ ဒသ မ ၇၇၉ သန်း တန်ဖိုးရှိ ကျောက်စိမ်း(အရိုင်း) ၁၄၁၂ ဒသမ ၈၈၇ တန် ၊ နှင့် အမေရိကန်ဒေါ်လာ ၁၅ဒသမ ၅၁၄ သန်းတန်ဖိုးရှိ လက်ဝတ်ရတနာများကို တင်ပို့ထားပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ ဇူလိုင်ကုန် အထိ အမေရိက န်ဒေါ်လာ ၅၃ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ကျောက်စိမ်း(အရိုင်း) ၄၇၅ ဒသမ ၀၉၆ တန် နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၄၇ သန်းတန်ဖိုးရှိ လက်ဝတ်ရတနာများကို တင်ပို့ထားကြောင်း တွေ့ရှိရပါသည်။ ကျောက်စိမ်းကို (အရိုင်း) အတိုင်း တင်ပို့ခြင်းထက် အချောထည် လက်ဝတ်ရတနာများ ဖြစ် အောင် (Value Added) ပြုလုပ်ပြီး  တင်ပို့နိုင်ရန် သတ္တုတွင်းဝန်ကြီးဌာနက ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၇/၂၀၁၁ ထုတ်ပြန်၍ ကျောက်စိမ်းအချော ထည်များ၊ ပလွမ် (Albite) နှင့် သလင်းကျောက် (Quartzile)၊ အင်ကြင်းကျောက် (Petrified Wood) တို့ဖြင့် ပြုလုပ်ထားသော အချောထည်များကို နယ်စပ်ကုန်သွယ်ရေး (Border Trade) ဖြ င့် ရော င်းချနိုင်ရန် ခွင့်ပြုခဲ့ပါသည်။
      ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ (One Stop Services Centre) များ ဖွင့်လှစ်ထားရှိပြီး ကုမ္ပဏီများ ၊ သမအသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ အရောင်းဆိုင်များတို့က သတ်မှ တ်ထားသော အခွန် အခများကို ကျပ်ငွေဖြင့် ပေးဆောင်ပြီးပါက မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက် နိုင်ငံသို့ သယ်ဆောင်ရောင်းချခြင်း၊ လက်ဝယ်ထား ရှိခြင်း၊ လွှဲပြောင်းခြင်းများ ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။ ကုမ္ပဏီများ ၊ သမဝါယမအသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ အရောင်းဆိုင်များမှ မိမိတို့ ဝယ်ယူထားသော ကျောက်မျက်အချောထည်များ(ကျောက်စိမ်းပုတီးစေ့၊ ကျောက်စိမ်းလွှာချပ်၊ ကျောက်စိမ်းလက်ကောက်၊ ပလွမ်လက်ကောက်) ၏ အရေအတွက်၊ အလေးချိန်အပေါ် သတ်မှတ် ထားသည့် တန်ဖိုးပေါ်မှ သတ်မှတ်ထားသည့် အခွန်ငွေ  ၁၀ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ငါး ရာခိုင်နှုန်း၊ ဝင်ငွေခွန် (ကြိုတင်ခွန် နှစ်ရာခိုင်နှုန်း) နှင့် ကျောက်မျက်ဝန်ဆောင်ခ (တစ်ရာ ခိုင်နှုန်း) တို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ တန်ဖိုးဖြတ်အဖွဲ့၊ မန္တလေးမြို့ရှိ ကျောက်စိမ်း၊ ကျောက်မျက် အချောထည် တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်ထား သည့်အခွန်လေးမျိုးကို ပေးဆောင်ပြီး သယ်ဆောင် ခွင့်၊ လက်ဝယ်ထားရှိခွင့်၊ ရောင်းချခွင့်၊ လွှဲပြောင်းခွင့်များ ပြုလုပ်နိုင်ကြောင်း ကျောက်မျက် တင်ပို့ သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။ ထို့အပြင် သယံ ဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက် မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ကြီးမှူး ကျင်းပသည့် မြန်မာ့ကျောက်မျက် ရတနာပြပွဲများ တွင် နိုင်ငံခြားငွေများဖြင့် ဝယ်ယူခဲ့သည့် ကျောက် စိမ်း (အရိုင်း) (Jade Rough)  အတွဲများကိုလည်း အကောက်ခွန် ဦးစီးဌာနတွင် ကုန်တင်ပို့သူ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း အမည်ဖြင့် ED ဖွင့်လှစ်ပြီး တစ်ဖက်နိုင်ငံသို့ သယ်ယူ တင်ပို့ခွင့်ပြုကြောင်း သိရှိရပါ သည်။
         ကျောက်စိမ်း၊ ကျောက်မျက်အချောထည်များအား တစ်ဖက်နိုင်ငံသို့ တင်ပို့မည်ဆိုပါက မန္တလေးမြို့ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ တန်ဖိုးဖြတ်အဖွဲ့က အခွန်များ သတ်မှတ်ပြီး တင်ပို့မည့်ကာယကံ ရှင် အနေဖြင့် အခွန်ငွေပေးသွင်း ပြီးပါက ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အထူးစုံစမ်း ရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပါဝင်သည့် ပူးပေါင်း OSS အဖွဲ့ (One Stop Service) မှ ED ဖွင့်ထားသည့် အမျိုးအစား ၊ အရေအတွက်၊ အလေးချိန်ကိုက်ညီ မှု ရှိ/မရှိအား ( ၁၅ မိနစ်-မိနစ်၂၀ ) အတွင်း စစ် ဆေးပေး၍ နေ့ချင်းပြီး ချိပ်ပိတ်သယ်ဆောင်ခွင့် ပြုနေကြောင်း၊  တစ်ဖက်နိုင်ငံ ရှိ  ေ ကျာက်မျက် ဆိုင်များနှင့် ကျောက်ဝိုင်းတို့သို့ တရားဝင် ပို့ဆောင် ရသည်မှာလွယ်ကူပြီး   ထိုကဲ့သို့ ပြုလုပ်ပေးခြင်း ကြောင့် မိမိတို့ ကျောက်မျက်ဆိုင်များမှ တရားဝင် လမ်းကြောင်းပေါ်မှ သွားလာရခြင်းကြောင့် လျင် မြန်မှု၊ စိတ်ချရမှု ရှိ၍ အမြတ်စွန်းများစွာရရှိကြောင်း  ကျောက်မျက် အရောင်း ဆိုင်များ၏ ပြောကြားချက် အရ သိရှိရပါသည်။ ယခင်က မိမိတို့ ကျောက်စိမ်း၊ ကျောက်မျက် အချောထည် များအား တရားမဝင် မှောင်ခိုလမ်းမှ သွားလာနေသည့်အတွက် လမ်းခရီးကွေ့ပတ်၍ လျင်မြန်မှု၊ စိတ်ချရမှုမရှိခြင်း၊ အဖမ်းအဆီးများ နှင့်ကြုံပါက အမြတ်စွန်းမရရှိသည့်အပြင် မိမိတို့ရင်းနှီးထားသည့် အရင်းအနှီးများပါ ကုန်သွားကြောင်းနှင့် နောင်တွင် မိမိတို့နိုင်ငံရှိနယ်စပ်မြို့ တွင် တစ်ဖက်နိုင်ငံ ကဲ့သို့ ကျောက်မျက်ဈေးများ၊ ကျောက်ဝိုင်းများ ရှိပါက မိမိတို့ ကျောက်မျက် ရတနာ တင်ပို့သူများ ပိုမိုလုပ်သာကိုင်သာ ရှိလာ မည်ဖြစ်ကြောင်း ကျောက်မျက်တင်ပို့သူများ၏ မျှော်လင့်ချက်များကိုလည်း ကြားသိရပါသည်။
         ထို့အတူ တစ်ဖက်နိုင်ငံ ကျယ်ဂေါင်နှင့် ရွှေလီတွင်ရှိသည့် ကျောက်စိမ်း၊ ကျောက်မျက် အချောထည်၊ အင်ကြင်းကျောက် အချောထည်၊ စကျင်ကျောက် အချောထည်၊ သလင်းကျောက် အချောထည်၊ ပရိဘောဂ လုပ်ငန်းများ၊ သစ်သား ပန်းပု လုပ်ငန်းများ၊ အခြားတွင်းထွက် လက်မှု ကုန်ချောပစ္စည်း လုပ်ငန်းများသည် မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ ၊ ပညာရှင်များနှင့် လုပ် ကိုင်နေကြပြီး တစ်ဖက်နိုင်ငံ ကျယ်ဂေါင်၌ နေ့စဉ် အလုပ်  လုပ်ကိုင်မှုတွင်  တစ်ဖက်နိုင်ငံ ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များက မိမိနိုင်ငံလုပ်သားများအား အကြောင်းရှာ၍ မကြာခဏ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများအရ မြန်မာနိုင်ငံ ဘက် တွင် ၎င်းတို့ကျွမ်းကျင်သည့် အချောထည်လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိစေရန် နိုင်ငံတော်အနေဖြင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်၌  ကျောက်မျက်အချောထည် လုပ်ငန်းများ၊ ကျောက်မျက်ဈေးကွက်များ၊ ပြည်တွင်းလက်မှု လုပ်ငန်း၊  အချောထည်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပါက  မိမိနိုင်ငံဘက်အခြမ်းမှာပင် လာရောက် လုပ်ကိုင် လိုစိတ်များ ပြင်းပြနေကြောင်း၊ တစ်ဖက်နိုင်ငံ ရောက်  မိမိနိုင်ငံသား လုပ်ငန်းရှင်များကလည်း မူဆယ်ဘက်တွင် ကျောက် မျက်ဈေးကွက် တစ်ခု ဖြစ်စေလိုကြောင်း ကြားသိရပါသည်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာ ၂၀၀၆ ခုနှစ် စဖွင့်ကတည်းက ကုန်သွယ်ရေးဇုန်ကို ဖော်ဆောင်ခဲ့သည့် ရည်ရွယ်ချက်များအနက်" မိမိနိုင်ငံ ဘက်တွင် ဈေးကွက်ြ ဖစ်aပါ်စေရေး၊ မိမိနိုင်ငံထွက်ပစ္စည်းများအား  ပြည်ပသို့ ကြိုက် ဈေးဖြင့် တင်ပို့aရာင်းချနိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးမှ ပုံမှန်ကုန်သွယ်ရေးသို့ စနစ်တကျ ကူးပြောင်းနိုင်ရေး၊ မိမိနိုင်ငံထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့် (Value Added) ပြုပြင် ၍ တင်ပို့ခြင်းဖြင့် နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိစေရေး" ဟူသည့် အချက်များ ပါဝင်နေသော်လည်း စတင်ဖွင့်လှစ်သည့် ၂၀၀၆ ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသော် လည်း ဆောင်ရွက်နေသည့် ဂိုထောင်တင်/ချ လုပ်ငန်း၊ ပို့ကုန် သွင်းကုန် လိုင်စင်ထုတ်ပေးခြင်း၊ တင်ပို့တင်သွင်းသည့် ကုန် ပစ္စည်းများကို စစ်ဆေးခြင်း အဆင့်သာ ဆောင်ရွက်နေပြီး ကုန်သွယ်ရေးဇုန် ဖွံ့ဖြိုးရေးအတွက် သစ်သီးကုန်စည်ဒိုင်၊ ပဲပြောင်းနှမ်း ကုန်စည်ဒိုင်၊ ကဏန်းငါးရှဉ့် ကုန်စည်ဒိုင်၊ ဆန်စပါး ကုန်စည်ဒိုင် အဆင့်မှာပင်ရှိနေပြီး ဖွံဖြိုးတိုးတက် လာမှု မရှိတော့ဘဲ မိမိဘက် ဈေးကွက်ဖြစ်ရမည့် ကုန်ချော ထုတ်လုပ်မှုနှင့် ဈေးကွက်တွေက တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် ရွှေ လီဘက် ရောက်သွားသည့်အတွက် မူလရည်ရွယ်ချက် မပျောက်ပျက်ရအောင် ကုန်သွယ်ရေးဇုန် ဖွံ့ဖြိုးတိုးတက် မှုအတွက်  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ကုန်သွယ် ရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ၊  ကုန်သွယ်ရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုရေး ကော်မတီများ ဖွဲ့စည်း ပြီး လုပ်ပိုင်ခွင့်များကို တာဝန်ယူသူများက လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်များရအောင် ဆောင်ရွက်နေပြီဖြစ်သည်။
          တစ်ဖက် တရုတ်နိုင်ငံ ကျယ်ဂေါင်၊ ရွှေလီတို့တွင်ရှိသည့် ကျောက်မျက်အရောင်းဆိုင်များ ၊ ကျောက်မျက်ဝိုင်းများ နည်းတူ မိမိနိုင်ငံရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကျောက်စိမ်း၊ ကျောက်မျက် အချောထည်ဆိုင် များ၊ Show Room များ၊ လက်ကားဈေးကွက်များ၊ မြန်မာ့ပုလဲများ၊ ကနုကမာဖြင့် ပြုလုပ်ထားသောပစ္စည်းများ ရောင်းချသည့်ဆိုင်များ၊ လက်မှုအနုပညာ ပစ္စည်းဆိုင်များ၊ သစ်သားပန်းပုရုပ် (ရော်ဘာ၊ ကုက္ကို၊ ထန်း၊ အုန်း)  စသည် တို့ဖြင့် ပြုလုပ်သည့် အချောထည်ဆိုင်များ၊ ပရိဘောဂနှင့် ပန်းပုရုပ် အရောင်းဆိုင် များကို ခိုင်မာစွာ ဖွင့်လှစ်ခွင့်ပြုမည်ဆိုပါက တစ်ဖက်နိုင်ငံမှ ခရီးသွားများနှင့် ပြည်တွင်း လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ ဘက်အရောင်းဆိုင်များ တွင် ရောင်းချစေပါက အရည်အသွေး ပိုစိတ်ချရပြီး ယုံကြည်မှုပိုရှိသဖြင့် ပိုမို  လာရောက်ဝယ်ယူလာ မည်ဖြစ်သကဲ့သို့ မိမိနိုင်ငံဘက်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်တွင် ကျောက်စိမ်းဈေးကွက်တစ်ခု ထပ်မံဖြစ်ပေါ် လာ ကာ ခရီးသွားလုပ်ငန်းနှင့်အတူ ဆက်စပ်နေသော အခြားလုပ်ငန်းများပါ ဖွံ့ဖြိုးလာပြီး မူဆယ်နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ကို များစွာအထောက်အကူဖြစ်သွားမည်ဖြစ်ပါသည်။ ဝန် ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုများ တိုးတက်လာပြီး မိမိ နိုင်ငံ သူ၊ နိုင်ငံသားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်သကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းနှင့် ဆင်းရဲမှုလျော့ကျပြီး နိုင်ငံသားများ၏အလုပ် လုပ်နိုင်စွမ်းအားများ တိုးမြှင့်လာ ကာ မိမိနိုင်ငံသူ၊ နိုင်ငံသားများ တစ်ဖက်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် မလိုတော့သကဲ့သို့ တစ်ဖက်နိုင်ငံ၏ မတရားအဖမ်းအဆီး၊ အနှိပ်အစက်ခံရမှုမှ လွတ်မြောက်သွားမည်ဖြစ်ပါသည်။ ပြည်တွင်း စီးပွားရေး အလား အလာကောင်းများ ဖန်တီးနိုင်ရေးအတွက်  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်အား ကျောက်စိမ်း၊ ကျောက်မျက်စသည့် လက်ဝတ်ရတနာ ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်း များအား နိုင်ငံအတွင်းမှာ ပင် ကုန်ချောများ၊ ထွက်ကုန်များ အဖြစ်ဖန်တီးပြီး တရုတ်နိုင်ငံအတွက် ဈေးကွက်ကြီးအဖြစ် အမြန်ပေါ်ထွန်းလာပါစေလို့  ဆုတောင်းရေးသားလိုက်ရပါသည်။

 

မိုင်းယုသား

 

Local Trade News

Pages