အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပ

Thu, 02/06/2020 - 06:10 -- admin_ygn

     အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅  ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့  Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးတို့ တက်ရောက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အကောင်အထည်ဖော်ခြင်း၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက် လက်၍  သတင်းထောက်များ၏   မေးမြန်းချက်များကို ပြန်လည်ဖြေကြားပြီး သတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၃ နာရီခွဲတွင် ရပ်နားခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနအသီးသီးမှ  စုစုပေါင်းသတင်းထောက် ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။

 

MOC (IR)     

 

Local Trade News

Pages