အမေရိကန်စီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ဝင်စားမှု မြင့်မားလျက်ရှိ

Wed, 08/24/2016 - 07:47 -- admin_ygn

       မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အစိုးရသစ်တာဝန်ယူပြီးနောက် အမေရိကန်ပြည်သူများ၊ အမေရိကန် စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုများ ပိုမိုလာခဲ့ပါသည်။ ယင်းနှင့်ဆက်စပ်လျက် ဝါရှင်တန် ဒီစီ အခြေစိုက် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ၊ အမေရိကန် ကုန်သည်ကြီးများအသင်းစသည့် စီးပွားရေးအဖွဲ့အစည်းကြီးများသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရကဏ္ဍများနှင့် ထိတွေ့လျက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိနေပါသည်။ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးနှင့်စပ်လျဉ်းသည့် Webiner featurning တစ်ရပ်ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ၌ ဇူလိုင်လ ၂၇ ရက်ကကျင်းပခဲ့ရာ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ Webiner အစီအစဉ်တွင် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ ဆန်ဒီဂို အစိုးရတက္ကသိုလ်၊  နိုင်ငံတကာ  စီးပွားရေးလုပ်ငန်းများဆိုင်ရာ ပညာရေးနှင့် သုတေသနဌာနတို့မှ panelist များအဖြစ် ဆောင်ရွက်၍ ကမ္ဘောဒီး ယားနိုင်ငံနှင့်မြန်မာနိုင်ငံတို့၏ စီးပွားရေးအခြေအနေ၊ အလားအလာရှိသည့် လုပ်ငန်းအမျိုးအစားများ၊ အားသာချက်နှင့်အားနည်းချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက မေးခွန်းများပြန်လည် မေးမြန်းခဲ့ပါ သည်။
        အဆိုပါဆွေးနွေးပွဲ၌ panelist များက မြန်မာနိုင်ငံ၏ အခြေ အနေနှင့်ပတ်သက်၍ ဆွေးနွေးရာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် အားသာချက်၊ အားနည်းချက်များ၊ အခွင့်အလမ်းများရှိနေကြောင်း၊

အားသာချက်များမှာ
       မြန်မာနိုင်ငံတွင် ယခုအစိုးရသစ် တက်မလာခင်ကာလ ကတည်းမှ စတင်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အဓိကကျသည့် စီးပွားရေးအခွင့်အလမ်းများရှိကြောင်း၊ မြန်မာနိုင်ငံ ၌ ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးနှ င့် စီး ပွားရေး ပြုပြင်ပြောင်းလဲမှုများ သည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေကြောင်း၊
      စီးပွားရေး တွန်းအားအနေဖြင့် လူဦးရေ ၅၁ သန်းနှင့် အိန္ဒိယ နှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား မဟာဗျူဟာကျသောနေရာ ၌ တည်ရှိနေသည့်အပြင် အာဆီယံ အသိုက်အဝန်း၏ အဖွဲ့ဝင် နိုင်ငံ လည်းဖြစ်ပါကြောင်း၊ ယခင်အစိုးရဆောင်ရွက်ခဲ့သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု သည် ကြီးမားသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊
     ငွေကြေးကဏ္ဍဖွံ့ဖြိုးမှုအနေဖြင့် ၂၀၁၂ ခုနှစ်မှစတင်၍ ATM စက်များ တပ်ဆင်ခဲ့ပြီး telecommunication ကဏ္ဍတွင် မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုမြင့်မားခဲ့ပြီး၊ တစ်မိနစ်အပေါ် တပ်ဆင်သုံးစွဲခ လျော့နည်းခဲ့ကြောင်း၊ လွန်ခဲ့  သ ည့် သုံးနှစ်ကျော်ကာလတွင် ဆင်းကတ် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၅၀၀ မှ ယနေ့ခေတ်တွင် အမေ ရိကန်ဒေါ်လာ ၁၅ ဒေါ်လာအောက်လျော့နည်းသွားသည်ကို တွေ့ရ ကြောင်း၊
     မြန်မာပြည်သူများမှာ အလုပ်အကိုင်  ကြိုးစားသူများဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၌  စီးပွားရေး   လျင်မြန်စွာတိုးတက်လာမည့် အလားအလာများ ရှိနေကြောင်း၊
    ၂၀၁၆ ခုနှစ် အာဆီယံ စီးပွားရေး လုပ်ငန်းများ ရှုမြင်သုံးသပ် ချက်စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံသို့ လုပ်ငန်းတိုးချဲ့ရန် ရည်ရွယ် သည့် ကုမ္ပဏီများမှာ ၃၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံသည် အလားအလာ အမြင့်ဆုံးနို င်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ လူ သုံးကုန်ပစ္စည်း ထုတ်လုပ်မှုတွင် မြန်မာနိုင်ငံသည် ၅၃ ဒသမ ၅ ရာခိုင် နှုန်း၊ ဗီယက်နမ်နိုင်ငံသည် ၄၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင်ငံသည် ၃၄ ဒသမ ၉  ရာခိုင်နှုန်းဖြင့် အလား အလာရှိကြောင်း၊

အားနည်းချက်များမှာ
      ငွေကြေးလွှဲပြောင်းမှုတွင် အခက်အခဲများ ရှိနေသေးကြောင်း၊ အမေရိကန်ဘဏ်များ ဝင်ရောက်ရန် လိုအပ်နေကြောင်း၊
      အမေရိကန် အစိုးရမှ စီးပွားရေးအရေးယူပိတ်ဆို့မှု ဖယ်ရှား ရန်ကျန်ရှိနေပါသေးကြောင်း၊ အခြေခံအဆောက်အဦ လိုအပ်ချက်၊ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေစည်းမျဉ်းများ လိုအပ်နေမှုများရှိနေပြီး ပြန်လည်ရေးဆွဲရန် အချိန်ယူ ရမည်ဖြစ်ကြောင်း၊
       လာဘ်ပေးလာဘ်ယူကိစ္စရပ်များ ကျန်ရှိနေသေးသော်လည်း အစိုးရသစ်မှ တိုက်ဖျက်လျက်ရှိပါကြောင်း၊
      ထောက်ပံ့ပို့ဆောင်ရေးနှင့်အခြေခံအဆောက်အဦတို့တွင် အဓိကစိန်ခေါ်မှုများ ကျန်ရှိနေသေးကြောင်း၊ သို့ပါ၍ အဆိုပါအခြေအနေများ တိုးတက်ဖြစ်ပေါ်ရေးသည် အမေရိကန်ကုမ္ပဏီများ၏ အခွင့်အလမ်းများဖြစ်ကြောင်း၊
     ကျွမ်းကျင်လုပ်သားရှားပါးမှုသည် လေ့ကျင့်ပညာပေးသင်တန်း များတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်ကို ရည်ညွှန်းနေကြောင်း၊ ယင်းအခက်အခဲများသည် အခွင့်အလမ်းများဖြစ်ကြောင်း၊  

အခွင့်အလမ်းများမှာ
       ရန်ကုန်မြို့နေရာအနှံ့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ် နေသည်ကို မြင်တွေ့ရခြင်းမှာ ယနေ့ကမ္ဘာတွင် စီးပွားရေးလုပ်ငန်း များ စိတ်ဝင်စားမှုမြင့်မားနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်နေခြင်း ကြောင့် ဖြစ်ကြောင်း၊
       စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာပြီး၊ သုံးစွဲနိုင်သောဝင်ငွေ တိုးတက်လ ာသဖြင့် စားသုံးသူအခြေပြုလုပ်ငန်းများ ဆောင်ရွက်နိုင် ကြောင်း၊
       ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ဓာတ်သတ္တုစသည့် သဘာဝသယံဇာတများပေါများသဖြင့် Extractive Industries များ တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆောင်ရွက်နိုင်ကြောင်း၊
       ကုန်စည်၊ ဟိုတယ်၊ ဆက်သွယ်ရေး၊ စားသောက်ဆိုင်လုပ်ငန်း များတွင် လုပ်ကိုင်နိုင်ကြောင်း၊ ကုန်စည်သာမက ဝန်ဆောင်မှု လုပ်ငန်းများတွင်လည်း အခွင့်အလမ်းများရှိနေကြောင်း၊ Franchise market တွင် စိတ်ဝင်စား မှုများရှိကြောင်း၊
       ရင်းနှီးမြှုပ်နှံမှုတွင် ပြည်တွင်းပါတနာကုမ္ပဏီ ရှာဖွေနိုင်ကြောင်း၊ ဈေးကွက်ဝင်ရောက်မှု မဟာဗျူဟာနှင့်စပ်လျဉ်း၍ အမေရိကန် Law firms များရှိနေပြီး၊ services provider ကုမ္ပဏီများ ရှာဖွေနိုင်ကြောင်း၊
       ရင်းနှီးမြှုပ်နှံသူအများစုက မြန်မာနိုင်ငံအား လုပ်သားအင်အား အလေးပေးနှင့်ထပ်ဆင့်တိုးတန်ဖိုးနည်း ကုန်ထုတ်လုပ်မှု အခြေစိုက်အဖြစ် ရှုမြင်နေကြသော်လည်း လယ်ယာ၊ အပေါ့စားကုန်ထုတ်လုပ် ငန်းများ၊ အခြေခံ အေ ဆာက်အဦ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ထုပ်ပိုး မှုလုပ်ငန်းများ၊ ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ရေး၊ ဓာတုဗေဒလုပ်ငန်း၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် Fast Moving Consumer Goods (FMCG)  စသည့် လုပ်င န်းများ ဆောင်ရွက်ရန် အခွင့်အလမ်းများရှိပါကြောင်း ပြောကြားခဲ့သည်။
        ထို့ပြင် တက်ရောက်လာသူများက မြန်မာနိုင်ငံနှင့်စပ်လျဉ်း သည့်မေးခွန်းများကိုလည်း မေးမြန်းခဲ့ရာ အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံအတွင်းမည်သည့် ကုမ္ပဏီများနှင့်ယှဉ်ပြိုင်ရမည်နည်း။ မြန်မာနိုင်ငံအတွင်း လက် ရှိ လုပ်ကိုင်နေသည့်Multi National Companies မည်မျှရှိနေသနည်း။ မြန်မာနိုင်ငံအတွင်းရှိ အစိုးရဝန်ထမ်းများ၏ အကျင့်ပျက် ခြစားမှုနှင့်စပ်လျဉ်း၍ မည်သို့ စောင့်ကြည့်ဖယ်ရှားနေပါသလဲ။ ငွေကြေးလွှဲပြောင်း မှုသည် မြန် မာနိုင်ငံ၏ ပြင်ပမှဖြစ်နေ သဖြင့် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (သို့မဟုတ်) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တိုးတက်လာစေရန် မည်သို့ ဆောင်ရွက်ပေးနိုင်မည်နည်း။ မြန်မာနိုင်ငံတွင် အခြေခံအဆော က်အဦ တည်ဆောက်ရေး နှင့်စပ်လျဉ်း၍ ဆက်သွယ်နိုင်မှုလမ်းကြောင်း စီမံကိန်းများ (Connectivity projects) များ၊ One Belt One Road,ALLB စသည့် စီမံကိန်းလုပ်ငန်းကြီးများ၊ ဈေးကွက်တွင် တရုတ်နိုင်ငံတစ်နိုင်ငံ တည်း မှပင် ဈေးကွက်အကြာကြီးရရှိနေသည်မှာ မှန်ပါသလား။
          ရထားပို့ဆောင်ရေးကဏ္ဍတွငJICA နှင့် ဆောင်ရွက်နေမှု မည် သို့ရှိနေပါသနည်းတို့ဖြစ်သည်။ အမေရိကန်စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုများရှိနေသော်လည်း၊ အမေရိကန်နိုင်ငံအစိုးရ မှ မြန် မာ နိုင်ငံအပေါ် ချမှတ်ကျင့်သုံးခဲ့သည့် စီးပွားရေး အရေးယူပိတ်ဆို့မှု များ ရှိနေသေးသဖြင့် အကန့်အသတ်များ ကျန်ရှိနေပါသေးသည်။ မကြာသေးမီက အမေရိကန်ကုန်သည်ကြီးများအသင်းမှ ရန်ကုန်မြို့တွင် ဖတ်ကြားတင်ပြခဲ့ သည့် အမေရိကန်-မြန်မာ ကုန်သွယ်မှု ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် သဘောထားမှတ်ချက် ကြေညာစာတမ်းအရ မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ အနေဖြင့် ငွေကြေးအရင်းအနှီးရရှိနိုင်မှု၊ မြေအသုံးပြု နိုင်မှု၊  လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ ကျန်းမာ၍ အရည်အချင်း တစ်ရပ် ပိုင်ဆိုင်ထားသည့် ကျွမ်းကျင်လုပ်သားရရှိနိုင်မှု၊ ဥပဒေစိုးမိုးမှုနှင့် လာဘ်ပေးလာဘ်ယူကိစ္စရပ်များ၊ စည်းမျဉ်းဥပဒေနှင့်အခွန်ကောက်ခံ မှုဆိုင်ရာ  မရေရာမှု၊ အခြေခံ အဆောက်အဦမလုံလောက်မှုတို့ကို အလေးပေးဖော်ပြသွားသည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ မြန်မာ နိုင်ငံအတွင်း အားကောင်းစေရန် ဆောင်ရွက်ရမည့် အစီအမံများရှိ သကဲ့သို့ အမေရိကန်ဘက်မှလည်း နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အထောက်အကူပြုစေရန်အတွက် ဖြေလျှော့ပေးမှုများဆက်လက်ပေးရန် လိုအပ်နေပါသေးကြောင်းGSPအခွင့်အရေးပေးအပ်ရေးကဲ့သို့သော ကိစ္စရပ်များကျန်ရှိနေပါ သေးကြောင်း သိရှိရ ပါသည်။

Local Trade News

Pages