လယ်သမားအကျိုးစီးပွားမြှင့်တင်ရေးအတွက် ပြည်ပသို့စပါးတင်ပို့ခွင့်ပြုရန် ဆောင်ရွက်နေ

Mon, 10/31/2016 - 05:34 -- admin_ygn

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် လယ်သမားများ၏အကျိုးစီးပွား မြှင့်တင်ရေးအတွက် ပြည်ပဈေးကွက် လိုအပ်ချက် ရှိနေသည့် စပါးကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိနေပြီဖြ စ်ကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ရက် က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းစပါးဈေးများ ကျဆင်းမှုများကြောင့် တောင် သူလယ်သမားများ နစ်နာမှုများဖြစ်ပေါ်နေ ကြောင်း CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားခဲ့ပါတယ်။ ၂၀၁၅ခုနှစ် စပါးပေါ်ချိန်က ဧရာဝတီ တိုင်းဒေသကြီးမှာ မနောသုခ စပါးတင်းတစ်ရာကို ကျပ်၅၄၃၀၀၀ ရှိခဲ့သော်လ ည်း ယခုနှစ်စပါးပေါ် ချိန်တွင်မူ မနောသုခစပါးတင်းတစ်ရာလျှင် ကျပ် ၅၂၂၀၀၀ သာရှိခဲ့ပါတယ်။ ဒါ့အပြင် မနောသုခ(နွေ)စပါးဈေးမှာလည်း ကျဆင်းလျက်ရှိရာ ၂၀၁၅ ခုနှစ် စပါးပေါ် ချိန်က မနောသုခ(နွေ) စပါးတင်းတစ်ရာကို ကျပ် ၅၀၆၀၀၀ ရှိခဲ့ပြီး ယခုနှစ်စပါးပေါ်ချိန်မှာတော့ ကျပ် ၄၃၂၀၀၀ သို့ ကျဆင်းခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့မှာ လည်း စပါးဈေးများ ကျဆင်းလျက်ရှိရာ မနော သုခ(မိုးဟောင်း)စပါး တင်းတစ်ရာကို ၂၀၁၅ ခုနှစ် က ကျပ် ၅၃၀၀၀၀ ရှိခဲ့သော်လည်း ယခုနှစ် စပါးပေါ်ချိန်တွင် ကျပ် ၅၀၀၀၀၀သို့ကျဆင်း လျက်ရှိကြောင်း စပါးဈေးကွက်အတွင်းမှ စုံစမ်း သိရှိရပါတယ်။ စပါးဈေးများ ကျဆင်းနေသလို ပြည်ပသို့ ဆန်တင်ပို့ရာမှာလည်း ယခင်နှစ် ကာလတူထက် တန်ချိန်နှစ်သိန်းနီးပါး လျော့နည်းတင်ပို့ခဲ့တာ ကိုလည်း စာရင်းဇယားများအရ သိရှိရပါတယ်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက် အထိ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၃၀၀၉၃ ဒသမ ၂၃၃ တင်ပို့ခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၂၃၇၆၅၉ ဒသမ ၈၀၃ ရှိခဲ့ပြီး နှစ်ရပ် ပေါင်းတန်ချိန် ၇၆၇၇၅၃ ဒသမ ၀၃၆ ရှိခဲ့ပါတယ်။
            ယခုနှစ်ကာလတူမှာတော့ ဆန် တင်ပို့မှုမှာ တန်ချိန် ၄၁၆၁၄ ဒသမ ၁၃၀ သာ တင်ပို့ခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၁၄၃၄၈၄ ဒသမ ၉၅၀ တင်ပို့နိုင်ခဲ့ပါတယ်။ နှစ်ရပ်ပေါင်းတင်ပို့မှုမှာ တန်ချိန် ၅၅၉၆၄၉ ဒသမ ၀၈၀ တင်ပို့ခဲ့ပါတယ်။ အဲဒီတင်ပို့မှုနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ဒီနှစ်ကာလတူမှာ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုနှစ်ရပ် ပေါင်းမှာတန်ချိန် နှစ်သိန်းကျော် တင်ပို့မှု လျော့ နည်းခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆန်တင်ပို့မှုထက် ဆန်ကွဲတင်ပို့မှု က ပိုမိုနေတာကိုလည်း အဲဒီစာရင်းများအရ သိရှိ ရမှာဖြစ်ပါတယ်။ ဆန်တင်ပို့မှုမှာ တန်ချိန် တစ်သိန်း ကျော် လျော့နည်းခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာတော့ တန်ချိန် ကိုးသောင်းကျော် လျော့နည်း တင်ပို့ခဲ့တာ ကို တွေ့ရ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပသို့ ဆန်တင်ပို့ရာမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံသို့သာ အဓိကထားပြီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ပြည်တွင်း ဆန်ထွက်ရှိမှုရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်နိုင်ငံတည်းကိုသာ အဓိကထားပြီးတင်ပို့နေရတဲ့အကြောင်းက တရုတ်နိုင်ငံ ဟာ ဘယ်လိုဆန်အမျိုးအစားကိုမဆို၊ ဘယ်လို အရည်အသွေးမျိုးကိုမဆို ဝယ်ယူနေလို့ပဲ ဖြစ် ပါတယ်။ တခြားနိုင်ငံတွေကတော့ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဗီယက်နမ်စတဲ့ နိုင်ငံ တွေက တင်ပို့နေတဲ့ အရည်အသွေးကောင်းတဲ့ ဆန်တွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ပြီး ဝယ်ယူနေကြ ပါတယ်။ အဲဒီလိုယှဉ်ပြိုင်ရာမှာ မိမိတို့နိုင်ငံရဲ့ ဆန်စပါး အရည်အသွေး ဟာ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အရည်အသွေး နိမ့်ကျနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့ အပြင် မိမိတို့နိုင်ငံရဲ့ဆန်ထုတ်လုပ်မှု ကုန်ကျ စရိတ် မြင့်တက်ခြင်း၊ အထွက်နှုန်း နည်းခြင်း၊ သယ်ယူပို့ဆောင်စရိတ်နဲ့ ဝန်ဆောင်ခ၊ အလုပ် သမားခစတဲ့ စရိတ်စကတွေ မြင့်တက်နေတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ နိုင်ငံတကာက သတ် မှတ်ထားတဲ့ဈေးနှုန်းအတိုင်း ယှဉ်ပြိုင်ရောင်းချနိုင် ခြင်းမရှိခဲ့ပါဘူး။
             ဒီနှစ်ဇူလိုင်လအတွင်းက ဖိလစ်ပိုင်နိုင်ငံက ဆန်တန်ချိန်သုံးသိန်း ဝယ်ယူမယ်လို့ ကမ်းလှမ်းခဲ့ပြီး ဆန်အဝယ် တင်ဒါခေါ်ယူရာမှာ မြန်မာနိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံကပေးတဲ့ နိုင်ငံတကာ ပေါက ဈေးနဲ့ ယှဉ်ပြိုင်နိုင်ခြင်း မြ ပုနိုင်တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံက အဲဒီတင်ဒါကို ရရှိသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ဆန်တင်ပို့ ရောင်းချနေရတယ်ဆိုပေမယ့်လည်း တရားမဝင် တင်ပို့ရောင်းချနေရသလို တရုတ်နိုင်ငံ က သတ်မှတ်ထားတဲ့ AQSIQ စံသတ်မှတ်ချက်တွေ အတိုင်း သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့အညီ မတင်ပို့နိုင်တဲ့အတွက် နယ်စပ်ဖြတ်ကျော်တင်ပို့ရာမှာ အခက်အခဲတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ် ကာလ တူကထက် တန်ချိန် နှစ်သိန်းကျော် လျော့နည်းတင်ပို့ခဲ့ရပြီး တန်ချိန် ငါးသိန်းကျော်သာ တင်ပို့နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ယခုကာလအချိန်ဟာ မြန်မာနိုင်ငံမှာ စပါး သစ်ပေါ်နေချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကောက်စောစပါးပေါ်ချိန် ဟာ တစ်ဖက်နိုင်ငံရဲ့ သီးနှံဈေးကွက် ဖြစ်ပေါ်ချိန်ရာသီနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် စပါးဟာကြာရှည်အထားခံတဲ့ ကုန်ပစ္စည်းဖြစ်သလို တစ်ဖက်နိုင်ငံမှာ အဆင့်မီကြိတ်ခွဲ နိုင်တဲ့ ဆန်စက်တွေ ရှိတဲ့အတွက် တစ် ဖက်နိုင်ငံက ကုန်သည်တွေဟာ ဆန်ထက် စပါးကို ပိုပြီးဝယ်ယူချင်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ ကောက်စောစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းနေချိန်နဲ့ ရင်ဆိုင်နေရတာကြောင့် စပါးစိုက်ပျိုး သူ တောင် သူတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံ တွေ့နေရတာဖြစ်ပါတယ်။ အဲဒီလိုတောင်သူတွေရဲ့ အခက်အခဲတွေအပြင် ပြည်ပဆန်တင်ပို့မှု လျော့နည်းကျဆင်းမှုကိုပါ ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့အတွက် အောက်တိုဘာ ၂၉ ရက်က ရန် ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေး ဦးစီးဌာနရုံးတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါး တင်ပို့ရောင်းချသူ များအသင်းမှ တာဝန် ရှိသူများ၊ မူဆယ် နယ်စပ်ပဲပြောင်းနှမ်းကုန်စည် ဒိုင်နှင့် မူဆယ်ဆန်တင်ပို့ရောင်းချသူများ အသင်း မှ တာဝန်ရှိသူများတွေ့ဆုံပြီး ညှိနှိုင်းခဲ့ကြပါတယ်။
            အဲဒီအစည်းအဝေးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လောလောဆယ်တွင် တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားအတွက် အခက်အခဲဖြစ် နေသည့်ကိစ္စများအား အချိန်နှ င့်တစ် ပြေးညီ ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ ယင်းသို့ဆောင် ရွက်ရာတွင် တာဝန်ရှိသူ များအနေဖြင့် လုပ်သင့် လုပ်ထိုက်သည့် ကိစ္စရပ်များအား သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ညှိနှိုင်းပြီး နိုင်ငံတော်၏ လမ်းညွှန်ချက်အရ ေ ဆာင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့လုပ်ငန်းရှင်အများစုကလည်း ပြည်ပဈေးကွက်ရှိတဲ့ စပါးတင်ပို့ခွင့်ကို စမ်းသပ်ခွင့်ပြုရန်၊ ခွင့်ပြုမယ့်ကာလကို အချိန်အတိုင်းအတာ တစ်ခု အထိ ကန့် သတ်ခွင့်ပြုရန်၊ အစိုးရအနေဖြင့် အရန် ဆန်ဝယ်ယူ ရေး နည်းလမ်းကိုလည်း အသုံးပြုရေးအတွက် စဉ်းစားပေးရန်၊ ပြည်ပသို့ တင်ပို့မှုများအတွက် LC Financing ကိုလည်း သက်ဆိုင်ရာများက ဆောင် ရွက်ခွင့်ပြုပေး ရန်၊ စပါးတင်ပို့မှုကို ကန့်ကွက်သည့် အဖွဲ့ရှိပါက ၎င်းင်းအဖွဲ့က အခြေခံဈေးနှုန်းတစ်ခု သတ်မှတ်ပေးပြီး တောင်သူများထံမှဝယ်ယူပေးရန်၊ စပါးအထွက်နှုန်း တိုးမြှင့်ရေးဆောင်ရွက်ပေးရန်၊ ထုတ်လုပ်မှုကုန်ကျ စရိတ်လျှော့ချေ ရး ဆောင်ရွက်ပေးရန်၊ ပို့ကုန်အပေါ် ဝင်ငွေခွန်ကောက်ခံခြင်းအား ပို့ကုန်တိုးမြှင့်ရေးအတွက် ပယ်ဖျက်ပေးရန် နှင့်နှစ်ချုပ်အခွန်မှသာစုစည်း ကောက်ခံပေးရန်အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။ ယင်းေ ဆွးနွေးပွဲဟာ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းစေရေး၊  ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ တောင်သူများ ဆောင်းသီးနှံအချိန်မီ စိုက်ပျိုး နိုင်ရေး၊ မိုးစပါးထွက်ရှိရာတွင် ဈေးနှုန်းကျဆင်းမှုကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ေ ဈးကွက် ရှိတဲ့ ပြည်ပနိုင်ငံများသို့ စပါးတင်ပို့မှုအား ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ယခင်အစိုးရများလက်ထက် ကလည်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ စပါးများ တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။

Local Trade News

Pages