ရန်ကုန်ဈေးကွက်မှာ ဆန်ချော ဈေးတက်ပြီး ဆန်ကြမ်းဈေးကျ

Fri, 10/13/2017 - 03:34 -- admin_ygn

        ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောဈေးတက်ပြီး ဆန်ကြမ်းဈေးကျကြောင်း သိရပါတယ်။ ဆန်ချော ဖျာပုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၃၆၅၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၅၀၀၀၊ ပုသိမ်မြောင်းမြပေါ် ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ် ၃၉၀၀၀ နဲ့လတ်စတစ်အိတ် ကျပ် ၃၆၅၀၀၊ ရွှေဘိုပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ကျပ် ၅၀၀၀၀နဲ့ လတ်စတစ်အိတ်ကျပ် ၄၈၀၀၀ ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အထိဈေးတ က်ကြောင်း သိရပါတယ်။ ဆန်ချောမှာပစ္စည်းနည်းပြီး အဝင်ပါးတဲ့အတွက် ဈေးတက်တာဖြစ်ကြောင်း ဝါးတန်းကုန်စည်ဒိုင်မှ သိရပါတယ်။
        ယခုတစ်ပတ် ဆန်ကြမ်းဈေး အနည်းငယ်ပြန်ကျသွားကြောင်း သိရပါတယ်။ ဧည့်မထဆန်ထိပ်စတစ်အိတ် ကျပ် ၂၃၃၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၂၂၀၀၀၊ နွေသီးထပ်ရှယ် တစ်အိတ် ကျပ် ၂၃၀၀၀ မှ ကျပ် ၂၃၂၀၀၊ နွေဆန်ရက် ၉၀ တစ်အိတ် ကျပ် ၂၃၈၀၀ မှ ကျပ် ၂၄၂၀၀၊ ဧည့်မထ ၂၅ မှတ်တစ်အိတ် ကျပ် ၂၀၈၀၀ မှ ကျပ် ၂၁၀၀၀ ဖြစ်ပြီးတစ် အိတ်ကို ကျပ် ၂၀၀ မှ ကျပ် ၅၀၀ အထိ ဈေးကျကြောင်းသိရပါတယ်။ သြဂုတ်လလယ်လော က်ကစပြီး ဈေးတက်ခဲ့တဲ့ ဆန်ကြမ်းဟာ ယခုတစ်ပတ်မှာအနည်းငယ်ဈေးပြန်ကျလာတာဖြစ်ကြောင်း ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်လက်ကားဈေး နှုန်းများအရ သိရပါတယ်။
             မူဆယ်ဆန်ဈေးကွက်မှာ ယခင်တစ်ပတ်အတိုင်းဈေး မပြောင်းကြောင်း သိရပါတယ်။ ဧည့်မထ ၅ မှတ် မှော်ဘီ တစ်အိတ် ၁၃၉ ယွမ်မှ ၁၄၂ ယွမ်၊ ဧည့်မထ ၅ မှတ် စူပါတစ်အိတ် ၁၃၆ ယွမ်မှ ယွမ် ၁၄၀၊ ဧည့်မထ ၁၀ မှတ်မှော်ဘီ တစ်အိတ် ၁၃၃ ယွမ်မှ ၁၃၄ ယွမ်၊ ဧည့်မထ ၁၀ မှတ်စူပါ တစ်အိတ် ၁၃၁ ယွမ်မှ ၁၃၂ ယွမ်၊ မနောသုခ ၁၅ မှတ် တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၅ ယွမ်၊ မနောသုခ ၂၅ မှတ် တစ်အိတ် ၁၁၈ ယွမ်မှ ယွမ် ၁၂၀၊ ငစိန် ၅ မှတ်တစ်အိတ် ၁၂၇ ယွမ်မှ ယွမ် ၁၃၀၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၂၂ ယွမ် မှ ၁၂၅ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၁၈ ယွမ်မှ ၁၂၁ ယွမ်ဖြစ်ပါတယ်။ ဆန်အရောင်းအဝယ်လည်းပုံမှန်သာရှိကြောင်း မူဆယ်မှသတင်းရရှိပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages