မြေပဲဆန်ဈေးကျသော်လည်း အရောင်းအဝယ်ဖြစ်

Tue, 10/04/2016 - 06:01 -- admin_ygn

      ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေး အနည်းငယ်ကျလာတာ တွေ့ရပါတယ်။ အဝင်နည်းသွားပေမယ့် အဝယ်ရှိနေသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လုံးဆန်ကို အဝယ်မရှိပေမယ့် ဆီဆန်ကို မကွေး၊ မန္တလေး၊ မြင်းခြံနှင့်  ရန်ကုန် ဘက်မှ အဝယ်ရှိနေသဖြင့် တစ်နေ့လျှင် မြေပဲဆန်အိတ် ၁၂၀၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။  ဈေးကျသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ မြေပဲဆန်ဈေး မှာ ဆီဆန်တစ်ပိဿာလျှင်  ၁၄၅၀၀ ကျပ်၊  လုံးဆန် တစ် ပိဿာလျှင် ကျပ် ၁၉၀၀ ဖြင့် ယခင်တစ်ပတ်ထက်စာလျှင် ဈေးကျလာတာ တွေ့ရပါ တယ်။ ဈေးကျလာသဖြင့် တောင်သူများ အနေဖြင့် အမြတ် နည်းသွားသလို ၊ အချို့ တောင်သူများ မှာ အထွက်လည်း နည်းသလို၊ ဈေးကလည်းမကောင်းသဖြင့် အရှုံး ပေါ်နေတာ တွေ့ရပါတယ်။

 

ဝေေ၀မင်း

Local Trade News

Pages