မုံရွာဆီထွက်သီးနှံဈေးကွက် နှမ်းဈေးမော့လာ

Tue, 08/02/2016 - 09:19 -- admin_ygn

       မုံရွာကုန်စည်ဒိုင်  ဇူလိုင်လ စတုတ္ထပတ်  ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲ ဆန်ဈေးငြိမ်နေပြီး  နှမ်းမျိုးစုံကတော့ ဈေးမြင့်တက်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တစ်တင်း ကျပ် ၂၅၀၀၀ သာရှိခဲ့တဲ့  နှမ်းညိုဟာ  ယခုတစ်ပတ်မှာ ကျပ် ၂၆၅၀၀ အထိမြင့်တက်လာခဲ့ပြီး နှမ်းဖြူမှာလည်း  ယခင်တစ်ပတ်က  တစ်တင်း ကျပ် ၃၀၀၀၀ အမြင့်ဆုံးပေါက်ခဲ့ရာက  ယခုကျပ် ၃၃၀၀၀ အထိဈေးမော့လာတာတွေ့ ရပါတယ်။ နှမ်းနက်ကတော့ တစ်တင်း အမြင့်ဆုံး ကျပ် ၅၀၀၀၀ အထိဈေးပြန် မော့လာခဲ့တာတွေ့ရပါတယ်။
       ယခုတစ်ပတ် မြေပဲဆန်ဈေးကွက်မှာ ဈေးဆက်ငြိမ်ခဲ့ကာ မြေပဲလုံးဆန် (နီ) တစ်ပိဿာကျပ် ၂၆၅၀ ၊ လုံးဆန်(ဖြူ)  တစ်ပိဿာ ကျပ် ၂၆၀၀ နဲ့  ဆီဆန် တစ် ပိဿာ ကျပ် ၂၀၅၀ အသီးသီး အမြင့်ဆုံးဈေးပေါက်ခဲ့ပါတယ်။ မြေပဲနဲ့နှမ်း မျိုးစုံ ဈေးငြိမ်၊  ဈေးမော့ဖြစ်ခဲ့ပေမယ့်  စားသုံးဆီဈေးကတော့ ပဲဆီ တစ်ပိဿာ ကျပ် ၄၄၀၀၊ နှမ်းဆီတစ်ပိဿာ ကျပ် ၃၃၀၀ နဲ့ စားသုံးဆီတစ်ပိဿာ ကျပ် ၂၆၅၀ အသီးသီးပေါက်ဈေးအေးလျက်ရှိတယ်လို့ မုံရွာကုန်စည်ဒိုင် ဈေးကွက် မှ ေ လ့ လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ

Local Trade News

Pages