မန္တလေး၌ ကုန်သွယ်မှုအခြေခံသင်တန်းဖွင့်လှစ်

Fri, 11/15/2019 - 04:50 -- admin_ygn

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   ကုန်သွယ်ရေးဦးစီးဌာန၊   ပို့ကုန်သွင်းကုန်ရုံး(မန္တလေး) တွင် ကုန်သွယ်မှု အခြေခံသင်တန်းအမှတ်စဉ်(၁၀)ကို နိုဝင်ဘာလ ၁ ရက်က  ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူနှင့် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးတို့က သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ သင်တန်း တွင် ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ အကောက်ခွန် ဆိုင်ရာလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊  စားသုံးသူ အကာ အကွယ်ပေးရေး ဆိုင်ရာဥပဒေများ၊ ပြည်တွင်းအခွန်ဥပဒေများ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေများ၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏လုပ်ထုံးလုပ်နည်းများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းဆောင် ရွက်မှုများ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဆိုင်ရာသီအိုရီများကို ဌာနဆိုင်ရာပညာရှင်များအပြင် ပြင်ပကျွမ်းကျင် ပညာရှင်များကပါ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။

       အဆိုပါသင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းအဆင့်ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများ၊ ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဝန် ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာနည်းပြများ၊  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ ညီနောင်အသင်းအဖွဲ့များနှင့် သင်တန်းသား၊ကျောင်းသူ စုစုပေါင်း ၈၇ ဦး တက်ရောက်ခဲ့ပြီး  သင်တန်းကို နိုဝင်ဘာ ၁ ရက်မှ ဖေဖော် ဝါရီ ၂၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို နိုင်ငံတော်၏ကုန်သွယ်မှုကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်သွယ်မှုကဏ္ဍတွင် လူ့စွမ်း အားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 

 

TM-DOT