မန္တလေးမြို့တွင်ကျင်းပမည့် အိမ်ခြံမြေအရောင်းပြပွဲတွင် ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖိုးခန့် ရောင်းချရမည်ဟုခန့်မှန်း

Thu, 08/18/2016 - 03:47 -- admin_ygn

     မန္တလေးမြို့၊ မြို့တော်ခန်းမတွင် သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပ မည့် အိမ်ခြံမြေအရောင်းပြပွဲတွင် ကျပ်သိန်းပေါင်းနှစ်သောင်းကျော် ဖိုးခန့်ရောင်းချ ရမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါပြပွဲကို စီစဉ်သူဖြစ်သည့် iMyanmar House ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။
      အရောင်းပါးကာလဖြစ်သည့် မိုးရာသီကာလတွင် အဆိုပါပြပွဲကို ကျင်းပမည်ဖြစ်သော်လည်း မန္တလေးမြို့ခံများ၏ အိမ်ဝယ်ယူမည့်သဘောထားကို စစ်တမ်းများကောက်ယူပြီးမှသာ စီစဉ်ခြင်းဖြစ်သည့်အတွက် အဆိုပါ အိမ်ြ ခံ မြေ အရောင်းပြပွဲတွင် တိုက်ခန်းနှင့် ကွန်ဒိုများအား ရောင်းသူရော၊ ဝယ်သူပါ အကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း iMyanmar House ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားခဲ့သည်။ အဆိုပါအရောင်းပြပွဲ တွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးစသည့် မြို့ကြီးများမှအထင်ကရအိမ်ရာစီမံကိန်းများကို တစ်နှစ်မှ ၁၄နှစ် အထိ အရစ်ကျစနစ်များ၊ အထူးလျှော့ဈေးများဖြင့် ဝယ်ယူရရှိနိုင်စေရန် စီစဉ် ဆောင်ရွက်ပေး သွားမည်ဖြစ် သည်။
      ပြပွဲသုံးရက်အတွင်း အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်သည့် ဦးကိုကို ထွေး(တော်ဝင်စင်တာ)၊ ဦးတင်မောင်(မန္တလေးတိုင်း အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း)၊ ဦးအေးမင်း(အောင်သမာဓိအကျိုးေ ဆာင်)၊ ဦးပီတာ (အောင်သမာဓိအကျိုးဆောင် စီးပွားရေးအတိုင်ပင်ခံ)၊ ဦးစိုင်းခွန်နောင် (စိုင်းခွန် နောင်အိမ်ခြံမြေ)၊ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ၊ ဦးဝင်းဇော်(အိမ်ရာဖွံ့ဖြိုး ရေးဘဏ်)၊ ဦးမြတ်သူဝင်း (ရွှေမင်းသားဖောင်ေ ဒးရှင်း)၊ ဦးနေမင်းသူ (fh iMyanmar House)၊ ဒေါ်စုလတ်ဖြူ (MCEA) တို့က အိမ်ခြံမြေနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေးဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။

 

မယ်သီတာ

Local Trade News

Pages