မန္တလေးဈေးကွက်မှာ မတ်ပဲဈေးပြန်တက်ခဲ့သော်လည်းပဲတီစိမ်း ဈေးကျ

Thu, 08/18/2016 - 08:46 -- admin_ygn

     ဒီတစ်ပတ် မန္တလေးဈေးကွက်မှာ မတ်ပဲဈေးပြန်တက်ခဲ့ပြီး ပဲတီစိမ်းဈေးကတော့ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ယခင်တစ် ပတ်မှာ မတ်ပဲဈေးတစ်ပိဿာ ၂၄၇၀ ကျပ်သာရှိခဲ့ပေမယ့် ယခု တစ်ပတ်မှာ တစ်ပိဿာကို ၂၇၅၀ ကျပ် (တစ် တန်ကို ၁၆၈၄၀၇၂ ကျပ်ဖြစ်ခဲ့တာမို့ ယခင်တစ်ပတ်ထက်  ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ ပဲခွဲစက်တွေက အဝယ်ရှိပြီး တစ်နေ့ကို သုံးတင်း အိတ် ၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲတီစိမ်းအညာ ကတော့ ယခင်တစ် ပတ်မှာ တစ်ပိဿာ ၁၄၈၅ ကျပ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့  တစ်ပိဿာ ၁၃၆၉ ကျပ်(တစ်တန်ကို ၈၃၈၃၆၁ ကျပ်) သာရှိခဲ့တာမို့ ယခင်တစ်ပတ်ထက်ဈေး ကျဆင်းခဲ့ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်နေ့ကို သုံးတင်းအိတ် ၂၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ကုလားပဲဖြူလုံးကြီးကတော့ တစ်ပိဿာကို ၂၀၆၅ ကျပ် (တစ်တန်ကို ၁၂၆၄၅၈၅ ကျပ်) နဲ့ဈေးဖွင့်အဝယ်ရှိခဲ့ပြီး တစ်နေ့ကို သုံးတင်းအိတ် ၃၀ဝ မှ ၄၀ဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြော င်း သိရပါတယ်။

Local Trade News

Pages