မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေးကျ

Thu, 08/11/2016 - 07:02 -- admin_ygn

       ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၇၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၂၀၆၀ (တစ်တန်ကို ၁၂၆၁၅၂၃ ကျပ်) သာရှိခဲ့တာမို့ ယခ င်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်ပတ်အတွင်းတစ်တန်ကို ကျပ် ၇၀၀၀၀ ခန့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ကို အိတ် ၂၀၀ ခန့်ရှိကြောင်း သိရပါတယ်။ အလားတူ ပဲတီစိမ်းကလည်း ယခင် တစ်ပတ် က တစ်ပိဿာ  ကျပ် ၁၄၂၀ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၂၆၅ ကျပ် (တစ်တန်ကို ၇၇၄၆၇၃ ကျပ်) သာရှိခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၉၅၀၀၀ ခန့်ဈေးကျဆင်းခဲ့ပါတယ်။
      ပဲတီစိမ်းကတော့ တစ်နေ့ကို အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရပါတယ်။ နှမ်းမျိုးစုံအနေနဲ့ နှမ်းဖြူတစ်ပိဿာ   ၂၀၄၅ ကျပ်၊ နှမ်းညိုတစ်ပိဿာ ကျပ် ၁၄၉၀၊ နှမ်းနက်ရိုးရိုး တစ်ပိဿာကျပ် ၂၁၈၀၊ နှမ်းနက်စမုံတစ်ပိဿာကျပ် ၃၆၉၀ နဲ့ ဒီတစ်ပတ်မှာ အဝယ်ဖွင့်ခဲ့တာကြောင့် ယခင်တစ်ပတ်နဲ့နှိုင်းယှဉ် ပါက နှမ်းနက်စမုံဈေးတက်ခဲ့ပြီး နှမ်းဖြူကတော့ ဈေးကျခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ နှမ်းမျိုးစုံ အိတ် ၅၀၀ မှ ၉၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လည်း သိရပါတယ်။

Local Trade News

Pages