ပြည်မြေပဲဆန်ဈေးကွက် မိုးထဲရေထဲအရောင်းအဝယ်ဖြစ်

Wed, 08/17/2016 - 08:41 -- admin_ygn

    ယခုတစ်ပတ် ပြည်ဈေးကွက်သို့ မိုးမြေပဲသစ်များ ဝင်ရောက်မလာပေမယ့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပြည်မြို့ အတွင်း ကျေးရွာများမှာ ရေများဝင် ရောက်သဖြင့် မြေပဲဆန် ဝင်ရောက်မှုမရှိတာတွေ့ရပါတယ်။ လက်ကျန်ေြ မပဲဆန် များကို မိုးထဲရေထဲဖြစ်ပေမယ့်လည်း ရန်ကုန်ဆီစက်နဲ့ မြို့တွင်းဆီစက်များက အဝယ်ရှိသဖြင့် ဆီဆန်ဈေးအနည်းငယ်တက်ပြီး လုံးဆန် ဈေးမှာ ပုံမှန်ဖြစ်လျက်ရှိ ပါတယ်။ မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ကျ ပ် ၁၈၀၀၊ လုံးဆန်တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဖြင့် တစ်နေ့လျှင် အိတ် ၃၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၈၀၀ ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။

 

ဝေေ၀မင်း