ပြည်မန်ကျည်းမှည့်အသစ် ဈေးမြင့်

Fri, 02/03/2017 - 05:47 -- admin_ygn

        နှစ်ဟောင်းမန်ကျည်းမှည့်လက်ကျန်ပြတ်ခဲ့တာ ကြောင့် အသစ်ဝင်ရောက်လာတဲ့ မန်ကျည်းမှည့်အသစ်များ အဆွဲသန်တာကြောင့် ယခုတစ်ပတ် မန်ကျည်းမှည့် အသစ်ဈေးမြောက်လာတာ တွေ့ရပါတယ်။ ဈေးကွက် ဝင် ေ ရာက်မှုနည်းနေသေးတာရယ် နယ်စုံ၊ ဒေသစုံမဟုတ်သေး တာရယ်ကြောင့် အရောင်းအဝယ်သမားများရဲ့ ဝယ်လိုအား များပြီး ကုန်ပစ္စည်းမလုံလောက်သေးတာကြောင့် ဒေသတွင်း ဈေးကွက်မြင့်လာတာဖြစ်ပါတယ်။ ဒေသတွင်း ထွက်ရှိတဲ့ မန်ကျည်းမှည့်သစ်များကို ပွဲရုံ၊ ဒိုင်များသို့ မပို့သေးဘဲ ကိုယ်တိုင်ဈေးကွက်ချရောင်းတာကြောင့် ကြိုက်ဈေးရောင်း နေတာတွေ့ရပါတယ်။ ယခုတစ်ပတ် မန်ကျည်းမှည့် (လက်ကားဈေး) တစ်ပိဿာလျှင် (အစေ့မပါ) ကျပ် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိဖြစ်ပြီး (အစေ့ပါ) ကျပ် ၂၀၀၀ ဖြစ်ပါ တယ်။ (လက်လီဈေး) ဒေသတွင်းမှာတော့ ကျပ် ၃၅၀၀ မှ ၄၀၀၀ ကျပ်အထိ ရောင်းချနေတာတွေ့ရပါတယ်။ ပွဲရုံဝင် ရောက်မှု လုံးဝနည်းပြီး လက်ကျန်မရှိကြောင်း သိရပါတယ်။ ယခင်နှစ် မန်ကျည်းမှည့်ဈေးနှင့် နှိုင်းယှဉ်ပါက ဈေးအမြင့် မှာ ရှိနေတာသိရပါတယ်။

 

နီနီဝင်း

Local Trade News

Pages