ပြည်ပဲမျိုးစုံဈေးကွက်မှာ နှစ်အလိုက်ကာလတူအချိန် ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်း နှိုင်းယှဉ်မှု အခြေအနေ

Fri, 10/13/2017 - 03:44 -- admin_ygn

        ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်အတွင်း  ပြည်တွင်းပြည်ပ အဝယ်ရှိသော  ပဲများအားလုံးအနက် ပြည်တွင်းအဝယ်ရှိသော  ပဲများ ပို အရောင်းအဝယ်ဖြစ်လျက်ရှိနေတာကို တွေ့ရပါတယ်။  သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံရဲ့ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒများ ပြောင်းလဲခဲ့တာကြောင့် ပြည်ပဝယ်လက်များသော မတ်ပဲနှင့် ပဲစင်းငုံ သီးနှံမှာ အရောင်းအဝယ်အေးခဲ့ပြီး ပဲတီစိမ်းသီးနှံသာ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သလို ပဲဈေးနှုန်းများလည်း ေ လျာ့နည်းကျဆင်းခဲ့ပါတယ်။ ကျန်ပဲ များဖြစ်တဲ့ ပဲကြီး၊ ကုလားပဲ စသည့် သီးနှံများကတော့ ပြည်တွင်းဝယ် လက် အဝယ်ရှိတာကြောင့် ဈေးကောင်းရ လျက်ရှိသလို နှစ်အလိုက် ဈေးနှုန်း နှိုင်းယှဉ်မှုအရ အဆိုပါ ပဲနှစ်မျိုးမှာ ယခ င်နှစ်များထက် ဈေးပိုရနေကြောင်း ဖော်ပြပါဇယားအရ  လေ့လာတွေ့ရှိပါ တယ်။မတ်ပဲသီးနှံမှာ ၂၀၁၅ ခုနှစ်တွင် ဈေးအမြင့်ဆုံးနဲ့ ပဲဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့  ဈေးလျော့ခဲ့သော်လည်း ပဲ ဈေး ကွက်အတွင်း ဈေးအမြင့်ဆုံးနဲ့ ဆက်လက်အရောင်းအဝယ်ဖြစ်နေခဲ့ပါ တယ်။၂၀၁၇ ခုနှစ်  ပဲသစ်ပေါ်ချိန်မှစ၍ မတ်ပဲ ဈေးအေးခဲ့လို့ ပြည်ပဝယ်လက်ပဲများအနက် ပဲတီစိမ်းဈေးထက် လည်း ဈေးလျော့နေခဲ့ကာ ယခုအချိန်မှာေ တာ့ အိန္ဒိယက  ဝယ်လိုအား ကန့် သတ်လိုက်ခြင်းကြောင့် ပဲဈေးမှာ ထပ်မံ လျော့နည်းသွားခဲ့ကာ ငွေလို၍ ရောင်းချ သူအချို့ ဖြင့်သာ ရောင်းဝယ်မှု ဖြစ်နေ ခဲ့ပါတယ်။

        ပဲတီစိမ်းသီးနှံမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ပဲသစ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သော်လည်း ၂၀၁၅ ခုနှစ် စက်တင်ဘာ လမှာ ပဲလက်ကျန်မရှိတော့ဘဲ ဇူလိုင်၊ သြဂုတ်လများတွင်သာ အရောင်း အဝယ် သွက်ခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် တစ်တင်း ကျပ် ၂၄၅၀၀ မှ  ကျပ် ၂၈၀၀၀  အတွင်း  အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခုနှစ်မှာလည်း တစ်တင်း ကျပ် ၂၈၀၀၀ ခန့်ထိသာ ရခဲ့တဲ့ အတွက် ယခင်နှစ်ဈေးနှင့် ယခုနှစ်ဈေး နှုန်း ကွာခြားမှုသိပ်မရှိကြောင်း လေ့လာ သိရှိရပါတယ်။ တရုတ်ဝယ်လက်အဝယ် ရှိလို့ မန္တလေးလိုင်းသမားများကဝယ် လိုအားရှိကာ ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်  ပဲများအ နက်  မတ်ပဲ၊ ပဲစင်းငုံသီးနှံထက် ပဲတီစိမ်းသီးနှံ အရောင်း အဝယ် ပိုဖြစ်နေခဲ့တာကို တွေ့ရပါ တယ်။ ပဲစင်းငုံသီးနှံမှာလည်း  ပဲတီစိမ်း သီးနှံကဲ့သို့ပင်  ၂၀၁၅ ခုနှစ် စက်တင် ဘာလမှစ၍  ပဲလက်ကျန်မရှိသလို ပဲသစ် ဝင်ရောက်ြ ခင်းလည်း မရှိသေးတဲ့အတွက် အရောင်းအဝယ်မဖြစ်သေးဘဲ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာတော့ ဈေးကွက်မှာ ပဲစင်းငုံသီးနှံ ပဲ လက်ကျန်အနည်းငယ်ဖြင့် ရောင်းဝယ်နေကြပြီး ရန်ကုန်ဝယ်လက်မှ ရက်ခြား အဝယ် ရှိတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ တစ်တင်း ကျပ် ၃၇၅၀၀ ဖြင့် ဈေးကောင်းခဲ့ပြီး ယခုနှစ်မှာတော့ အိန္ဒိယ က ပဲတင်သွင်းမှုကို ကန့်သတ်လိုက်တဲ့အတွက် ပဲဈေးနှုန်းများ ဈေးလျော့ခဲ့ ကာ တစ်တင်း ကျပ် တစ်သောင်းေ ကျာ် သာရရှိခဲ့ကြောင်း သိရပါတယ်။
          ကုလားပဲသီးနှံမှာ  ပြည်တွင်း၌သာ ရောင်းဝယ်မှုများပြီး ပြည်ဈေးကွက်မှာလည်း ဒေသတွင်းသာ ရောင်းဝယ် ကြရသော်လည်း ဈေးနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် တရိပ်ရိပ်တက်လာတယ် လို့ ဆိုရမှာဖြစ်ပါတယ်။  ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွင် မတ်ပဲသီးနှံထက် ဈေး လျော့နည်းရောင်းဝယ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ ဈေးကောင်းရခဲ့တဲ့ ပဲဖြစ် လို့ ပြည်ပဝယ်လက်ပဲများထက်ပင် ဈေး ပိုခဲ့ကာတစ်တင်း ကျပ် ၄၇၀၀၀ အထိ ရရှိနေခဲ့ပါတယ်။  မျိုးပဲ ဝယ်ယူမှုများ လည်း စက်တင်ဘာလအတွင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲကြီးသီးနှံကတော့ ၂၀၁၅ ခုနှစ် နှင့် ၂၀၁၆ စက်တင်ဘာတွင် ကုလားပဲ သီးနှံထက် ဈေးလျော့နည်း ရောင်းဝယ် ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် အတွင်းမှာ ပဲကြီး သီးနှံ ဈေးကောင်းဆက်ရနေလို့ ကုလား ပဲသီးနှံထက် ဈေးပိုလာသလို ဈေးကွက် အတွင်း ဈေးအမြင့်ဆုံး  ရခဲ့တာကြောင့် ရွှေကျွန်းတစ်တင်း ကျပ် ၅၅၀၀၀၊ ကမ်း နားတစ်တင်း ကျပ် ၅၀၀၀၀ ဖြင့် ပဲကြော် ဖို သမားများက ပုံမှန်ဝယ်ယူခဲ့ကြတာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံမှာ ပြည်ခရိုင်အတွင်း စိုက်ပျိုးမှုနည်းလို့ မတ်ပဲ၊ ပဲတီစိမ်းသီးနှံများလောက် စိုက်ဧက မများသော်လည်း  ဒေသတွင်းသာ ရောင်းဝယ်မှုများတာကြောင့် နေ့စဉ် ပုံ မှန် ရောင်းဝယ်နေခဲ့ကြရတဲ့ သီးနှံ ဖြစ်ခဲ့ပါတယ်။ ပဲပုပ်သီးနှံမှာ ယခုနှစ်မှာ ရှေ့ကနှစ်များကထက်  ဈေးပိုလာ တယ်ဆိုသော်လည်း အမြင့်ဆုံးဈေး မှာ တစ်တင်း ကျပ် ၂၉၀၀၀ ဖြင့် ရောင်း ဝယ်ခဲ့ကြတဲ့အတွက်  ကုလားပဲ၊ ပဲကြီး သီးနှံများထက် ဈေးလျော့နည်းနေခဲ့ကာ ပဲဈေးကွက်မှာ ဈေးအနိမ့်ဆုံးနဲ့ ရောင်း ဝယ်နေတဲ့ပဲ ဖြစ်ခဲ့ပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages