ပြည်တွင်းရွှေနှင့်နိုင်ငံတကာရွှေဈေး မြင့်တက်လာ

Mon, 05/20/2019 - 06:22 -- admin_ygn

       ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ပြန်လည်မြင့်တက်ခဲ့ပြီး ယခင်တစ်ပတ်က ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀၃၆၀၀၀ ရှိခဲ့ရာမှ ယခုရက်သတ္တပတ်အတွင်း  ကျပ် ၁၀၅၀၀၀၀ သို့ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။ "ဒီတစ်ပတ် စဝင်လာကတည်းက ပြည်တွင်းရွှေဈေးတက်လာတယ်။ ပြည်တွင်းမှာက  လောင်စာဆီဈေးနှုန်းတွေကလည်း မြင့်တက်နေတယ်။ ဒါကြောင့်လည်း ကျန်တဲ့ ကုန်စည်ေ တွ ဈေးတက်လာတယ်လို့မြင်တယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာ လည်း ဈေးကပြန်မြင့်တက်တယ်။ကုန်သွယ်ရေးသဘောတူညီမှုဆွေးနွေးပွဲတွေ အပြီးမသတ်နိုင်သေးခင်မှာဘဲ တရုတ်ကုန်စည်တွေအပေါ် အခွန်မြှင့်တင်လိုက်ရာ ကေ န ကုန်သွယ်ရေးစစ်ပွဲ ပြန်စတင်လိုက်သလိုဖြစ်ရာက ကမ္ဘာ့ရွှေဈေးကို ဆွဲတင် လိုက်သလိုဖြစ်သွားတာပါ"ဟု ပြည်တွင်းရွှေအရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်နေ သူတစ်ဦးက ဆိုသည်။
          ပြည်တွင်းရွှေဈေးကွက်တွင် မေ ၆ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၁၀၄၃၀၀၀ရှိခဲ့ရာမှ မေ၈ ရက်တွင်  အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀၄၇၀၀၀သို့မြင့်တက်ခဲ့ရာမှ မေ ၁၀ရက်တွင် ကျပ် ၁၀၅၀၀၀၀ ဖြင့် ဈေးပိတ်ခဲ့ ကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ မေ ၆ရက်က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၈၂ ရှိခဲ့ရာမှ မေ ၈ရက်တွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၈၈ ဒေါ် လာသို့ဈေးမြင့်ခဲ့ရာမှ  မေ ၁၀ရက်တွင်လည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၈၄ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages