ပြည်တွင်းရွှေဈေးများ ဆက်လက်ကျဆင်း

Tue, 10/31/2017 - 09:42 -- admin_ygn

       ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက   ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင် ဆက်လက်ကျဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဈေးပြန်လည်ကျဆင်းလာ သဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်များ ပြန်လည်ကောင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ကျဆင်းလာခဲ့ရာ တစ်ပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၂၀  ကျော် ကျဆင်းလာခဲ့ သည်။
     "ကမ္ဘာ့ရွှေဈေးကျဆင်းလာလို့ ပြည်တွင်းရွှေဈေးလည်း လိုက်ပါကျဆင်းလာ ရတာပါ။ ကမ္ဘာမှာ ရွှေတင် သွင်းမှုအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ရွှေတင် သွင်းခွန်ကို တိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် ကမ္ဘာ့ရွှေဈေးကွက် မှာ အရောင်း အဝယ် အေးသွားတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးတွေ ကျဆင်းလာရတာပါ။ သီတင်းကျွတ်ပြီးကတည်းက ရွှေဈေးတွေ ပြန်လည်ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပြီးသားပါ။ ဒါကြောင့်လည်း ဒီရက်ထဲမှာ ပြန်ရောင်း တဲ့သူတွေ များလာတာပါ"ဟု ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
         ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် အောက်တိုဘာ  ၂၃ ရက်က ကျပ် ၉၃၀၀၀၀ ရှိခဲ့ရာမှ အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၉၃၃၅၀၀ သို့ ပြန်လည်မြင့်တက်လာခဲ့သည်။ သို့သော် အောက်တိုဘာ ၂၇ ရက်တွင် ကျပ် ၉၃၀၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် အောက်တိုဘာ ၂၃ ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၇၅ ရှိခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် ၁၂၈၂ ဒေါ်လာ သို့မြင့်တက်ခဲ့ ကာ အောက်တိုဘာ ၂၇ ရက်တွင် ၁၂၆၇ ဒေါ်လာသို့ ပြန်လည်ကျ ဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages