ပြည်တွင်းငွေလဲနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး ကျပ်ရှစ်သိန်းငါးသောင်းကျော်သို့ ရောက်ရှိ

Wed, 08/24/2016 - 08:24 -- admin_ygn

    ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ နေ့စဉ်မြင့်တက်လာမှုများ  ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိ ရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် ကတည်းက ပြည်တွင်းရွှေဈေး များ မြင့်တက်ခဲ့ သဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်ခဲ့သည့်နည်းတူ ယခင် တစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်ခဲ့သဖြင့် ဈေးကွက်တွင် အရောင်းအဝယ် များ အေးသည်ထက်အေးစက် လာခဲ့ကြောင်း ေ ရွှဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။
     ကမ္ဘာ့ရွှေဈေးကျဆင်းသွားသော်လည်း ပြည်တွင်းငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်လာမှုကြောင့် ရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။ "တကယ်ဆိုရင် ရွှေဈေးကကျလာရမှာ။ ဒေါ်လာဈေးနဲ့ရွှေဈေးက ပြော င်းပြန် အချိုးကျနေတာ။ အခုတော့ ပြည်တွင်းငွေလဲနှုန်းကလည်း တက်လာသလို ရွှေဈေး ကလည်းတက်လာတော့  ဘယ်လိုချိန်ထိုးရမလဲဆိုတာတောင် မသိတော့ဘူး။ ဈေး ကွက်ထဲမှာလည်း ရွှေဈေးက အမြင့်ဆုံးကိုရောက်ေ နတော့  အရောင်းအဝယ်ကမရှိ တော့ဘူး။ ရောင်းတဲ့သူ အနည်းအကျဉ်းလောက်ပဲရှိတော့တယ်"ဟု ရွှေကုန်သည် တစ်ဦးကမှတ်ချက်ပြုသည်။
     ပြည်တွင်းရွှေဈေးများသည် သြဂုတ် ၁၅ ရက်က ကျပ် ၈၄၇၅၀၀ ရှိခဲ့ရာမှ သြဂုတ် ၁၈ ရက်တွင် ကျပ် ၈၅၁၀၀၀ သို့မြင့်တက်ခဲ့ပြီး သြဂုတ် ၁၉ ရက်တွင် ကျပ် ၈၅၃၅၀၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် သြ ဂုတ် ၁၅ ရက်က ၁၃၃၀ ဒေါ်လာရှိခဲ့ပြီး သြဂုတ် ၁၈ ရက်တွင် ၁၃၅၃ ဒေါ်လာသို့ မြင့်တက် ခဲ့သော်လည်း သြဂုတ် ၁၉ ရက်တွင် ၁၃၄၇ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages