ပြည်ဈေးကွက်အတွင်း ကြက်သွန်နီ(အသစ်)များ ပိုမိုအရောင်းအဝယ်ဖြစ်

Wed, 12/06/2017 - 04:02 -- admin_ygn

       ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ ကျောက် ပန်းတောင်း၊ ပခုက္ကူ၊ ဆိပ်ဖြူအစရှိတဲ့ နယ်များမှ ပိဿာ ၃၀ ဝင်အိတ် ၁၀၀ မှ ၁၅၀ ထိ နေ့စဉ်ဝင်ရောက် နေကြောင်းသိရပါတယ်။ ကြက်သွန်နီ(အသစ်)များ ဝင်ရောက်မှုရှိသလို အဟောင်း မှာလည်း နေ့စဉ်အိတ် ၂၀၀  ဝန်းကျင်ခန့်ဝင်ရောက်နေကြောင်း  သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ကြက်သွန်နီ(အဟောင်း)မှာ မကြာခင်အစို့အပေါက်များ ထွက်ရှိလာတော့ မည်ဖြစ်သည့် အတွက် အဝယ်မလိုက်ဘဲ ကြက်သွန်နီ(အသစ်)မှာ အစိုဓာတ်အနည်းငယ်ရှိပေမယ့် ဈေးနှုန်းသင့်တင့်သည့်အတွက် (အဟောင်း)ထက် ပိုမိုအဝယ်လိုက်နေတာ တွေ့ရပါတယ်။
       ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ (အသစ်)ဈေးနှုန်းမှာ လက်ကားတစ်ပိဿာ လျှင် ကျပ်၂၂၀၀မှ ကျပ်၂၃၀၀ရှိပြီး လက်လီဈေး မှာ ကျပ် ၂၄၀၀မှ ကျပ် ၂၅၀၀နှုန်း တို့ဖြင့် ရောင်းဝယ်နေတာတွေ့ရပါတယ်။ ကြက်သွန်နီ(အေ ဟာင်း) ဈေးနှုန်းမှာ ယခုတစ်ပတ်ပွဲရုံ လက်ကားဈေး  တစ် ပိဿာ(ကြီး) ကျပ် ၃၁၀၀မှ ကျပ် ၃၂၀၀၊ (လတ်) ကျပ် ၃၀၀၀၊(သေး) ကျပ်၂၈၀၀ မှ ကျပ် ၂၉၀၀နှုန်းရှိပြီး လက်လီဈေးများတွင် (ကြီး) ကျပ် ၃၅၀၀ မှ ကျပ် ၃၆၀၀၊ (လတ်) ကျပ် ၃၂၀၀ မှ ကျပ် ၃၄၀၀၊ (သေး) ကျပ် ၂၉၀၀-၃၀၀၀-၃၁၀၀နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကာ  ယခင်တစ်ပတ်လက်ကားဈေးတစ်ပိဿာလျှင်(ကြီး)ကျပ် ၂၉၀၀မှ ကျပ် ၃၀၀၀၊ (လတ်) ကျပ် ၂၇၀၀ မှ ကျပ် ၂၈၀၀၊ (သေး) ကျပ် ၂၅၀၀မှ ကျပ် ၂၆၀၀နှုန်းရှိပြီး လက်လီဈေး (ကြီး) ကျပ် ၃၂၀၀မှ ကျပ်၃၃၀၀၊ (လတ်)ကျပ် ၃၀၀၀မှကျပ်၃၁၀၀၊(သေး)ကျပ်၂၇၀၀-၂၈၀၀-၂၉၀၀နှုန်းရှိတဲ့အတွက် ယခုတစ် ပတ်ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက လက်လီ/လက်ကားတစ် ပိဿာလျှင် ကျပ် ၂၀၀ မှ ၃၀၀ခန့်  ပိုမိုမြင့်တက်သွားတာတွေ့ရပါတယ်။
        အစား အသောက်ချက်ပြုတ်ရောင်းချသူ   စားသုံးသူတချို့၏ ဈေးကွက် လိုအပ်ချက်အရ ပြည်ဈေးကွက်တွင် တရုတ်ကြက်သွန်နီများ မှာယူရောင်းချမှုရှိပြီး တစ်ပိဿာလျှင် ပွဲရုံ လက်ကားဈေးကျပ် ၉၀၀ မှ ကျပ် ၁၀၀၀ နှုန်းရှိ၍ လက်လီဈေး များတွင် ကျပ် ၁၂၀၀ မှ ကျပ် ၁၄၀၀ နှုန်းတို့ဖြင့်   ရောင်းဝယ်နေကြောင်းလည်း သိရပါတယ်။

 

ဝင်းလဲ့ဝါ(ပြည်)

Local Trade News

Pages