ပြည်ခရိုင် ကြံနှင့် သကြားစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဖွဲ့စည်း

Thu, 08/18/2016 - 08:55 -- admin_ygn

ပည်ခရိုင် ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်သူများ အသင်းကို ဩဂုတ်လ ၈ ရက်က ပဲခူးတိုင်းဒေသကြီး  (အနောက်) ပြည်မြို့၌ အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့ကြောင်း သိရသည်။အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ ခေ တ်မီ စိုက်ပျိုးနည်းစနစ်များ ကျင့်သုံး နိုင်အောင်ဆောင်ရွက်ရန် ၊ စက်ကိရိယာများကို စုပေါင်းဝယ်ယူအသုံးပြု နိုင်ရန်၊ မှန်ကန်သော အရည်အသွေးရှိသည့် သွင်းအားစုများကို စုပေါင်းဝယ်ယူ သုံးစွဲနိုင်ရန်၊ ငွေကြေးအရင်းအနှီးများ ရရှိအောင် စုပေါင်း ဆောင်ရွက်နိုင်ရန်နှင့် ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်သူများအကျိုးအမြတ်များ ပိုမိုရရှိစေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။အသင်းဖွဲ့စည်းခြင်းအခမ်းအနားသို့ မြန်မာနိုင်ငံ သကြားနှင့် ကြံလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးစံသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမြင့်လွင်၊ ခရိုင်ဦးစီးမှူး ၊ မြို့နယ်ဦးစီးမှူးများ ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော် များ၊ ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများ စုစုပေါင်း ၁၇၁ ဦးတက် ရောက်ခဲ့ကြောင်း သိရပါသည်။အသင်းဖွဲ့စည်းရာတွင် အသင်းဥက္ကဋ္ဌ အဖြစ် ဦးလှထွန်း ( တောင်ကံ ကလေး-ပေါက်ခေါင်း) ၊ အတွင်းရေးမှူးအဖြစ် ဦးဇော်ဝင်း (ကံကျိုး-ပြည် )၊ဘဏ္ဍာရေးမှူးအဖြစ် ဦးနေအောင် ( ပြန်ချီတက်-ပေါင်းတည် )၊ စာရင်းစစ်အဖြစ် ဦးအောင်ဝင်း (နတ်တလင်း အုပ်စု-ပေါက်ေ ခါင်း) တို့ကို အသင်းသူ အသင်း သားများက မဲစနစ်ဖြင့်ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။

 

ထွန်းမင်းထွန်း (ပြည်)

Local Trade News

Pages