ပခုက္ကူခရိုင်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးကွက်

Tue, 10/31/2017 - 09:31 -- admin_ygn

       ပခုက္ကူခရိုင်၊ပခုက္ကူမြို့သို့ ကြက်သွန်ဆောင်းစိုက်(ပင်စိုက်)များ ၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက်နေ့မှစ၍ ဈေးကွက်အတွင်းသို့စတင်ဝင်ရောက်ခဲ့ပါတယ်။ စတင် ဝင်ရောက်ချိန်က ဈေးနည်းခဲ့ပြီး  ယခုအချိန်တွင်ဈေးနှုန်းများ မြင့်တက်လျက်ရှိ သည်ကို တွေ့ရှိရပါတယ်။ စတင်ဝင်ရောက်သည့်အချိန်မှ လက္ကားတစ်ပိဿာလျှင် ထိပ်စကျပ် ၈၅၀၊ အလတ်စ ကျပ် ၆၅၀၊ အနိမ့်စကျပ် ၄၀၀ဈေးရ ှိ ခဲ့ပြီး အောက်တို ဘာလ ၂၄ ရက်၏ နောက်ဆုံးဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ၂၃၂၅ ကျပ်၊ လတ်စ ကျပ်၂၁၅၀၊ နိမ့်ဈေး  ကျပ်၂၀၀၀ ဈေးနှုန်းများရှိပါတယ်။
        ကြက်သွန်နီအဓိကစိုက်ပျိုးထုတ်လုပ်ရာ  ဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြိုမြို့နယ်များမှ   ကြက်သွန်နီနေ့စဉ်ပိဿာချိန် ၁၅၀၀၀ မှ ၃၀၀၀၀ ကြား ဝင်ရောက်လျက်ရှိကာ အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်း အနေဖြင့် ယခင်တစ်ပတ် ထက် ကျပ်၂၀၀ခန့်တက်လာသည်ကိုတွေ့ရှိရပါတယ်။ ကြက်သွန်နီလက္ကားဈေးနှုန်း များလည်း   တရိပ်ရိပ်တက်သလို လက်လီဈေးမှာလည်း မြင့်တက်နေတာကို တွေ့ရှိရ ပါတယ်။ယခုတစ်ပတ်ကြက်သွ န်နီ ဒေသပေါက်ဈေးမှာထိပ်စတစ်ပိဿာလျှင် ကျပ်၂၇၀၀၊ လတ်စတစ်ပိဿာလျှင် ကျပ် ၂၅၀၀နှင့်အနိမ့်စတစ်ပိဿာလျှင် ကျပ် ၂၃၀၀ထိရှိကြောင်း၊ ယခင်မြန်မာနိုင်ငံတွင်း သို့ ပြည်ပမှဝင်ရောက်သောကြက်သွန်နီ လက္ကားဈေး မှာ တစ်ပိဿာလျှင် ကျပ် ၁၄၀၀မှ ကျပ် ၁၅၀၀ ထိရှိပြီး လက်လီဈေးမှာ ကျပ်၁၆၀၀ရှိကြောင်း သတင်းရရှိပါတယ်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)

Local Trade News

Pages