ဒီတစ်ပတ် ဓာတ်ဆီနဲ့ ဒီဇယ် ပြန်လည်တင်သွင်း

Wed, 08/24/2016 - 07:59 -- admin_ygn

       သြဂုတ် ၇ ရက်မှ ၁၃ ရက်  သီတင်းပတ်အတွင်းအဆင့်မြင့်ဒီဇယ် ၆ ဒသမ ၃၂၂ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဓာတ်ဆီ၊ ဒီဇယ် အဝင် စုစုပေါင်းမှာ ၇၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၆၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ အဆင့်မြင့် ဒီဇယ်နဲ့ စက်ဆီ၊ ချောဆီ၊ ရေနံကတ္တရာစေးနဲ့ အင်ဂျင်ဝိုင်တို့  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ် တဲ့ မြဝတီ စခန်းမှ  ကန်ဒေါ်လာ ၂၉၂၉၈ တန်ဖိုးရှိ ဓာတ်ဆီ ၅၀ ဒသမ ၅ တန်တင်သွင်းခဲ့သလိုမြိတ်စခန်းမှ ကန်ဒေါ်လာ ၅၉၉၄၈၂ တန်ဖိုးရှိ ဒီဇယ် ၁၂၆၀ တန်၊ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ ၁၄၈၆၃၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၈၄ ဒသမ ၂၈၁ တန်နဲ့ ကန်ဒေါ်လာ ၃၅၈၂၁၃ တန်ဖိုးရှိဒီဇယ် ၇၅၁ ဒသမ ၁၇၃တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
       ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့  အောက်တိန်း (၉၂)၊ဒီဇယ်၊ အဆင်မြင့်ဒီဇယ်မှာ ဈေးအနည်းငယ်ပြန်မြင့်လာပြီး အောက်တိန်း(၉၅)မှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။  ဒီတစ်ပတ်ပုဂ္ဂလိ က စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာဒီဇယ်၅၃၀ ကျပ်၊ အောက်တိန်း (၉၂) ၅၃၀ ကျပ်၊အောက်တိန်း (၉၅) ၅၉၀ ကျပ်၊အဆင့်မြင့်ဒီဇယ်၅၆၀ကျပ်နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် ၁၅ရက် ဒီဇယ်ဝယ်ေ ဈး ၁၀၀၀၀၀ ကျပ်၊ ရောင်း ဈေး ၁၀၄၀၀၀ ကျပ်ဈေးရှိခဲ့ရာမှ ၁၈ ရက်တွင် ဝယ်ဈေး ၁၀၂၀၀၀ကျပ် ရောင်းဈေး ၁၀၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီပီပါ ဈေးမှာ သြဂုတ် ၁၅ ရက်တွင်ဝယ်ဈေး ၁၂၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၆၀၀၀ ကျပ် နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာတစ်ပတ်လုံးဒီဈေးနဲ့ပဲအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီ ဈေးငြိမ်နေပေမယ့် ဒီဇယ်ဈေး နည်းနည်းမြင့်ခဲ့တ ယ်လို့ သိရပါတယ်။ တစ်ဂါလန်ဈေးမှာ မပြောင်းဘဲ ဒီဇယ်ရော ဓာတ်ဆီပါ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ တစ်ဂါလန်၂၈၀၀-၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
        မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။  ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ၆၄၅ ကျပ်၊ ဒီဇယ် ၅၅၅ ကျပ်၊အဆင့်မြင့် ဒီဇယ် ၆၀၀ကျပ်၊အောက်တိန်း (၉၂) ၆၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပ လက်လီဆိုင်များမှာအရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၁၅ ရက် ဒီဇယ် ဝယ်ဈေး ၁၀၇၀၀၀ ကျပ်၊ရောင်းဈေး ၁၁၁၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ၁၈ ရက်တွင် ဝယ်ဈေး ၁၀၉၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၃၀၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ သြဂုတ် ၁၅ ရက်တွင် ဝယ်ဈေး ၁၃၀၀၀၀ကျပ်၊ ရောင်းဈေး ၁၃၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ် လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ဈေး ၂၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်ခဲ့ပေမယ့် ဓာတ်ဆီဈေးငြိမ်နေခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ  ဒီဇယ် ၂၆၀၀ ကျပ်၊ ဓာတ်ဆီ ၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊ ဒီဇယ်မှာယခင်တစ် ပတ်ဈေးနဲ့ယှဉ်ရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများမှာ  ဓာတ်ဆီ တစ်ဂါလန် ၃၁၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၆၀၀ ကျပ်နဲ့ ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၃၃၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၉၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။
        မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက ဆိုင်မှာရောင်းချနေတဲ့ဈေး များက ဓာတ်ဆီ တစ်ဂါလန် ၃၀၀၀ ကျပ်၊  ဒီဇယ်တစ်ဂါလန် ၂၅၆၅ကျပ်၊ အောက်တိန်းတစ်ဂါလန် ၂၅၂၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ကျပ်၊ ဒီဇယ် တစ်ဂါ လန် ၂၆၀၀ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၆၀၀ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။

 

MIRT-DOT

Local Trade News

Pages