ထောက်ခံချက်ပါ အချက်အလက်များနှင့် ကိုက်ညီမှုမရှိသည့် ပိုးသတ်ဆေးများအား တင်သွင်းခွင့်မပြု

Mon, 10/09/2017 - 07:39 -- admin_ygn

      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ် ဆေးတင်သွင်းခွင့် ထောက်ခံချက်များ ထုတ်ပေးလျက်ရှိပါသည်။ ထောက်ခံချက်ပါ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပိုးသတ်ဆေးများအား မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းခွင့်မပြုကြောင်း၊ မှားယွင်းတင်သွင်းလာပါက တင်သွင်း ခဲ့သည့်နိုင်ငံသို့ မိမိကုမ္ပဏီ၏ ကုန်ကျ စရိတ်ဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ် ကြောင်းနှင့် ပြန်လည်ပေးပို့ပြီးကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထောက်ခံချက်အား သီးနှံကာကွယ်ရေးဌာနခွဲသို့ အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
         မြန်မာနိုင်ငံအတွင်းသို့ ပိုးသတ်ဆေးတင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် မိမိတို့တင်သွင်းသော ပိုးသတ်ဆေးကုန်ပစ္စည်းနှင့် သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပေးသည့် တင်သွင်းခွင့် ထောက်ခံချက်ပါ ပိုးသတ်ဆေး၏ စံ ချိန်စံညွှန်း သတ်မှတ်ချက် (ကုန်ပစ္စည်း အမျိုးအမည်၊ ထုပ်ပိုးမှုအရွယ်အစား စသည်)တို့အား ကိုက်ညီမှု ရှိ/မရှိ သေချာစွာစိစစ်၍ တင်သွင်းကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ပိုးသတ်ဆေး တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

ခင်ကလျာဦး (ပို့/သွင်း)

Local Trade News

Pages