ခရုကနေ ရွှေဖြစ်အောင် ဖန်တီးကြပါစို့

Thu, 08/22/2019 - 06:20 -- admin_ygn

      လူသားတို့အတွက် စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်းရင်းပင် စား သုံး၍ရသော သီးနှံပင်များလည်း တဖြည်းဖြည်းထွန်းကားလာခဲ့ပါ တယ်။ သီးနှံသစ်ပင်များနှင့်အတူ ပြိုင်တူမွေးဖွားပေါ်ပေါက်လာသော ဖွားဖက်တော်များမှာ သီးနှံသစ်ပင်များကို ၎င်းတို့၏ အစာအဖြစ် စားသောက်ကြသော ပိုးမွှားမျိုးစုံတို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် သီးနှံ သစ်ပင်တို့ကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း  ၁၀၀၀ ကျော်ရှိပါတယ်ဟု ဆိုပါတယ်။ မြန်မာနိုင်ငံ မှာတော့ သီးနှံသစ်ပင် များကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း ၁၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာတွင် ပိုးမွှားများဖျက်ဆီးစားသောက်မှု ကြောင့် သီးနှံများပျက်စီးဆုံးရှုံးရခြင်းဟာ (၃၀-၄၀) ရာခိုင်နှုန်းရှိပြီး ၎င်းတို့အထဲတွင် ရိတ်သိမ်းချိန်လွန်သီးနှံများ ဖျက်ဆီးခံရခြင်း၏ ပမာဏမှာ ပိုများသည်ဟု ဆိုပါတယ်။ ရိက္ခာသီးနှံပင်များတွင် နှံစားသီးနှံအဖြစ် (စပါး၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆတ်)များ၊ ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ ဆီမုန်ညှင်း၊ ပဲပုပ်)များ စားဖိုဆောင်သီးနှံ(ငရုတ်၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ ချင်း၊ နနွင်း၊ စပါးလင်၊ ငရုတ်ကောင်း၊ ကန်စွန်းဥ၊ ဂျူးမြစ်၊ အာလူး၊ ပိန်းဥ၊ ဝဥ၊ ပီလောပီနံ၊ ဟင်းမွှေးမဆလာများ၊ ဟင်းသီးဟင်း ရွက်မျိုးစုံ များ၊ သစ်သီးဝလံပင်များ၊ ကော်ဖီ၊ သီဟိုဠ်သရက်ပင်များ၊ ပရဆေးပင်များပါဝင်ပါတယ်။ ပိုးမွှားများ ဟာ သီးနှံပင်များ၏ အရွက်၊ အပွင့်၊ အညွန့်အသီး၊ အစေ့၊ ပင်စည်၊ အခေါက်၊ အမြစ်၊ ဥတို့ကို စားသုံးဖျက်ဆီးကြပါတယ်။ သီးနှံပင်များကို ဖျက်ဆီးစားသောက်ကြသော ပိုးမွှားများကို ကြည့်ရင်ကိုက်ဖြတ်စားသောက်သော ပိုးမွှားများ၊ (chewing Inseet)၊ စုပ်စားသောပိုးမွှားများ၊ (Sucking Inseet)၊ ခြစ်၍စားသောက်သော ပိုးမွှားများ (Nibling Inseet)၊ ထိုးဖောက်ဝင်ရောက်စားသောက်သော ပိုးမွှားများ (Bower) ဖြစ်တာကို တွေ့ရပါတယ်။

       ကိုက်ဖြတ်စားသောက်သော ပိုးမွှားများမှာ ငမြှောင်တောင်၊ ဖောငမြှောင်တောင်၊ ရွက်စုံစားခူဝါ၊ ခူမွေးရှည်၊ ခူမွေးစုတ်၊ ထွာ ကောင်စိမ်း၊ ရှောက်နေလှည့်လိပ်ပြာ၊ ရွက်ဖြတ်၊ ရွက်လိပ်ရွက်ကပ်၊ ခရုအမျိုးမျိုးစသည့် ပိုးများြ ဖစ်ပါတယ်။ သီးနှံပင်များကို စုပ်စားတဲ့ ပိုးမွှားကတော့ နှံစုပ်ပိုး၊ ပျပိုး၊ ဖြုတ်ပိုးအမျိုးမျိုး၊ ကြမ်းပိုးအမျိုးမျိုး၊ မီလီ ဘတ်အမျိုးမျိုး၊ ယင်ဖြူ၊ ပိုးများဖြစ်ပါတယ်။ သီးနှံပင်များကို ခြစ်ပြီး စားသောက်တဲ့ပိုးမွှားများကတော့ ပိုးလောင်မီး၊ ခူ၊ မီလီဘတ်တို့ဖြစ် တာတွေ့ရပါတယ်။ သီးနှံပင်အစိတ်အပိုင်းအတွင်းသို့ ထိုးဖောက် ဝင်ရောက်စားသောက်သောပိုးမွှားများကတော့ ဆစ်ပိုးအမျိုးမျိုး၊ သီး လုံးဖောက်ပိုးအမျိုးမျိုး၊ အစေ့ထိုးပိုးအမျိုးမျိုး၊ ပင်စည်ထိုးပိုးအမျိုးမျိုး၊ သစ်သီးယင်အမျိုးမျိုး၊ ပင်စည်ထိုးပျားအုပ်စုဝင်ပိုးများဖြစ်တာကို တွေ့ရပါတယ်။ သိုလှောင်ပိုးမွှားများကတော့ အစေ့ထိုးပိုး၊ အစေ့စား ပိုးများဟာ ဖျက်ဆီးမှုအများအဆုံးဖြစ်တာကိုတွေ့ရပါတယ်။ ဥနဲ့ အမြစ်များကိုစားသောက် ဖျက်ဆီးတဲ့ ပိုးမွှားများကတော့ ဖိုးလမင်း ကျိုင်း၊ ခြ၊ ပုရစ်၊ ပုရွက်ဆိတ်၊ ဥစားပိုးလောက်ကောင်၊ ဥထိုးပိုးများဖြစ် တာကိုတွေ့ရပါတယ်။ ဤကဲ့သို့ သီးနှံပင်အမျိုးမျိုးကို ပိုးမွှားများစားသောက်ဖျက်ဆီး ခံရမှု ပမာဏမှာ တဖြည်းဖြ ည်းရေချိန်မြင့်လာနေပြီဖြစ်ပါတယ်။ သီး နှံပင်များကို ဖျက်ဆီးနေတဲ့ ပိုးမွှားများကို ထိထိရောက်ရောက် ကာ ကွယ်နှိမ်နင်းမှုမပြုလုပ်ဘူးဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်နိုင်ပြီး လူသားတို့ရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ကြီးစွာသောဒုက္ခ ကြုံတွေ့ရလိမ့်မယ်။ ဒါကြောင့် သီးနှံများကို ဖျက်ဆီးတဲ့ပိုးမွှားများကို ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း (Integrated Pest Management- IPM) စနစ်နဲ့ တညီတညွတ်တည်း ကာကွယ်နှိမ်နင်းကြဖို့လို တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက နှိုးဆော်တပ်လှန့်ထား တာကို တွေ့ရပါတယ်။ ဘက်စုံးပိုးမွှားကာကွယ်နှိမ်နင်းနည်းမှာ မျိုးကောင်းမျိုးသန့် များပြောင်းလဲစိုက်ပျိုးခြင်း၊ သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊  မြေယာ ပြုပြ င်မှုစနစ်ကောင်းများ ကျင့်သုံးခြင်း၊ မှန်ကန်၍ စနစ်တကျစိုက်ပျိုး ရေးနည်းစနစ်များအသုံးချခြင်း၊ ရေနေရေထိုင်ကောင်းမွန်သောစနစ် ဖြစ်အောင်စီမံခြင်း၊ ချုံနွယ်မြက်ပေါင်းများပြောင်စင်အောင် သုတ်သင် ၍ မီးရှို့ခြင်း၊ မိတ်ဆွေ ပိုးမွှားများ ပွားများရှင်သန်အောင် ဖန်တီး ပေးခြင်း၊ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ လူဖြင့်၊ ကိရိယာဖြင့် ဖမ်းယူ၍ သုတ်သင်ရှင်းလင်းခြင်း၊ လိုအပ်မှသာ ဓာတုဆေးများဖြင့် ကာကွယ်နှိမ်နင်းခြင်းတို့ဖြစ်ပါတယ်။

     ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းမှာပါတဲ့ လူဖြင့်၊ ကိရိယာ ဖြင့်  ဖမ်းယူ  သုတ်သင်ရှင်းလင်းခြင်းနည်းကို  ဆွေးနွေးလိုပါတယ်။ သီးနှံပင်များကို ဖျက်ဆီးနေတဲ့ ကြွက်ကြောင့် အာရှနိုင်ငံများရဲ့ လူဦး ရေသန်း ၁၀၀ အတွက် တစ်နှစ်စာစားသုံးရန် လုံလောက်တဲ့ ဆန်တန် ချိန် သန်း၃၀ နှစ်စဉ်ပျက်စီးဆုံးရှုံးနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ကြွက် ဖျက်ဆီးမှုကြောင့် နှစ်စဉ်စပါး၏ ၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ ကြွက်ကို ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်း နည်းအရ မျှားစာဖြင့် ဖမ်းခြင်း၊ ထောင်ချောက်ဖြင့် ဖမ်းခြင်း၊ ကြွက်လိုက်မုဆိုးများဖြင့် ဖမ်းခြင်း၊ လင်ကောင်ပိုငှက်များ မွေးမြူဖမ်းဆီး ခြင်း နည်းလမ်းများအသုံးပြုကာကွယ်နှိမ်နင်းကြပါတယ်။ အားသာ ချက်တစ်ခုမှာ လယ်ကြွက်များသည် ပရိုတိန်းဓာတ်ကြွယ်ဝသဖြင့် လူ သားတို့မှ အသားဓာတ်အဖြစ်စားသုံးခြင်းဖြစ်ပါတယ်။ (ဆေးနှင့် ဖမ်း သောကြွက်မှအပ)၊ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာ နိုင်ငံအပါအဝင် နှစ်နှစ်ခြိုက်ခြိုက်စားသုံးတာတွေ့ရပါတယ်။ ဒါဟာ လည်းတနည်းအားဖြင့် ကြွက်အန္တရာယ်ကို ဘက်စုံပိုးမွှားကာကွယ်နှိမ်း နင်းနည်းအတွက် အထောက်အကူပြုနေ တာတွေ့ရပါတယ်။

      တစ်ဖန်သီးနှံများကို ဖျက်ဆီးတဲ့ ပုရစ်ဟာ ပျက်စီးဆုံးရှုံးမှု (၁၀-၁၅)ရာခိုင်နှုန်းထိရှိတာတွေ့ရပါတယ်။ ပုရစ်ဟာ သီးနှံများ ဖျက် ဆီးတဲ့ပိုးမွှားအပြင် ပရိုတိန်းဓာတ် ၄၈ ရာခိုင်နှုန်းပါဝင်နေတဲ့အတွက် လူသားတို့ ရာသီးပေါ်စာ အဖြစ် အသားအစားထိုးစားသုံးကြတာ တွေ့ရပါတယ်။ ရာသီပေါ်ချိန်မှာဆိုရင် ပုရစ်ထွက်လာသမျှ ဖမ်းဆီး ပြီး ပရစ်ကြော်အဖြစ် ရောင်းချကြသဖြင့် သီးနှံပင်များဆီသို့ ပင်ပုရစ် ရောက်ရှိဖျက်ဆီးမှုလျော့နည်းသွားတာ တွေ့ရ ပါတယ်။ နောက်ဆုံးတင်ပြလိုတာကတော့  သီးနှံဖျက်ဆီးတဲ့  ခရု အကြောင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ ခရုမျိုးစိတ် ၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ခရုမျိုးစိတ် ၁၀ မျိုးလောက်ရှိတာ တွေ့ရပါတယ်။ အဲဒီအ ထဲမှာ သီးနှံများကို သိသိသာသာ ဖျက်ဆီးတဲ့ ခရုမျိုးစိတ်ကတော့ ရွှေခရုပဲဖြစ်ပါတယ်။ ရွှေခရုဖျက်စီးရင် သီးနှံများ ပျက်စီးဆုံးရှုံးမှု ၆၅ရာခိုင်နှုန်းထိရှိတယ်လို့ ဆိုပါတယ်။ ရွှေခရုဟာ ယခင်က မြန်မာနိုင်ငံမှာရှိသော မျိုးမဟုတ်ပါ။ အခြားနိုင်ငံများမှ တစ်ဆင့် ပင်လယ်ဒီရေဖြင့် ပါလာပြီး မြန်မာနိုင်ငံအတွင်း ခြေကုတ်ယူ အခြေချခဲ့တာ လေးနှစ်ခန့်ရှိပြီဖြစ်ပါတယ်။ ယခုဆိုရင် ရွှေခရုဟာ မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသများမှသည် အထက် အညာေ ဒသ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ပဲခူး၊ အထက်ပိုင်းထိပင် ခြေဆန့်မွှေနှောက်နေသည့် သတင်းများကြားသိနေပါတယ်။ ရွှေခရုဟာ စပါးပင်ငယ်စဉ်တစ်လသားအတွင်း ခင်းလုံးပြတ်အပင် ငုတ်တိုအောင် ကိုက်ဖြတ်ဖျက်ဆီး တာဟာ တစ်နှစ်ထက် တစ်နှစ် ဇာတ်ရှိန်မြင့်လာတာတွေ့ရပါတယ်။ မြို့နယ်များရဲ့ စိုက်ပျိုးရေး ဝန်ထမ်းတွေလည်း ရွှေခရုနှိမ်နင်းရေး တုတ်ထမ်း၊ ဓားထမ်း၊ ခါးထောင်း ကျိုက်၍ဖမ်းနေကြရတာတွေ့ရပါတယ်။

       ယခုတော့ ရွှေခရုအပါအဝင် အပင်ကိုဖျက်ဆီးတဲ့ အခြားမျိုး စိတ်ခရုများ ဇာတ်သိမ်းခန်းရောက်တော့မည့် သတင်းကောင်းတစ်ခု တွေ့နေရပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နခုတ်နယုတ်ပြည်နယ်မှာ ခရုက နေရွှေဖြစ်နေတဲ့ လုပ်ငန်းများ ပေါ်ထွက်နေပြီဖြစ်ကြောင်း လေ့လာ သိရှိရပါတယ်။ ခရုကနေ ရွှေဖြစ်တယ်ဆိုတာကတော့ တင်စား ခေါ်ဝေါ်ခြင်းသာဖြစ်ပါတယ်။ ခရုကနေ အမေရိကန်ဒေါ်လာများစွာ ရရှိနေတဲ့အတွက် ရွှေထက်တောင် တန်ဖိုးများစွာရှိနေတယ်လို့ ဆိုပါ တယ်။ ထိုင်းနိုင်ငံ နခုတ်နယုတ်ပြည်နယ်မှာ ခရုခန္ဓာကိုယ်တွင်းက အကျိအချွဲထုတ်ယူနေတဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ပိုင်ရှင်က “ယခင်တုန်း ကဆိုရင် တောင်သူလယ်သမားတွေဟာ ခရုတွေက စပါးခင်း ဖျက် တယ်ဆိုပြီး သူတို့ရန်သူလို သဘောထားကြတယ်။ ခရုတွေဖမ်း၊ ကတ္တရာလမ်းပေါ်ဖြန့်တင်ပြီး ကားကြိတ်ခံသတ်ကြတယ်။ အိတ်ထဲ ထည့်ပြီး တုတ်နဲ့ထုချေရိုက်သတ်ပြီး မြေမြှုပ်ပစ်ကြတယ်။ အခုတော့ အဲဒီခရုတွေကို ပလတ်စတစ်ကန်တွေနဲ့ သီးသန့်မွေးပြီး ကျွန်တော့် စက်ရုံကို လာသွင်းကြတယ်။ အခု စပါးခင်ဖျက်ဆီးတဲ့ခရုလည်း ကိစ္စ တံုံး၊ သူတို့လည်း ဝင်ငွေအပိုရလို့ ဟန်ကျနေကြပြီလို့” ပြောပါတယ်။

       ထိုင်းနိုင်ငံ နခုတ်နယုတ်ပြည်နယ် တစ်ခုလုံး ကွင်းထဲရှိသမျှ ခရုတွေလိုက်ဖမ်း၊ ရွာတွေမှာ သီးသန့်မွေးမြူတာမွေး၊ အရွယ်ရောက် ခရုတွေကိုတော့ စက်ရုံတိုက်ရိုက်သွားသွင်းနဲ့ အလုပ်ဖြစ်နေကြတယ် လို့ ဆိုပါတယ်။ ခရု အရွယ်ရောက် အကောင် ၁၀၀၀ ကို အမေရိကန် ဒေါ်လာ (၂၅၀-၃၀၀)ရရှိတယ်လို့ ဆိုပါတယ်။ စက်ရုံကနေ  အရွယ်ရောက်ခရုရဲ့  ခန္ဓာကိုယ်တွေထဲကနေ အကျိအချွဲအရည်များ ထုတ်ယူပါတယ်။ ရရှိတဲ့အရည်ကို ဗက်တီး ယားပိုးမွှား၊ အခြားပိုးမွှားနဲ့ အညစ်အကြေးများကို စက်ထဲမှာ ဆေးနဲ့ သန့်စင်ပါတယ်။ သန့်စင်ပြီး ခရုအကျိအချွဲအရည်ကို အလှကုန်ပစ္စည်း မှာအသုံးပြုတယ်လို့ဆိုပါတယ်။ အနာလိမ်းဆေး၊ နေလောင်ခံ အလှ ဆီ၊ အလှပြင် ဆီပစ္စည်းတွေမှာ အသုံးပြုတယ်လို့ဆိုပါတယ်။ အချင်း နှစ်လက်မခန့်အရွယ်ရှိတဲ့ ခရုအကောင် ၁၀၀၀ ကနေ တစ်လမှာ အမေရိကန်ဒေါ်လာ (၃၂၀-၆၅၀) ရရှိတယ်လို့ဆိုပါတယ်။ အချင်း တစ်လက်မခွဲအရွယ်ရှိတဲ့ ခရုအကောင် ၁၀၀၀ ကနေ တစ်လမှာ အမေရိကန်ဒေါ်လာ (၂၅၀-၅၀၀)ထိရရှိတယ်လို့ဆိုပါတယ်။ သန့်စင် ပြီးခရုအရည်ကို ပုလင်းများမှာ သေချာထည့်ပြီး အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနဲ့ ဥရောပနိုင်ငံအချို့နဲ့ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ ရာမှာ တစ်ကီလိုဂရမ်ကို ထိုင်းဘတ်ငွေ ၁ ဒသမ ၈ သန်းရရှိနေတဲ့ အတွက် ရွှေထက်တောင်ဈေးကြီးနေတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံ နခုတ်နယုတ်ပြည်နယ်မှာ ခရုကနေ အကျိအချွဲထုတ်လုပ်တဲ့လုပ်ငန်း ပေါင်း ၈၀ ကျော်ရှိနေပြီလို့သိရပါတယ်။ ဈေးကွက်လေ့လာသူများရဲ့ အဆိုအရ နခုန်နယုတ်ပြည်နယ်မှာရှိတဲ့ ခရုခန္ဓာကိုယ်အကျိအချွဲ အရည်ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ ၃၁၄ သန်းထိ ရရှိနေပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီဖြစ်စဉ်လေးကို နမူနာယူလေ့လာပြီး ဆောင်ရွက်မယ်ဆိုရင် တောင်သူလယ်သမားကြီးများရဲ့ ရန်သူ ခရု အန္တရာယ်ဟာလည်းဇာတ်သိမ်းသွားပြီး အပိုဝင်ငွေတွေလည်း ရရှိ လာကြမှာဖြစ်ပါတယ်။ ကျွန်တော် တို့လည်း ခရုကနေရွှေဖြစ်အောင် ဖန်တီးကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်။

 

အောင်ဆန်း(စိုက်ပျိုးရေး)

Local Trade News

Pages