ကွမ်းသီးဈေးကွက်အကြောင်း တစေ့တစောင်း

Fri, 08/16/2019 - 03:57 -- admin_ygn

ကမ္ဘာ့ကွမ်းသီးဈေးကွက်

       ၂၀၁၈  ခုနှစ်တွင်  ကွမ်းသီး(HS.Code- 080280) အများဆုံးဝယ်ယူခဲ့သော ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ယူအေအီး၊ အမေရိကန်၊ မော်လ်ဒိုက်၊ နီပေါ၊ မလေးရှား တို့ဖြစ်ကြသည်ကို ITC Trade Map အရသိရသည်။ အိန္ဒိယ၏  ၂၀၁၈ ခုနှစ် ကွမ်းသီး တင်သွင်းမှုတန်ဖိုး ကန်ဒေါ်လာ ၅၅ ဒသမ ၉၁၃ သန်းရှိပြီး   ကမ္ဘာ့ကွမ်းသီးဈေးကွက်၏ ဈေးကွက်ဝေစု ၄၀ ဒသမ ၇ ရာခိုင်နှုန်းရရှိထား သည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်က ကန်ဒေါ်လာ ၁၅ ဒသမ ဝ၄၃ သန်းဖိုးတင်သွင်း၍ ဈေးကွက် ဝေစု ၁၀ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ဗီယက်နမ်က ကန် ဒေါ်လာ ၁၂ ဒသမ ၂၅၈ သန်း ဖိုးတင်သွင်း၍ဈေးကွက်ဝေစု ၈ ဒသ မ ၉ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်ရှိသည်။ ၂၀၁၈ ခုနှစ်၌ ကွမ်းသီးအများဆုံး တင်သွင်းသော နိုင်ငံများမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ စင်ကာပူ၊ သီရိလင်္ကာ၊  ယူအေအီး၊  အမေရိကန်၊  မော်ဒိုက်၊  နီပေါ၊ မလေးရှားနိုင်ငံတို့ဖြစ်သည်။

ကမ္ဘာ့ကွမ်းသီးဈေးနှုန်း

      ကမ္ဘာ့ကွမ်းသီး တင်သွင်းသည့်နိုင်ငံပေါင်း ၆၃ နိုင်ငံ ရှိပြီး ပေါက်ဈေးများကို နှိုင်းယှဉ်လေ့လာရာတွင် အမေရိကန် က ဝယ်ယူသည့်ဈေးမှာ အမြင့်ဆုံးဖြစ်ပြီး   မော်လ်ဒိုက်စ်က ဒုတိယ၊ အိန္ဒိယက တတိယ၊ သီရိလင်္ကာက စတုတ္ထနှင့်နီပေါက ပဉ္စမတို့ဖြစ်ကြသည်။

အာရှဈေးကွက်

      ကွမ်းသီးကို အာရှနိုင်ငံများအနက် အများဆုံးဝယ်ယူ လျက်ရှိသောနိုင်ငံများမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ယူအေအီး၊  မော်လ်ဒိုက်၊ နီပေါ၊ မလေးရှား၊ မြန်မာတို့ဖြစ်ကြသည်။ အိန္ဒိယသည် ၂၀၁၈ ခုနှစ် တွင် အရေအတွက် ၁၆၆၄၈ တန်ဖြင့် အများဆုံးဝယ်ယူခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ၁၀၂၈၆ တန်ဖြင့် ဒုတိယအများဆုံး၊ ဗီယက်နမ်က   ၁၃၀၃၀ တန်ဖြင့် တတိယအများဆုံး ဝယ်ယူ လျက်ရှိကြောင်း တွေ့ရသည်။

ဥရောပဈေးကွက်

       ၂၀၁၈ ခုနှစ်တွင် ကွမ်းသီးအများဆုံးတင်သွင်းခဲ့သော အီးယူထိပ်တန်း ငါးနိုင်ငံမှာ   အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် နယ်သာလန်တို့ဖြစ်ကြသည်။  တင်သွင်းမှုပမာဏ ၂၁၂၈၆၆ တန်ဖြစ်ပြီး  တန်ဖိုးအားဖြင့် ကန်ေ ဒါ်လာ ၁ ဒသမ ၃၁၇ သန်းရှိသည်။ ကမ္ဘာ့ဈေးကွက်၏ သုည ဒသမ ၄ ရာခိုင် နှုန်း ဈေးကွက်ဝေစုရယူထားပါသည်။

မြန်မာ့ကွမ်းသီးဈေးကွက်

      ၂၀၁၈ ခုနှစ်တွင် မြန်မာ့ကွမ်းသီးအား အများဆုံးတင်ပို့ ရောင်းချခဲ့သည့် နိုင်ငံများမှာ ITC Trade Map အရ အင်္ဂလန်၊ အမေရိကန်၊ စင်ကာပူနှင့် ဩစတြေးလျတို့ဖြစ်ကြသည်။၂၀၁၈ ခုနှစ်တွင် မြန်မာ့ကွမ်းသီးကို အများဆုံး ဝယ်ယူသောနိုင်ငံမှာ အင်္ဂလန်ဖြစ်ပြီး ဈေးကွက်ဝေစု ၆၇ ဒသမ ၅ ရာခိုင်နှုန်းရရှိနေ သည်။ ဩစတြေးလျသို့ တင်ပို့မှုတွင် အဆင့် (၂) ၊ အင်္ဂလန်သို့ တင်ပို့မှုတွင် အဆင့် (၃ )၊ အမေရိကန်သို့ တင်ပို့မှုတွင် အဆင့် (၅ )နှင့် စင်ကာ ပူသို့ တင်ပို့မှုတွင်  အဆင့် (၇ )နေရာများတွင် စာရင်းဝင်လျက်ရှိသည်။

ကွမ်းသီးတင်ပို့သော ကမ္ဘာ့ထိပ်တန်းနိုင်ငံများ

      ၂၀၁၈ ခုနှစ်တွင် ကွမ်းသီး (HS.Code- 080280) တင်ပို့ သော ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံမှာ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ စင်ကာပူ၊ အိန္ဒိယ၊ ယူအေအီး၊ မလေးရှား၊နယ်သာ လန်နှင့် ဗီယက်နမ်တို့ ဖြစ်ကြသည်။ အင်ဒိုနီးရှားက ကန် ဒေါ်လာ ၃၁၁ ဒသမ ၄၄၂ သန်းဖိုးရောင်းချနိုင်ပြီး ဈေးကွက် ဝေစု ၅၄ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေသည်။ ဒုတိယ နေရာရှိ မြန်မာက ကန်ဒေါ်လာ ၁၁၉ ဒသမ ၆၇၂ သန်းဖိုး ရောင်းချနိုင်ပြီး ဈေးကွ က်ဝေစု ၂၀ ဒသမ ၈ ရာခိုင်နှုန်း၊ တတိယနေရာရှိ ထိုင်းက ကန်ဒေါ်လာ ၆၈ ဒသမ ဝ၇၈ သန်းဖိုးနှင့် ဈေးကွက်ဝေစု ၁၁ ဒသမ ၈ ရာခိုင်နှုန်းရရှိ ထားသည်။

တင်ပို့ဈေးနှုန်း

      ဈေးနှုန်းအနေဖြင့် နယ်သာလန်က ပထမ၊ အိန္ဒိယက ဒုတိယ၊ သီရိလင်္ကာက တတိယ၊ မြန်မာကစတုတ္ထနှင့်ဗီယက်နမ် က ပဉ္စမတို့ဖြစ်ကြသည်။ ကမ္ဘာ့ကွမ်းသီး တင်ပို့သောနိုင်ငံ ၃၀ ရှိပြီး မြန်မာနိုင်ငံက အဆင့် (၂ )နေရာ တွင် ရှိသည်။

အကောက်ခွန်နှုန်း

      အခွန်စည်းကြပ်မှုကိုလေ့လာရာတွင် အင်္ဂလန်၊ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလန်၊ ဩစတြေးလျနှင့် စင်ကာပူ တို့က MFN duties သုည ရာခိုင်နှုန်း၊  အမေရိကန်က MFN duties 1 ကီလိုဂရမ်ကို ၁ ဒသမ ၃ ဆင့်နှုန်း၊   GSP Countries  အတွက် သုညရာခိုင်နှုန်း၊ အိန္ဒိယက MFN duties ၁ ရာခိုင် နှုန်း၊LDC  Countries အတွက် သုည ဒသမ ၄ ရာခိုင်နှုန်း၊ ဗီယက်နမ်က MFN duties သုည ဒသမ ၃ ရာခိုင်နှုန်း၊ ASEAN နှင့် AANZFTA  Countries တို့အတွက် သုည ရာခိုင်နှုန်းသတ် မှတ်ထားကြောင်း လေ့လာတွေ့ရှိရသည်။

ဈေးကွက်အလားအလာ

       စင်ကာပူနှင့် အမေရိကန်တို့သည်  ကမ္ဘာ့ဝယ်လိုအား အဆင့် ၁၀ စာရင်းဝင်နိုင်ငံများဖြစ်၍လည်းကောင်း၊ အင်္ဂလန် သည် ကမ္ဘာ့ဝယ်လိုအား အဆင့်၁၀ စာရင်းမဝင်သော်လည်း မြန်မာမှ အင်္ဂလန်သို့ တင်ပို့မှုတွင် အဆင့် ၃ နေရာတွင်ရှိခြင်း ကြောင့်လည်းကောင်း၊ အခွန်နှုန်းထားများ နည်းပါးခြင်း ကြောင့်လည်းကောင်း လက်ရှိဈေးကွက် စင်ကာပူ၊ အင်္ဂလန်၊ အမေရိကန်ဈေးကွက်များသို့ ဈေးကွက်တိုးချဲ့သင့်သည်။ အိန္ဒိယနှင့် ဗီယက်နမ်တို့သည်လ ည်း  ကမ္ဘာ့ဝယ်လိုအား အဆင့် ၁၀ နှင့် အာရှထိပ်တန်း ၁၀ နိုင်ငံစာရင်းဝင်များဖြစ်နေပြီး အခွန်နှုန်းထားများ  မရှိသလောက်  နည်းပါးခြင်းတို့ကြောင့် ဈေးကွက်ထိုးဖောက်သင့်သောနိုင်ငံများဖြစ်သည်။

 

DMT - MYANTRADE (TIR)

Local Trade News

Pages