ကမ္ဘာ့အကောင်းဆုံး ဆန်စပါးပြိုင်ပွဲတွင် ဗီယက်နမ် ချန်ပီယံဆုရရှိ

Thu, 11/28/2019 - 09:02 -- admin_ygn

      (၁၁)ကြိမ်မြောက်ကမ္ဘာ့အကောင်းဆုံးဆန်စပါးပြိုင်ပွဲ ကို နိုဝင်ဘာ ၁၂ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပ ခဲ့ရာ  ဗီယက်နမ်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို ကျော်ဖြတ် ပြီး ပထမဦးဆုံးအကြိမ်အဖြစ်    ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။ ယခုပြိုင်ပွဲတွင်  ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးထုတ်လုပ် သော Vietnam’s ST24 ဆန်သည် ထိုင်းနိုင်ငံ၏ Hom Mali  ဆန်ထက် အနံ့မွှေးကြိုင်မှုတွင်  ယှဉ်ပြိုင်နိုင်စွမ်းမရှိသော် လည်း ဆန်လုံးရှည်လျားမှု၊   ဆန်သားနူးညံ့မှုနှင့် အရသာ ကောင်းမွန်မှုစသည့်အချက်များတွင် ထိုင်းဆန်ထက် သာလွန် ကောင်းမွန်ခြင်းကြောင့် ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ   လယ်ယာစိုက်ပျိုးရေးဝန်ကြီးက မိမိတို့၏ Hom Mali ဆန်မှာယမန်နှစ်က ကမ္ဘောဒီးယားနိုင်ငံ Jasmine ဆန်ကိုရှုံးနိမ့်ပြီး ချန်ပီယံဆုနှင့်ဝေးခဲ့ရသလို  ယခုနှစ်ကမ္ဘာ့အကောင်းဆုံးဆန်စပါး  ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ဗီယက်နမ်နိုင်ငံမှ S Vietnam’s ST24  ဆန်ကိုရှုံးနိမ့်ပြီးအကောင်း ဆုံးဆုနှင့် ထပ်မံဝေးကွာခဲ့ရကြောင်း ပြောဆိုခဲ့သည်။

       (၁၁)ကြိမ်မြောက်ကမ္ဘာ့အကောင်းဆုံးဆန်စပါးပြိုင်ပွဲ တွင် ချန်ပီယံဆု ရရှိခဲ့သည့်  Vietnam’s ST24 ဆန်ကို ယခု ကဲ့သို့ ထူးခြားကောင်းမွန်သော ဆန်ဖြစ်လာစေရန် ဗီယက်နမ် နိုင်ငံအနေဖြင့်  အချိန် ငါးနှစ်ယူကာ   အဆင့်ဆင့်တိုးတက် ကောင်း မွန် အောင် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။  ကမ္ဘာ့အကောင်းဆုံးဆန်စပါးပြိုင်ပွဲကို  ၂၀ဝ၉ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ  ယခုကျင်းပခဲ့သည့်  ၂၀၁၉ ပြိုင်ပွဲမှာ (၁၁)ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်သည်။  ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည့် ၂၀ဝ၉ပြိုင်ပွဲတွင် ချန်ပီယံဆုကို ထိုင်းJasmine ဆန်၊ ဒုတိယအကြိမ် ကျင်းပခဲ့သည့် ၂၀၁၀ပြိုင်ပွဲတွင် ချန်ပီယံ ဆုကို ထိုင်း Jasmine  ဆန်၊ ၂၀၁၁ ပြိုင်ပွဲတွင်  ချန်ပီယံဆုကို မြန်မာ   ပေါ်ဆန်းမွှေးဆန်၊ ၂၀၁၂ ပြိုင်ပွဲတွင်  ချန်ပီယံဆုကို ကမ္ဘောဒီးယား Jasmine  ဆန်၊ ၂၀၁၃ ပြိုင်ပွဲတွင် ချန်ပီယံဆုကို ကမ္ဘောဒီးယား  Jasmine  ဆန်နှင့် အမေရိကန် Calrose ဆန် (ပူးတွဲချန်ပီယံ)၊ ၂၀၁၄ ပြိုင်ပွဲ တွင် ချန်ပီယံဆုကို ထိုင်း Hom Maliဆန်နှင့် ကမ္ဘောဒီးယား Jasmine ဆန်(ပူးတွဲ ချန်ပီယံ)၊ ၂၀၁၅ပြိုင်ပွဲတွင် ချန်ပီယံဆုကို အမေရိကန် Calrose ဆန်၊ ၂၀၁၆ ပြိုင်ပွဲတွင် ချန်ပီယံဆုကို ထိုင်း Hom Mali ဆန်၊ ၂၀၁၇ ပြိုင်ပွဲတွင် ချန်ပီယံဆုကို ထိုင်း Hom Mali  ဆန်၊ ၂၀၁၈ ပြိုင်ပွဲတွင် ချန်ပီယံဆုကို ကမ္ဘောဒီးယား Jasmine ဆန်တို့က ရရှိခဲ့ပြီး   ယခုနှစ်ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံမှ  Vietnam’s ST24 ဆန်က ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။    

 

Source: VOV

 (ဟန်နေသစ်)