အာဖရိကနိုင်ငံများသို့ ဗီယက်နမ် ပို့ကုန်တင်ပို့မှုကျဆင်း

Tue, 05/07/2013 - 04:39 -- admin

ဗီယက်နမ်နိုင်ငံဟာ ဆီနီဂေါနိုင်ငံသို့ ကုန်ပစ္စည်းများကိုတင်ပို့ခဲ့ရာမှ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ၇၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အီဂျစ်နိုင်ငံသို့ တင်ပို့ရာမှာ ၄၀ ရာခိုင်နှုန်း၊ အိုင်ဗရီကို့စ်သို့ တင်ပို့ရာမှာ ၅၉ ရာခိုင်နှုန်း၊ ဂါနာနိုင်ငံသို့တင်ပို့ရာမှာ ၁၃ ရာခိုင်နှုန်း အသီး သီး ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တင်ပို့ရာမှာလည်း ၈၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ယင်းကဲ့သို့ ပို့ကုန်တင်ပို့မှု ကျဆင်းရခြင်းမှာ ဗီယက်နမ်နဲ့ အာဖရိကတိုက်ဟာ ခရီးကွားဝေးမှု ပမာဏများပြားခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်ခြင်း၊ ဆန်တင်ပို့ရာမှာလည်း အိန္ဒိယနဲ့ထိုင်းတို့မှ ဆန်ဈေးနှုန်းများက ဗီယက်နမ်ဆန် ထက်ဈေးနိမ့်ခြင်းစတဲ့ အချက်တွေကြောင့် ဈေးကွက်ယှဉ် ပြိုင်နိုင်မှုခက်ခဲခဲတဲ့အတွက် ဖြစ် တယ်လို့ ဆိုပါတယ်။
Source:riceonline.com
နှင်းပန်းဖြူ

International Trade News

Pages