Without ယာဉ် (၅) စီးအား စစ်ဆေးတားဆီးမှုပြုခဲ့

Tue, 05/14/2013 - 07:52 -- admin

သောကြာနေ့  ၁၅ မတ်လ  ၂၀၁၃ 10 း 25 AM

နောင်ချိုမြို့သံသရာအေး ဘုရားဝန်းကျင်ရှိ ရှောင်ကွင်း လမ်းများသို့ လှုပ်ရှား ရွေ့လျား အဖွဲ့-၁ ထုတ်နှုတ် အင်အားနဲ့ ရှောင်တခင် ဝင်ရောက် ရှင်းလင်းရာ ဘုရားအနီး ကျောက်ချောလမ်း အတိုင်း ဝင်လာတဲ့ အကောက်ခွန်မဲ့ လိုင်စင်မဲ့ အရပ်အခေါ် Without ကား (၅) စီးကို တွေ့ရှိ စစ်ဆေး တားဆီး နိုင်ခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

စစ်ဆေး တားဆီး ခဲ့ရတဲ့ ယာဉ် (၅) စီးကတော့ ၄ လုံးထိုး Dump Truck (၁၂) တန် ယာဉ် ၁က/xxxxx၊ ၉င/xxxxx၊ ၄ လုံးထိုး Dump Truck (၁ဝ) တန်ယာဉ် ၉င/xxxxx၊ ၄ လုံးထိုး Dump Truck (၈) တန်ယာဉ် ၉ဌ/xxxxx နဲ့ ၉ဌ/xxxxx တို့ဖြစ်ပြီး (၁ဝ) တန်ယာဉ်ပေါ်မှာ အင်ဂျင်ပျက် အဟောင်း တစ်လုံး တင်ဆောင် ထားတယ် လို့ သိရပါတယ်။

ဖြစ်စဉ် ကတော့ လွန်ခဲ့တဲ့ရက် ၂ဝ ခန့်က တစ်ဖက် နိုင်ငံ ချန်းရင်မြို့မှ ဝယ်ယူပြီး ချင်းရွှေဟော်မှ ဟိုပင်၊ ထိုမှ မတ်လ ၄ ရက်နေ့မှာ ဟိုပင်-ကွမ်းလုံ- သိန္ဒီ၊ လားရှိုး-ကျောက်မဲ ကားလမ်း၊ ထိုမှ နောင်ခိုျသို့ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ နောင်ခိုျကို ဝင်ရောက်ရာ မှာတော့ Asia World Toll Gate အလွန် ယခင် မူးယစ် ဂိတ်ဟောင်း နေရာရှိ ရှောင်ကွင်းလမ်းကို အသုံးပြုပြီး သံသရာအေး ဘုရားအနီး ကျောက်ချောလမ်းမှ မောင်းနှင် လာတာလို့ သိရပါတယ်။ လိုင်စင်မဲ့ ယာဉ် ၅ စီးလုံးကို လားရှိုးမြို့ ရပ်ကွက်ကြီး ၁၁၊ နှင်းဆီလမ်း၊ ခြံအမှတ် xxx နေ၊ ဦးxxxx က တစ်ဖက်နိုင်ငံမှ ဝယ်ယူခဲ့ပြီး မန္တလေးသို့ သယ်ဆောင် စေလာခြင်း ဖြစ်တယ်လို့ လည်း သိရပါတယ်။ လမ်းကြောင်းရှင်းရန် ဒုရဲအုပ် ငြိမ်း အဆင့်် ရှိတယ်လို့ ယူဆရသူ တစ်ဦးက လိုက်ပါ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ယာဉ်များအား Mobile Team အဖွဲ့မှ စစ်ဆေး နေစဉ် ထိုသူ ထွက်ပြေး တိမ်းရှောင် သွားခဲ့ပါတယ်။ ယာဉ် ၁ စီး လမ်းရှင်းခ ၆၅ဝဝဝဝကျပ် ဝန်းကျင် အသုံးပြုပြီး သယ်ဆောင် လာတာကို Mobile Team အဖွဲ့က ဖော်ထုတ် ရရှိခဲ့တယ်လို့ Mobile Team-၁ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးစန်းလွင်ထံမှ စုံစမ်း သိရှိခဲ့ရ ပါတယ်။

တရားမဝင် အကောက်ခွန်မဲ့ ယာဉ် ၅ စီးနဲ့ အင်ဂျင် ဟောင်းပျက်ကိုလည်း ပြည်သူူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း နိုင်ရေး လုပ်ထုံးလုပ်နည်းနဲ့ အညီ လားရှိုး အကောက်ခွန်ဌာနသို့ စနစ်တကျ လွဲှပြောင်းထားပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

Source: လရ-၁                 MIRT