Thursday Talk ဆွေးနွေးပွဲ

Tue, 05/02/2023 - 08:17 -- DotTrading

၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌  Thursday Talk ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၇) ရက်၊ ကြာသပတေးနေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။            Thursday Talk ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက် က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့မှ ကြီးမှူးကျင်းပသော “သတင်းအချက်အလက်နည်းပညာ သဘောတူညီချက်နှင့် ဒီဂျစ်တယ် ပြောင်းလဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ဆွေးနွေးတင်ပြ  ခဲ့ပါသည်။

၃။         ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်မှ ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရမှ နိဂုံးချုပ် အမှာစကားပြော ကြားခဲ့ပါသည်။ ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ Thursday Talk ဆွေးနွေးပွဲ တွင်  ပြောကြားခဲ့သော ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ ပါသည်။

၄။      အဆိုပါဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊အမှုထမ်း စုစုပေါင်း (၁၆၅)ဦး တက်ရောက် ခဲ့ပါသည်။