Mobile Team အဖွဲ့-၁ မှကျပ်သန်း ၃၄၁ ကျော်ဖိုး တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သက်ဆိုင်ရာသို့ အပ်နံှထားပြီးဖြစ်

Tue, 05/14/2013 - 08:00 -- admin

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 01 း 55 PM

မူဆယ်-မန္တလေး ကုန်စည်စီးဆင်းမှု လမ်းကြောင်းပေါ်မှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်စည်စီးဆင်းမှု ရွေ့လျား တားဆီးရေးအဖွဲ့ -၁ အနေနဲ့ ဖေဖော် ဝါရီလ ၁၄ ရက်မှ မတ်လ ၈ ရက်နေ့ ထိကာလ အတွင်းမှာ အကောက်ခွန် မဲ့နဲ့ ကန့်သတ်ကုန် ပစ္စည်းကျပ် ၃၄၁ ဒသမ ၅၉၂ သန်းဖိုးကို အကောက်ခွန် ဌာနသို့ လုပ်ထုံး လုပ်နည်းနဲ့ အညီအပ်နံှထား ပြီးဖြစ်ပါတယ်။    .........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

ဖေဖော် ဝါရီလ ၆ ရက်မှ ၈ ရက်ထိ ကာလအတွင်း မှာတော့ သိမ်းဆီးရမိတဲ့ စစ်ဆေး တွေ့ရှိရတဲ့ ပစ္စည်းတွေ ကတော့ ထင်းရူးဆီ၊ Nissan Diesel ၁၂ ဘီးယာဉ်၊ အေးခဲဘဲသား၊ တရုတ်ဘီယာ၊ တရုတ် အရက်ဖြူ၊ စားသောက် ကုန် (ခေါက်ဆွဲခြောက်၊ ကြက်ဥခေါက်ဆွဲ၊ သကြား၊ စပျစ်သီးခြောက်၊ သီးစုံ ကျောက်ကျော အမှုန့်၊ ခိုျချဉ်၊ အနံ့မှုန့်၊ အခိုျရည်၊ မုန့်စသည့်များ -----)၊ လက်ပတ်နာရီ၊ Cordless Phone ၊ MP-4 ၊ ဖုန်းဓာတ်ခဲ၊ ဖုန်း handset ၊ ဖုန်း Antenna ၊ Portable EVD ၊ TV Remote၊ Remote မိုျးစုံ၊ ဆိုလာပြား၊ မျက်နှာကျက်မီး၊ မီးချောင်းကွေး၊ နံရံကပ်မီး၊ မီးဆိုင်း၊ အိပ်ဇော ပန်ကာ၊ အင်ဂျင်ဝိုင် Gun ၊ Wheel Spanner ၊ ကား cleaner ၊ အင်ဂျင် cleaner ၊ Oil Seal ၊ ချိန်းဂွ၊ ကားကြီးရှေ့မီးခွက်၊ ကားပန်ကာ၊ လေပိုက်ခေါင်း၊ ကားအလွိင်းဂွေ၊ ခြင်ဆေးခွေ၊ အလှကုန်အမိုျးမိုျး (ရေမွှေး၊ မိတ်ကပ်၊ eyeshadow၊ ဆံပင်ဖြောင့်ဆေး၊ ဆံပင်ပေါင်းဆေး၊ ဆံပင် ဆိုးဆေး) အဝတ်အထည်၊ အထည်အလိပ်၊ ပိတ်လိပ်၊ ခန်းဆီးအနားစများကို အမှုတွဲ ၂၉ မှုခန့်မှန်း တန်ဖိုးကျပ် ၈၇ ဒသမ ၉၉၂ သန်းဖိုး ကို အကောက်ခွန်သို့ လုပ်ထုံး လုပ်နည်းနဲ့ အညီ အပ်နံှထားပြီး ဖြစ်တယ်လို့ သတင်း ရရှိပါ တယ်။

Source လရ-၁                                                                       MTN