Mobile Team ကို (၁၂) ဘီးယာဉ်ဖြင့် တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ ပိုင်ရှင်မှ လာရောက် ညှိနှိုင်းဖြတ်သန်းခွင့်တောင်းခဲ့

Tue, 05/14/2013 - 08:40 -- admin

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 02 း 23 PM

နိုင်ငံတော် အစိုးရက တာဝန် ပေးအပ် ထားမှု အရ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ် မှုတားဆီး ထိန်းခုျပ်ရေး အဖွဲ့ (Mobile Team ) များဟာ တရားမဝင် မှောင်ခို ကုန်သွယ်မှုများ ကို နည်းလမ်း မိုျးစုံနဲ့ ထိထိရောက်ရောက် စစ်ဆေးထိန်းခုျပ် ဆောင်ရွက်နေရာမှာ ပြည်သူ အများစုက တစ်ဖက် တစ်လမ်းမှ သတင်း ပေးကူညီ ပူးပေါင်း ဆောင်ရွက်နေကြပြီး (Mobile Team )ပျက်ဆီးရာ ပျက်ဆီးကြောင်း မိမိကိုယ်ကိုျး စီးပွား ထိခိုက်ပြီး မမှန်မကန် မလုပ်ရတဲ့ အတွက် မကျေနပ်သ ဖြင့် တိုင်ကြတောကြ တာလည်း ရှိရာ တခိုျ့ ကုန်သည်များကလည်း နည်းမိုျးစုံနဲ့ စည်းရုံး သိမ်းသွင်း ဖြားယောင်းပြီး တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများမှာ အသုံးချနိုင်ဖို့ ဆောင်ရွက် နေကြတယ်လို့ ကြားသိနေပါတယ်။ (Mobile Team) အဖွဲ့အဖြစ် အသွင်ယူ အယောင်ဆောင်ပြီး ငွေကြေး တောင်းခံနေတဲ့ အဖွဲ့အစည်းများ လည်းရှိရာ တာဝန်ရှိသူများမှ သတင်းရယူ စိစစ် ဖော်ထုတ် အရေးယူဆောင်ရွက်ခြင်းနဲ့ မိမိဝန်ထမ်း များကိုလည်း လမ်းမှားမရောက်စေဖို့ စည်းရုံး ကြပ်မတ်ပြီး ကြိုတင်ကာကွယ် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါ တယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

ဖြစ်စဉ်တစ်ခုမှာ (Mobile Team ) အဖွဲ့(၁)မှ မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ နောင်ခိုျမြို့ အေးရှားဝေါလ် တိုးဂိတ်အနီး ယာယီ အခြေပြုပြီး တရားမဝင် ပစ္စည်း သယ်ဆောင်မ ှုများကို စစ်ဆေး ဆောင်ရွက်စဉ် ၆-၃-၂ဝ၁၃ ရက်နေ့ ဝ၁၄ဝ အချိန်မှာ -------ဆိုသူမှ ၎င်းရဲ့ ယာဉ် အမှတ်၊ --- (၁၂) ဘီးယာဉ်မှာ ယခင် မူးယစ် ဂိတ်ဟောင်း၊ မိုင်တိုင် အမှတ် (၈ဝ/၅)တွင် တရားဝင် တင်သွင်းခွင့် ပြုတဲ့ စာရွက်စာတမ်း အထောက် အထားများ မပါရှိဘဲ မုန့်ဖာများနဲ့ စားသောက် ကုန်ပစ္စည်းများ ယာဉ်(၁)စီးလုံး အပြည့် တင်ဆောင် ထားသဖြင့် ရပ်တန့်ထားခဲ့ရာ (Mobile Team) အဖွဲ့နဲ့ညှိနှိုင်းပြီး ယာဉ်ဖြတ်သန်း လိုကြောင်း၊ တာဝန်ရှိသူများ အားလာ ရောက်တွေ့ဆုံပြောကြားလာပါတယ်။

——— ဆိုသူရဲ့ လာရောက် ညှိနှိုင်းမှုကို အဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူးမှ (Mobile Team) အဖွဲ့ဝင် အကောက်ခွန် ဦးစီးဌာနနဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ ခေါင်းဆောင်များကို အသိပေး သတင်းချပြပြီ းနောက် ပစ္စည်း ပိုင်ရှင်ကို ယာဉ်အား မောင်းနှင် ဝင်ရောက်လာရန် ပြန်လည် ဖြေကြားခဲ့တဲ့ အတွက် ယာဉ်အမှတ်——(၁၂)ဘီး ယာဉ်ဟာ ၆-၃-၂ဝ၁၃ ရက်နေ့ ၁၃း၅၅ နာရီတွင် ယာယီအခြေပြု စစ်ဆေးတဲ့ နေရာသို့ ဝင်ရောက် လာရာ တရားဝင် တင်သွင်းခွင့်ပြု ထားတဲ့ စာရွက်စာတမ်း အထောက်အထားများ မပါရှိဘဲ တရားမဝင် တင်သွင်းလာ သော မုန့်ဖာ၊ ခြင်ဆေးခွေ၊ မရွေး အပါအဝင် ယာဉ်(၁)စီးလုံး အပြည့်တင်ဆောင် လာကြောင်း၊ စစ်ဆေး တွေ့ရှိရတဲ့ အတွက် သိမ်းဆည်း အရေးယူ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။

၎င်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ပစ္စည်းပိုင်ရှင်မှ (Mobile Team) အား ငွေကြေး လာဘ်လာဘနဲ့လာ ရောက်မြူဆွယ် စည်းရုံးသိမ်းသွင်းခဲ့သလို (Mobile Team) အဖွဲ့မှလည်း မိမိရဲ့ရည်မှန်းချက် လုပ်ငန်းတာဝန် များ အောင်မြင်ရေး အတွက် ပစ္စည်းပိုင်ရှင်အား ပြန်လည် အယုံသွင်း ဆောင်ရွက်ခဲ့မှု ကြောင့် ငါးစာနဲ့ တူတဲ ငွေကြေး အကိုျးအမြတ်ကို သာကြည့်ပြီး ငါးမျှားချိတ်ကိုမမြင်တော့ပဲ ကုန်သည် အနေနဲ့ စဉ်းစား ဆင်ခြင်မှု ကင်းမဲ့စွာ ပိုင်ပြီထင်ပြီး တရားမဝင် ပစ္စည်းများ တင်ဆောင်ထားတဲ့ ယာဉ်အား ဝင်ရောက်လာခဲ့တဲ့ အတွက် သိမ်းဆည်း အရေးယူ ခံလိုက်ရခြင်း ဖြစ်ရာ ငါးမျှားချိတ်မှာ တန်းလန်းကြီး မိနေတဲ့ ငါးတစ်ကောင်ကဲ့သို့ မြင်ယောင် မိလိုက်ပါတော့တယ်။

                                                                                                                                                               ရွှေမြိုင်သား