Canter ယာဉ် (၄) စီးပေါ်မှ သိမ်းဆည်းရမိ တရုတ်ခရမ်းချဉ်သီးများကို လေလံတင်ရောင်းချ

Thu, 12/11/2014 - 13:50 -- dccaadmin

 

နောင်ချိုမြို့Asia World တိုးဂိတ်အနီး အခြေပြုတဲ့ Mobile Team လရ-၁ အဖွဲ့သည် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ စဉ် ဒီဇင်ဘာလ ၄ ရက်တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ Canter ယာဉ်အမှတ်IE/xxxx  နဲ့ 5F/xxxxယာဉ် (၂) စီးပေါ်မှ(1x10 kg) နဲ့ (1x13 kg) ပါ တရုတ်ခရမ်းချဉ်သီးခြင်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း Canter ယာဉ်အမှတ် 6H/xxxx နဲ့ 1H/xxxx ယာဉ်၂ စီးပေါ်မှထပ်မံ၍ ခရမ်းချဉ်သီးခြင်း ၁၃၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်(၄)စီးပေါ်မှ သိမ်းဆည်းရမိ တရုတ်နိုင်ငံထုတ် ခရမ်းချဉ်သီးခြင်းများမှာ ပုပ်သိုးပျက်စီးလွယ် ပစ္စည်းများဖြစ်သဖြင့် ကြမ်းခင်းဈေး သတ်မှတ်ပြီး လေလံတင်ရောင်းချခဲ့ရာ လေလံတင်ရောင်းချရငွေ ကျပ် ၁၂ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

                                                                                     DCCA  DCCA