“ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခြင်း

Fri, 03/01/2019 - 08:33 -- competition

ယှဉ်ပြိုင်မှုဥပဒေနှင့် ပတ်သက်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ မူကြမ်းပြင်ဆင်ရေးဆွဲခြင်းအပေါ် သိရှိနားလည်သဘောပေါက်စေရန်အတွက် “ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်ရှိ သဂ်ဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် သြစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (ACCC) မှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံအလိုက် ယှဉ်ပြိုင်မှုဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ ပြင်ဆင်ရေးဆွဲရာတွင် ကြုံတွေ့ရသည့် ချဉ်းကပ်ဆောင်ရွက်မှုများ၊ အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။