(၂၉)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခြင်း

Mon, 10/17/2022 - 04:57 -- competition

(၂၉)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး (ASEAN Experts Group on Competition-AEGC) နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးများသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသော ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများအပေါ် ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေ် ဆွေးနွေးညှိနှိုင်းရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

(၂၉)ကြိမ်မြောက် AEGC အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ဂျာမနီ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အမေရိကန်၊ ယူကေ၊ ကနေဒါနိုင်ငံတို့နှင့် GIZ ၊ OECD အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။