၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) သို့ ပါဝင်တက်ရောက်ခဲ့မှု

Tue, 04/04/2023 - 07:26 -- regionaldep

       ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိ Virtual စနစ်ဖြင့်ကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) သို့ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

       ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) ကို Virtual စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိ ကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာ နိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

     အဆိုပါအစည်းအဝေး၌ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင် ပြဋ္ဌာန်းချက် (Text) အပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားရပ်တည်ချက်များကို လည်းကောင်း၊ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်၏ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ဆွေးနွေးလျက်ရှိပါသည်။