၁၂ ဘီး ယာဉ်ပေါ်က တရားမဝင် အကောက်ခွန်မဲ့ ဆိုင်ကယ်သုံးစီး၊ အခြား ကုန်တင် ယာဉ်များပေါ်မှ Handset နဲ့ EVD စက်မျာ းရှာဖွေ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 09:09 -- admin

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 11 း 37 AM

မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းတွင် တာဝန်ယူ လျက်ရှိတဲ့ စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းခုျပ်ရေး အဖွဲ့ Mobile Team အဖွဲ့-၁ ဟာ မတ်လ ၁၇ ရက် ၁ဝး၄ဝ ချိန်မှ ၁၈ ရက် ၂၂း၃ဝ ချိန်ထိ အကောက်ခွန်မဲ့ ပစ္စည်းများ ရှာဖွေ စစ်ဆေး တားဆီးမှုကို လုပ်ဆောင် ရာမှာ ၁၂ ဘီးယာဉ် ၇ခ/xxxx ပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ ဆိုင်ကယ် သုံးစီးကို စစ်ဆေး တွေ့ရှိခဲ့ တယ်လို့ သတင်းရရှိပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

အခြား ၁၂ ဘီးယာဉ် ၆ခ/xxxx ပေါ်မှလည်း Handset (၁) ဖာ၊ န/xxxx ၆ ဘီးယာဉ်ပေါ်မှ Handset (၂) ဖာ၊ ၃င/ xxxx PE ယာဉ်ပေါ်မှ Handset (၂) ဖာနဲ့ ဖုန်းဆက်စပ်ပစ္စည်း (၃) ဖာ၊ ဘ/xxxx Hilux ယာဉ်ပေါ်မှ Radio (၃) ဖာ ကိုလည်း ရှာဖွေ တွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ဆေးတဲ့ မတ်လ ၁၇ ရက် ၁ဝး၄ဝ ချိန်မှ ၁၈ ရက် ၂၂း၃ဝ ချိန်ထိ ကာလ အတွင်းမှာ ယာဉ် ၁၂ စီး ပေါ်မှ Birdy Coffeemix ၊ အထည်မျိုးစုံ၊ Chain Saw၊ မော်တာကွိုင်၊ Drill Machine နဲ့အပိုပစ္စည်းများ၊ မုန့်ဖာ၊ ဖဲထုပ်တို့ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများကို အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ လားရှိုး အကောက်ခွန်သို့ စနစ် တကျ လွဲှပြောင်း အပ်နံှရေး ဆောင်ရွက် နေတယ်လို့ သတင်း ရရှိပါတယ်။

မတ်လ ၁၉ ရက်နေ့ ဝ၈း၄၅ မှ မတ်လ ၂ဝ ရက်နေ့ ဝ၂းဝဝ ထိ ကာလ အတွင်းမှာတော့ ၆ ဘီးယာဉ် (၂) စီး၊ ရတနာစိုးနဲ့ ဆန်းသစ် ခရီးသည်တင် ယာဉ်လိုင်းမှ မှန်လုံယာဉ် (၂) စီးနဲ့ Hilux ယာဉ် (၁) စီးပေါ်မှ တရား မဝင် အကောက်ခွန်မဲ့ ဘီယာ၊ Portable EVD (၁) ဖာ၊ ဆံပင်ညှပ် ကပ်ကြေး၊ ဆိုင်ကယ်ကျွတ် (၂) အိတ်နဲ့ ကြက်အူချောင်း (၅ဝ) ဖာကိုလည်း စစ်ဆေး တွေ့ရှိရပြီး Light Truck ယာဉ် ၈င/xxxx ပေါ်မှ ကုန်ကြေငြာလွှာ ထက် ပိုမို သယ်ဆောင် လာတဲ့ Calculators အရွယ်စုံ ၂ဝဝဝ ကျော် Handset ၊ Amplifire ၊ Codless Microphone ၊ ဆိုလာ Changer၊ Phone Battery ၂ဝဝ ခု ၊ Speaker ၁ဝ လုံး၊ Tablet Cover၊ USB၊ နားကြပ်၊ ကွန်ပျူတာသုံး ဆားကစ်ပြား၊ 3D မျက်မှန်နဲ့ ဇာတ်ကား ခွေ ၁ ဖာ၊ Memory ကတ်အခွံနဲ့ MP3 များကို စစ်ဆေး တွေ့ရှိ တားဆီး နိုင်ခဲ့တဲ့ အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက်ခွန် ဦးစီး ဌာနသို့ ပစ္စည်းများ စနစ်တကျ လွဲှပြောင်းနိုင်ရေး ဆောင်ရွက် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

 

Source လရ-၂                                                                          MTN