အိန္ဒိယသစ်သီးနှင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှု ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်

Sat, 10/08/2011 - 04:58 -- Anonymous (not verified)

ကမ္ဘာဒုတိယအများဆုံးသစ်သီးနဲ့ ဟင်းသီးဟင်းရွက်ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံက ၂၀၁၀-၂၀၁၁ မှာ တန်ချိန် ယခင်နှစ်ထက် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးမြှင့်ပြီး (213) သန်း ထုတ်လုပ်နိုင်ဖွယ် ရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ဒီလိုအထွက်နှုန်းတက် လာတာက စိုက်ဧရိယာတိုးလာတာကြောင့်ဖြစ်ကြောင်းသိရပါတယ်။ ၂၀၀၉-၂၀၁၀ မှာ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တန်ချိန် (၂၀၅ ဒသမ ၂၄) သန်း ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၀- ၂၀၁၁ မှာ စိုက်ဧရိယာ ၄ ရာခိုင်နှုန်းတိုးပြီး ဟက်တာ( ၁၄ ဒသမ ၈၄ သန်း) ရှိပါတယ်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုက ယခင်နှစ်ထက် ၃ ရာခိုင်နှုန်းတိုးပြီး တန်ချိန် (၁၃၇ ဒသမ ၆၈၁ ) သန်း ရှိကာ သစ်သီးထုတ်လုပ်မှုက ယခင်နှစ်ထက် ၆ ရာခိုင်နှုန်း တိုးပြီး တန်ချိန်( ၇၅ ဒသမ ၈၂) သန်းကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ အဓိက သစ်သီးနဲပ ဟင်းသီး ဟင်းရွက်ထုတ်လုပ်တဲ့ ဒေသတွေကတော့မဟာရာရှထရာ၊ အန်ဒရာပရာဒေ့ရှ် ၊ စုတာ ပရာဒေ့ရှ်၊ ကာနာတာက ၊ ဂူဂျာရတ်၊သြရိစ၊ဂျာမူနဲ့ ကတ်ချ်မီးယား၊ကာရာလာတို့ကြောင့်ဖြစ်ကြောင်း သတင်းရှိပါတယ်။

Source; Commodity online (KZW)