အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ အဆင့်မြင့်အရာရှိများ ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာသင်တန်း လာရောက်ပို့ချခြင်း

Mon, 06/03/2024 - 13:32 -- competition

               မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများ၊ အခြားယှဉ်ပြိုင်မှုနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ယှဉ်ပြိုင်မှု ဥပဒေဆိုင်ရာ ကျင့်သုံးဆောင်ရွက်နေမှုအခြေ အနေများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက် နိုင်စေရန်ရည်ရွယ်၍ အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ အဆင့်မြင့်အရာရှိများ လာရောက်ပို့ချသည့် ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာသင်တန်းကို ၃-၆-၂၀၂၄ ရက်နေ့မှ ၆-၆-၂၀၂၄ ရက်နေ့အထိ ရုံးအမှတ် (၃)၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ရုံး၊ နေပြည်တော်၌ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

              အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်၊ ဒေါက်တာသုတအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ ဥပဒေအကြံပေး Mr.Ved Prakash Mishra က မိတ်ဆက်အမှာစကားပြောကြားခဲ့ပါသည်။

              အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ အဆင့်မြင့်အရာရှိ(၃)ဦး လာရောက်ပို့ချလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ ဝန်ကြီးဌာနဥပဒေအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှဝန်ထမ်းများအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများမှ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းသား ၂၅ ဦး ပါဝင်တက်ရောက်လျက်ရှိပါသည်။