အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူညီချက်ဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

Thu, 02/08/2024 - 08:32 -- regionaldep

  အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသသဘောတူညီချက်ဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် ကနေဒါနိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်(၂) ဦး ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

    အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့အကြား လူပုဂ္ဂိုလ်များ ယာယီရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအခန်း၊ ဝန်ဆောင်မှုကုန်သွယ်ရေး/ နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာအခန်း၊ စီမံဆောင်ရွက်ချက်များ၏ တိုးတက် မှုနှင့်အုပ်ချုပ်မှုဆိုင် ရာပြဋ္ဌာန်းချက်/ ပြည်တွင်းလုပ်ထုံးလုပ်နည်းများ၊ ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဝန်ဆောင်မှုများ၏ ပြဋ္ဌာန်းချက်နှင့် လုပ်ငန်းအစီအစဉ်တို့နှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးခဲ့ကြပြီး နောက်တစ်ကြိမ်ကျင်းပမည့် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားရန် အစည်းအဝေးက သဘောတူခဲ့ပါသည်။