အရည်အသွေး မမီတဲ့ ဓါတ်မြေသြဇာများ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 08:55 -- admin

ဗုဒ္ဓဟူးနေ့  ၂၀ မတ်လ  ၂၀၁၃  10 း 30 AM

တောင်သူ လယ်သမားများ သုံးစွဲလျက် ရှိတဲ့ စိုက်ပျိုးရေး သွင်းအားစု ဓါတ်မြေသြဇာ (၁၅) မျိုးနဲ့ ပိုးသတ် ဆေး (၈) မျိုးအား ကျဘမ်း စနစ်နဲ့ ရွေးချယ် စစ်ဆေးမှုကို မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်း (ယာယီ) ဟာ ဓါတ်မြေသြဇာ တင်သွင်း ရောင်းချသူများ အသင်းနဲ့ ပူးပေါင်းပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဆောင်ရွက်ခဲ့ ပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

အဓိက စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြတဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း ဒေသကြီးများရှိ တောင်သူ အများစု အသုံးပြု နေကြတဲ့ ဓါတ်မြေသြဇာ အများစုဟာ တရုတ်နဲ့ ထိုင်းနိုင်င ံထုတ် ဓါတ်မြေသြဇာ များပဲ ဖြစ်ကြပါတယ်။ အသုံးများတဲ့ တံဆိပ်တွေ ကတော့ တရုတ် နိုင်ငံလုပ် ဘုံကျောင်း၊ သံကွင်းများ ဖြစ်ကြပါတယ်။ တောင်သူတွေ အနေနဲ့ ကလည်း ယခင်က ၁ အိတ်ဘဲ သုံးရတဲ့ ပမာဏမှ ယခု အခါ နှစ်အိတ် ထိ တိုးအသုံးပြု ရတာတောင် အထွက်နှုန်း တိုးမလာဘဲ ကျနေတဲ့ အတွက် သူတို့ အသုံးပြု နေရတဲ့ ဓါတ်မြေသြဇာတွေ အရည် အသွေးမမီဘူး ဆိုတာကို သိနေကြပါတယ်။

ကျဘမ်း စနစ်နဲ့ ရွေးချယ် စစ်ဆေး ခဲ့တဲ့ ဓါတ်မြေသြဇာ (၁၅) မျိုးနဲ့ ပိုးသတ်ဆေး (၈) မျိုးကို ဖော်ပြပေးလိုက် ရပါတယ်-

ဓါတ်မြေသြဇာများ

၁။ Three Circles, GTSP

၂။ Panda (တရုတ်တံဆိပ်)

၃။ Golden Crop

၄။ Compound Fertilizer

၅။ Comet Natural Calcium Sulphate

၆။ Comet (ရွက်ဖြန်းဓါတ်မြေသြဇာ)

၇။ အာမို (၂) (ရွက်ဖြန်းဓါတ်မြေသြဇာအမှုန့်)

၈။ Hyper Bloom

၉။ Grow More

၁ဝ။ Mamigro (soluable folian)

၁၁။ Comet Plus (ရွက်ဖြန်းဓါတ်မြေသြဇာအမှုန့်၊ အဝါရောင်)

၁၂။ Super N

၁၃။ SUNRAY (ဇီဝအော်ဂဲနစ်ကွန်ပေါင်းဓါတ်မြေသြဇာ)

၁၄။ (M) Cal One Gypsum (အော်ဂဲနစ်ဂျစ်ဆမ်မြေသြဇာအမှုန့်)

၁၅။ Urea ပုလဲ

ပိုးသတ်ဆေးများ

၁။ Awba Force 10 EC

၂။ ရွှေဆန်းဖော့စ်

၃။ ရှောင်လင် ၂.၅ EC

၄။ ဆိုင်ရင် ၂ဝ နဃ EC (Awba)

၅။ M Thiocarb

၆။ M မာလာမြိုင်ဆိုက်ပါ (Cypermethrin 10 EC)

၇။ ရွှေနီဝင်း - ကာဗင်ဒါဇင် ပင်လုံးပြန့်မှိုသတ်ဆေး

၈။ (M) chlorocyper 50 SEC

ဓါတ်မြေသြဇာ (၇) မိုျးဖြစ်တဲ့ Gold Crop၊ Hyper Bloon၊ Mamigro၊ Cormet Plus၊ Super N၊ SUNRAY နဲ့ (M) Cal One တို့ သတ်မှတ် ထားတဲ့ အခိုျးအစား အတိုင်း မပါဝင်ကြောင်း၊ ဓါတ်မြေသြဇာ Super N မှာ Biuret ၃ ရာခိုင်နှုန်း ပါဝင်နေတဲ့ အတွက် သီးနံှ အဆိပ်သင့် နိုင်ကြောင်း စစ်ဆေး တွေ့ရှိကြောင်းကို မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း (ယာယီ) မှ မတ်လ ၈ ရက် ရက်စွဲပါစာနဲ့ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တို့ထံ ပေးပို့ အကြောင်းကြား ထားတယ်လို့ သတင်းရရှိပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမား ယာယီ အသင်းမှ တာဝန်ရှိ သူကလည်း အကိုျးမရှိလျှင် သုံးစွဲရန် မသင့်ကြောင်း သက်ဆိုင်ရာ ဌာနမှ တရားဝင် ကြေငြာပေးဖို့ လိုအပ်တယ်။ ဓါတ်မြေသြဇာမှာ နိုက်တြိုဂျင်၊ အမိုးနီးယား၊ နိုက်တြိတ်ရယ်လို့ နိုက်တြိုဂျင် ဓါတ်ပေါင်းများ ပါဝင် သော်လည်း အခိုျးအဆ မှန်ကန်မှုရှိ မရှိ စစ်ဆေးပြီး တောင်သူများ သိအောင် လုပ်ပေးဖို့ လိုတယ်။ မိမိတို့ အသင်း အနေနဲ့ ကတော့ စိုက်ပိုျးရေးဌာန၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်း ပေါင်းစပ်ပြီး အရည်အသွေး မမီတဲ့၊ သတ်မှတ် သက်တမ်း ကုန်နေတဲ့၊ အခိုျးအစား မမှန်တဲ့ ဓါတ်မြေသြဇာ တွေ၊ ပိုးသတ်ဆေး တွေကို စနစ်တကျ ဓါတ်ခွဲခန်း များမှာ စစ်ဆေး ဖော်ထုတ် ကြေညာခြင်း၊ သတ်မှတ် စံချိန်စံညွှန်း မမီဘဲ တင်သွင်း လာသူ၊ ရောင်းချ နေသူများ ကို မည်ကဲ့သို့ အရေးယူ သွားမယ် ဆိုတာကိုလည်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်နေပြီလို့ ပြောကြား ကြောင်း သတင်း ရရှိပါတယ်။

Source နကသ (ဦး) မူဝါဒ                                                                                                         MIRT (DOBT)